နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်ကော်တက္ကသိုလ်က Non-CDM ဝန်ထမ်း ၁၉၃ ဦးကို ပြည်နှင်ဒဏ်ပေး၊ ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅) ဦးနဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့အညီအရေးယူမယ်လို့ K-IEC ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅)ဦးနဲ့ မိသားစုဝင်တွေကို တရားစီရင်ရေးဌာနထံ လွှဲပြောင်းပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(K-IEC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာခဲ့တဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို “ Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တာမရှိတဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း (၁၉၃)ဦးကို စစ်ကောင်စီရဲ့ယန္တရားတွေမှာ မပါဝင်ဖို့၊ ကျောင်း/ရုံးနဲ့လည်း အဆက်အသွယ်မလုပ်ဖို့နဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ စတဲ့ ကတိခံဝန်ချက်မှာ လက်မှတ်ရေးထိုးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် (၁၉၃)ဦးကို ကရင်နီပြည်နယ် ပြင်ပသို့ နိုဝင်ဘာလ (၂၈)ရက်မှာ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်တယ်လို့ K-IEC က ပြောဆိုထားပါတယ်။

ဒါ့ပြင် မတရားအသင်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိကြတဲ့ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ ဝန်ထမ်း (၅)ဦး အပါအဝင် မိသားစုဝင်တွေကို ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ် အမှုဖွင့်ပြီး သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ အရေးယူသွားမယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ တပ်မိသားစုဝင် (၃)ဦးကိုလည်း စစ်ဖက်ဆိုင်ရာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာစစ်ခုံရုံးကို လွှဲပြောင်းကာ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

အခုထက်ပိုပြီး စစ်ရေးအရှိန်မြင့်လာမယ့်အတွက်ကြောင့် စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား၊ ရဲဝန်ထမ်းနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအားလုံး ပြည်သူနဲ့ တသားတည်းရပ်တည်ကာ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 21 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 19 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 18 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 15 Views
ဇန်နဝါရီလ (၁၉)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက
မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 40 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာနိုင်ပါ့မလားဆိုတာကို ဒီအပတ်တနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ည မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာခေတ်မျက်လုံးရဲ့
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 36 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။ “ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 33 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 34 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ