နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်နေခြင်းကို နိုင်ငံတကာက မသိကျိုးကျွန်န်ပြုနေဆဲဟု NUG ကျန်းမာရေးဝန်ကြီးဌာန ဝေဖန်ပစ်တင်

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ/ဆေးခန်းများအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှာ တစ်နေ့ တခြား ပိုမိုဆိုးရွားလာနေမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံးတားဆီးအရေးယူရန်အကြိမ်ကြိမ် အသိပေးတိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး၍ မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ (၂၈) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကုသပေးနေသည့် ဆေးရုံ၊ဆေးခန်းများအပေါ် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ကို ယခုဧပြီလအတွင်း ရည်ရွယ်ချက်ထား၍ အရှိန်တိုးမြှင့်ကျူးလွန်နေကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။


စစ်ကောင်စီက ထိုကဲ့သို့ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်း ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံး တားဆီးအရေးယူရန် မိမိတို့အနေဖြင့် အကြိမ်ကြိမ် အသိပေးတိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး၍ မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်ကြောင်းထုတ်ပြန်သည်။


ဧပြီအတွင်း ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များမှာ ဧပြီ (၂) ရက်နေ့က ထီးချိုင့် ညောင်ပင်သာ တိုက်နယ်၊ ဧပြီ (၅) ရက်နေ့က ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံ၊ ဧပြီ (၇) ရက်နေ့က ကယား-ရှမ်းနယ်စပ်ရှိ အရေးပေါ် ကယ်ဆယ်ရေး ဆေးအဖွဲ့ နေရာ၊ ဧပြီ (၁၈) ရက်နေ့က မြိုင်မြို့နယ် မကျည်းကန် ပြည်သူ့ဆေးရုံ၊ ဧပြီ (၂၅) ရက်နေ့က ရှမ်းတောင် ဖယ်ခုံမြို့နယ် ဆောင်းဖွေး ပြည်သူ့ဆေးရုံတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။


ထို့အပြင် မတ်လ (၂၄) ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့်အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့်တိုင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ နှင့်လက်တွဲ၍ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားပါသည်။


Era’sEyes/ (စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MoH.NUG)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 8 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 13 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့