နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ယူကရိန်းသို့ တင့်ကားများ ပေးပို့ရန် ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ပြစ်တင်ရှုတ်ချ

ရုရှား၏ ကျူးကျော်မှုကို တိုက်ဖျက်ရန် ယူကရိန်းအား ခေတ်မီစစ်တင့်ကားများ ထောက်ပံ့ပေးရန် အမေရိကန်၏ ဆုံးဖြတ် ချက်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး မော်စကိုကို ဖျက်ဆီးရန် ရည်ရွယ်သည့် ဆိုးရွားသော “proxy war” ကို အရှိန်မြှင့်နေသည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) ၏ ဩဇာကြီးမားသော ညီမဖြစ်သူ၏ မှတ်ချက်သည် မြောက်ကိုရီးယား၏ ကြီးထွားလာသော နျူကလီးယားလက်နက်နှင့် ဒုံးကျည် အစီအစဉ်အတွက် သူ့နိုင်ငံနှင့် အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များနှင့် ထိပ်တိုက်တွေ့နေချိန်၌ ယူကရိန်းစစ်ပွဲတွင် ရုရှားဖက်သို့ သူ၏ဘက်လိုက် ပြောကြားမှုသည် သူ့နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နက်ရှိုင်းသော ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့သည်။

ယူကရိန်း အကျပ်အတည်းအတွက် အမေရိကန်ကို မြောက်ကိုရီးယားက အပြစ်တင်ခဲ့ပြီး အနောက်အုပ်စု၏ “ဗိုလ်ကျစိုးမိုးရေးပေါ်လစီ” ကြောင့် ရုရှားသည် ၎င်း၏လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန် စစ်ရေးအရ အရေးယူရခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ တောင်ကိုးရီးယားနှင့် အမေရိကန်ကို ပစ်မှတ်ထားနိုင်သည့် နျူကလီးယားလက်နက်များ အပါ အဝင် ၎င်း၏ ကိုယ်ပိုင်လက်နက်များ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် စစ်ပွဲကို ဖန်တီးပြီး အာရုံလွှဲမှုကိုလည်း အသုံးပြုလုပ်ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းတွင် ဒုံးကျည် ၇၀ ကျော်ကို စမ်းသပ်ပစ်ခတ်ခဲ့သည်။

အမေရိကန်သမတဘိုင်ဒင် အစိုးရသည် ယူကရိန်းနိုင်ငံသို့ ၎င်း၏ ပင်မတင့်ကားများ စေလွှတ်ခြင်းဖြင့် သတိပေး အနီရောင်မျဉ်းကို ဖြတ်ကျော်နေပြီး ထိုဆုံးဖြတ်ချက်သည် သူ၏ ဗိုလ်ကျစိုးမိုးရေးရည်မှန်းချက်ကို ဖော်ပြသော ယုတ်မာသော ရည် ရွယ်ချက်ကိုထင်ဟပ်နေပြီး ရုရှားနိုင်ငံကို ဖျက်ဆီးရန်အတွက် ပရောက်စီစစ်ပွဲကို ချဲ့ထွင်ခြင်းဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။

“အမေရိကန်သည် ရုရှား၏ မဟာဗျူဟာလုံခြုံရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည့် မဟာရာဇဝတ်ကောင်ဖြစ်ပြီး ဒေသတွင်း အခြေအနေအား လက်ရှိ သင်္ချိုင်းအဆင့်သို့ တွန်းပို့သည်” ဟု သူမက ပြောကြားခဲ့သည်။ “အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ စစ်လက်နက်ပစ္စည်းတွေကို မခံချင်စိတ်နဲ့ ရုရှားစစ်တပ်နဲ့ ပြည်သူတွေရဲ့ သူရဲကောင်းဆန်တဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အပိုင်းပိုင်း မီးလောင်သွားမှာကို သံသယ မရှိပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

သူမက “ရုရှားနဲ့ အတူတူ မြောက်ကိုရီးယားတွေ ကတုတ်ကျင်းတခုထဲထဲမှာ အတူရပ်တည်မယ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေး နယ်မြေနှစ်ခုဖြစ်သည့် Donetsk နှင့် Luhansk တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသည့် ရုရှားနှင့် ဆီးရီးယားမှလွဲ၍ တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး ဆိုင်ရာ ကြိုးပမ်းမှုများတွင် ကူညီရန်အတွက် အလုပ်သမားစေလွှတ်မည့် အစီအစဉ်ကိုလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။

Source: အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 65 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 67 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော