ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး အခုအခါမှတော့ ရိုးမားအသင်းမှာ ပြောင်းရွှေ့ကစားရတော့မှာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နွေရာသီစျေးကွက်အတွင်း လူကာကူကိုရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဆော်ဒီကလပ် အဲလ်ဟီလေအသင်းရဲ့ ကမ်းလှမ်းကမ်းလှမ်းမှုကို လူကာကူက ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကလည်း ကမ်းလှမ်းခဲ့ပေမယ့် အဲဒီကမ်းလှမ်းမှုကိုလည်း လူကာကူက ငြင်းပယ်ခဲ့ပြန်ပါတယ်။
ဂျူဗင်တပ်အသင်းရဲ့ကမ်းလှမ်းမှု မတိုင်မီ အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၂၃ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာတော့ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှုမရခဲ့ဘဲ အခုနောက်ဆုံး ရိုးမားအသင်းမှာ တစ်နှစ်ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပြီး ရိုးမားအသင်းမှာတော့ ချဲလ်ဆီးနဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြန်လည်ဆုံဆည်းရတော့မှာဖြစ်ပါတယ်။
Era’sEye\SportNews