နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှစ်နှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ဖက်ဒရယ်ဒီမိုကရေစီ ပြဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများ အားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုဆို

အချိန်ကာလ နှစ်နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး/ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌက ပြောကြားပါသည်။

ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ နှစ်နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို KNDF အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတိုက်ပွဲပေါင်း ကာလတစ်လျှောက် လက်နက်ကြီး/ငယ်၊ ၆၀၀ ကျေ ာ်သိမ်းဆည်းရမိခဲ့တယ်။ စခန်းငယ်ပေါင်း (၁၀) ခု သိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တပ်ရင်းများ စီမံမှု၊ လက်နက်ထုတ်လုပ်ဝယ်ယူမှုတွေကလည်း တိုးတက်လာတယ်။တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုပြီးတိုးတက်လာပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

ထို့အပြင် လာမည့်ရေရှည်တိုက်ပွဲအတွက်လည်း စစ်ကောင်စီ၏ အားနည်းချက်နှင့် မိမိအားသာချက်ကို သိရှိပြီး ပြင်ဆင်ပါက ပိုမိုအောင်မြင်နိုင်လိမ့်မည် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

အလားတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး တိုက်ပွဲများအတွင်း အသက်ပေးခဲ့သည့် ကရင်နီတပ်တပ်ဖွဲ့ဝင် (၁၅၃) ဦး ရှိခဲ့တယ်လို့ သိရပါသည်။

ကရင်နီတပ်မတော် (KA) ၏ ဦးဆောင်မှုကို အသိအမှတ်ပြု အလေးထားရန်နှင့် KNDF အပါအဝင် ကရင်နီနယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ယခုထက် ပိုမိုအားကောင်းရန်နှင့် စစ်ကောင်စီ၏ သွေးခွဲမှုကို သတိပြုရန် KNDF ဥက္ကဋ္ဌက တိုက်တွန်းထားပါသည်။

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြဋ္ဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများအားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

“ ကရင်နီအစိုးရဟာ မြေပြင်အစိုးရ ဖြစ်တဲ့အတွက် ကရင်နီဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အားကောင်းတဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်မှုကို ရရှိတော့မှာ ဖြစ်တယ်။ ဒါဟာ စစ်ရေးသာမက နိုင်ငံရေး အောင်မြင်မှုဖြစ်တယ်” ဟု KNDF ဥက္ကဋ္ဌက ရှင်းပြပါသည်။

လက်ရှိ ကရင်နီ(ကယား) ပြည်နယ်၌ စစ်ကောင်စီက တပ်မသုံးခု အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

Era’sEye/ (ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)/REF:PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 8 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 14 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 9 Views
ဇူလိုင်လ (၁၆)ရက်။ ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့
မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 16 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube ချန်နယ်ကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့်နေတဲ့အစီအစ်အရ ပင်တိုင်ဆွေး‌နွေးသူများဖြစ်ကြတဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာ
မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 12 Views
၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း တွေ့ဆုံရန် ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 41 Views
ဇူလိုင်လ (၁၅)ရက်။ ‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့
မြန်မာသတင်း

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၂၃)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 36 Views
ဇူလိုင်လ (၁၅)ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက (၂၃)ဖွဲ့ထက်မနည်းကို အာရက္ခတပ်တော်(AA)က ထောက်ပံ့ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့လလက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး (၂၃)ဖွဲ့ကို AA က
မြန်မာသတင်း

ညောင်လေးပင်ခရိုင်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀၀)ကျော်သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 36 Views
ဇူလိုင်လ (၁၅)ရက်။ အခုနှစ်ဝက်ထဲ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၀၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ KNU ဘက်က တိုင်းပြည်နဲ့ လူမျိုးအတွက် (၄၄)ဦး