နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

လားရှိုးနဲ့ သိန္နီကြားက မိုင်းပါးတပ်စခန်းကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် စခန်းလုံးကျွတ်ထွက်ပြေး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်၊ ခေတ်မျက်လုံး။

လားရှိုးနဲ့ သိန္နီကြားက စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်(TNLA)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” အနေနဲ့ တအာင်းပြည်နယ်၊ တပ်မဟာ(၄) စစ်ဒေသ လားရှိုးနဲ့ သိန္နီမြို့ကြားရှိ မိုင်းပါးတပ်စခန်းကို TNLA က အောက်တိုဘာလ (၃၀) ရက်နေ့ ညပိုင်းကစပြီး ထိုးစစ်ဆင်ချဉ်းကပ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို ဒီကနေ့ အောက်တိုဘာလ (၃၁)ရက် နံနက် (၄) နာရီအချိန်က သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်က ညသန်းခေါင်ကျော်အချိန်မှာ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့ပြင် ကျောက်မဲမြို့ဘက်မှာလည်း စစ်ကောင်စီဘက်က (၁၂၀/၁၀၅) ဟောင်ဝစ်ဇာအမြောက်နဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ပန်စံကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ဒေါပုံမြို့မရဲစခန်းမှာ အချုပ်သား (၄)ဦး ထွက်ပြေးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီအချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မြို့မရဲစခန်းက အချုပ်သားအချို့ အချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တပတ်တာ တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ ‌အခုတပတ်တာထဲ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို (၁၈)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂ဝ)ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က (၄)ဦးကျဆုံးခဲ့ပြီး (၁၈)ဦး
မြန်မာသတင်း

မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ငွေကျပ် (၇)ဘီလီယံကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မန္တလေး ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မယ်ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းခဲ့ရာကနေ အမျိုးသား (၂)ဦးကို
မြန်မာသတင်း

CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝမကူညီနိုင်တာတွေကို နားလည်ပေးဖို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉)ရက်။ CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝ မကူညီနိုင်ခဲ့တာတွေကို နားလည်ပေးဖို့ NUG ယာယီငမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ (၄)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူတရပ်လုံးကို မေတ္တာရပ်ခံလိုတာကတော့
1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့
မြန်မာသတင်း

စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ အာဏာရှင်တော်လှန်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ လူစည်ကားတဲ့ ဈေးတစ်ခုမှာ စစ်အာဏာရှင်တေယ်လှန်တဲ့ လှုပ်ရှားမှုတရပ်ကို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ “ စစ်အာဏာရှင်ကို တော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူ ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ”
မြန်မာသတင်း

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၈)ရက်။ မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က NLD အဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလပဉ္စမအကြိမ် အစည်းအဝေးကို