နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှစ်နှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ဖက်ဒရယ်ဒီမိုကရေစီ ပြဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများ အားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုဆို

အချိန်ကာလ နှစ်နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး/ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌက ပြောကြားပါသည်။

ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို KNDF အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတိုက်ပွဲပေါင်း ကာလတစ်လျှောက် လက်နက်ကြီး/ငယ်၊ ၆၀၀ ကျေ ာ်သိမ်းဆည်းရမိခဲ့တယ်။ စခန်းငယ်ပေါင်း (၁၀) ခု သိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တပ်ရင်းများ စီမံမှု၊ လက်နက်ထုတ်လုပ်ဝယ်ယူမှုတွေကလည်း တိုးတက်လာတယ်။တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုပြီးတိုးတက်လာပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

ထို့အပြင် လာမည့်ရေရှည်တိုက်ပွဲအတွက်လည်း စစ်ကောင်စီ၏ အားနည်းချက်နှင့် မိမိအားသာချက်ကို သိရှိပြီး ပြင်ဆင်ပါက ပိုမိုအောင်မြင်နိုင်လိမ့်မည် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

အလားတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး တိုက်ပွဲများအတွင်း အသက်ပေးခဲ့သည့် ကရင်နီတပ်တပ်ဖွဲ့ဝင် (၁၅၃) ဦး ရှိခဲ့တယ်လို့ သိရပါသည်။

ကရင်နီတပ်မတော် (KA) ၏ ဦးဆောင်မှုကို အသိအမှတ်ပြု အလေးထားရန်နှင့် KNDF အပါအဝင် ကရင်နီနယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ယခုထက် ပိုမိုအားကောင်းရန်နှင့် စစ်ကောင်စီ၏ သွေးခွဲမှုကို သတိပြုရန် KNDF ဥက္ကဋ္ဌက တိုက်တွန်းထားပါသည်။

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြဋ္ဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများအားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

“ကရင်နီအစိုးရဟာ မြေပြင်အစိုးရ ဖြစ်တဲ့အတွက် ကရင်နီဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အားကောင်းတဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်မှုကို ရရှိတော့မှာ ဖြစ်တယ်။ ဒါဟာ စစ်ရေးသာမက နိုင်ငံရေး အောင်မြင်မှုဖြစ်တယ်” ဟု KNDF ဥက္ကဋ္ဌက ရှင်းပြပါသည်။

လက်ရှိ ကရင်နီ(ကယား) ပြည်နယ်၌ စစ်ကောင်စီက တပ်မသုံးခု အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

Era’sEye/ (ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)/REF:PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို