နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

လားရှိုးမြို့အနီးရှိ တအာင်းတပ်(TNLA)စခန်းကို စစ်တပ်က လေကြောင်းဖြင့် ၁၅လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးက တအာင်းတပ်မတော်(TNLA)စခန်းကို စစ်တပ်က လေကြောင်းနဲ့ (၁၅) လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ TNLA တပ်စခန်းကို ဇူလိုင်လ ၂၇ရက်နေ့ မနက် (၁၀) နာရီခွဲဝန်းကျင်မှာ စစ်တပ်က Mi-35 တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အီနိုင်း (နတ်စင်ကုန်း) အနီးတစ်ဝိုက်ကို စစ်တပ်က Mi-35 တိုက်ရဟတ်ယာဉ်နှစ်စီးနဲ့ ဗုံး (၁၅) လုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်သား (၅) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ လားရှိုးမြို့ပေါ်မှာ မိနစ်အနည်းငယ်ပျံဝဲပြီးနောက် ၅မိနစ်အကြာမှာ အခုလို TNLA စခန်းကို လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဒေသခံပြည်သူ နေအိမ် (၁) လုံး ပျက်စီးခဲ့တယ်လို့ သိရပြီး ဇူလိုင်လ (၂၆) ရက်နေ့ကလည်း လားရှိုးမြို့နယ်ရှိ ခေနင်းနဲ့ နာယာမအကြား ပြည်ထောင်စုလမ်းပေါ်မှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 6 Views
ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ ကန့်ဘလူရှိ ပလဖအချုပ်စခန်းတစ်ခုမှာ အချုပ်သူအချို့ကို မုဒိန်းကျင့်တဲ့ဖြစ်စဉ်က
မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အရေးယူဖို့ NUG တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို အရေးယူပေးဖို့ NUG က မနေ့က ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့
မြန်မာသတင်း

ထိုင်းက ဖမ်းဝရမ်းထုတ်တဲ့အပေါ် ဘာပြစ်မှုကျူးလွန်ထားလို့လဲဆိုပြီး စောချစ်သူ ပြန်မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ထိုင်းနိုင်ငံက ဖမ်းဝရမ်ူထုတ်တဲ့ကိစ္စအပေါ် ဘာပြစ်မှုကျူးလွန်ထားတာ ရှိလို့လဲဆိုပြီး BGF ခေါင်းဆောင် စောချစ်သူက မနေ့က မြဝတီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ထိုင်းနိုင်ငံကို ကျနော် ဘာများ ပြစ်မှုကျူးလွန်တာရှိသလဲ၊ ထိုင်းနိုင်ငံကို
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁၀) ဖွင့်လှစ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့ကစပြီး စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တွေက သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၀)ကို ဖွင့်လှစ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၀)ကို စစ်ကောင်စီက နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက သင်တန်းကျောင်းတွေမှာ ဖွင့်ပွဲပြုလုပ်ပြီး
မြန်မာသတင်း

ရွှေဘိုမှာ ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ရွှေဘို ကံကြီးတောရွာက ဘုန်းတော်ကြီး ဖာသာ ရ်မာတင်ဒေါ်နယ် သတ်ဖြတ်ခံရတဲ့အပေါ် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ(၆)နာရီအချိန်က ကံကြီးတောရွာ
မြန်မာသတင်း

ကျားဖြန့်လုပ်တဲ့ ပြည်ပနိုင်ငံသားတွေ ပြန်ပို့ဖို့ (၃)နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က မြဝတီမြို့မှာ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့နိုင်ဖို့ မြန်မာ-တရုတ်-ထိုင်းတို့ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ပြည်ထဲရေးဒုဝန်ကြီးနဲ့အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီးအဖွဲ့နဲ့
မြန်မာသတင်း

တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 8 Views
တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်တိုက်ခိုက်ခဲ့ ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာအချို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်ခွန်းရွာနဲ့
မြန်မာသတင်း

စစ်တပ်ထဲမဝင်ရင် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က ပဲခူးရိုးမထဲရှိ စစ်ကောင်စီရဲ့ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်က တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ထံက သိရပါတယ်။ “ အခုအလင်းဝင်လာတဲ့သူက ရခိုင် ပုဏ္ဏားကျွန်းကနေ ရန်ကုန်ကို