နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်နက်ကိုင် မဟာမိတ် ၈ ဖွဲ့ က တော်လှန်ရေးအတွက် ခိုင်မာတဲ့ တပ်ပေါင်းစုတရပ် ဖွဲ့စည်းသင့်ကြောင်း တိုက်တွန်း

တော်လှန်ရေးအောင်ပွဲရရှိရေးအတွက် နိုင်ငံရေး၊ စစ်ရေးအရ ခိုင်မာညီညွတ်မှုရှိတဲ့ တပ်ပေါင်းစုတရပ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ကြဖို့ ​နွေဦး​တော်လှန်​ရေးနဲ့အတူ ​​ပေါက်ဖွားလာ​တဲ့ လက်နက်ကိုင် (၈) ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့များ အကြားအလေးစားယုံကြည်မှု၊ သဘောထားကြီးမှု၊ ရိုးသားမှုများကို သန္ဓေတည်၍ ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း ၎င်းတို့က လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတပ်တော်-PRA (မ​ကွေး) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ မတ်လ (၂၈) ရက်မှာ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာလိုက်တာပါ။

အဲဒီတော်လှန်ရေးလက်နက်ကိုင် (၈) ဖွဲ့တွေကတော့ PRA-Magway၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေး အင်အားစု (အနောက်ပိုင်းဒေသ) နဲ့ CDF (Asho) တို့ ဖြစ်ကြပါတယ်။

နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်သူ့ဘဏ္ဍာငွေနဲ့ စနစ်တကျတည်ဆောက်ခဲ့သော ဖက်ဆစ်စစ်တပ်ကို လူမျိုးစုတစ်ခုအလိုက်၊ တစ်စုတစ်ဖွဲ့အလိုက် ရင်ဆိုင်တိုက်ခိုက်ရန်မှာ မလွယ်ကူသော ကိစ္စဖြစ်ပြီး ထိုသို့ လူမျိုးစုတစ်ခုအလိုက်၊ အစုအဖွဲ့အလိုက်ဖြင့် သီးခြားတော်လှန်နေခြင်းဖြင့် အောင်ပွဲရရန် ဝေးနေဦးမယ်လို့ အထက်ပါ လက်နက်ကိုင်မဟာမိတ် (၈) ဖွဲ့က ယုံကြည်တယ်လို့ ဖော်ပြထားတာပါ။
အထက်ပါပူးတွဲထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ထောက်ခံလိုက်ပြီး တော်လှန် ရေးအင်အားစုများ အကြား နည်းလမ်းပေါင်းစုံ ညှိနှိုင်းဆောင်ရွက်နေကာ တိုးတက်မှုများလည်းရှိတယ်ဟု မှတ်ချက်ပြုထားတယ်။
ထို့အပြင် စစ်ရေးကဏ္ဍတွင်လည်း အမိန့်ပေးကွပ်ကဲမှု စနစ်မှစ၍ တစ်ခုထဲကနေ စီးဆင်းသည်မျိုးလိုအပ်ပြီးနိုင်ငံရေးကဏ္ဍတွင်လည်း ခိုင်မာအားကောင်းမှန်ကန်သည့်ဘုံ ရပ်တည်ချက်ရှိနေဖို့ လိုအပ်သောကြောင့် တပ်ပေါင်းစုဖွဲ့စည်းဖို့ဖြစ်နိုင်တယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို