နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ICJ မှာ တောင်အာဖရိကနိုင်ငံက တရားစွဲဆို

+++++++++++++++++++++

ဂါဇာပဋိပက္ခ သုံးလနီးပါးကြာမြင့်လာခဲ့ပြီးနောက်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တောင်အာဖရိကနိုင်ငံက တရားလိုလုပ် တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲဆိုမှုမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ တောင်အာဖရိကနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက ဖော်ပြပြီး ဦးတိုက်လျှောက်ထားခဲ့တာပါ။

ကမ္ဘာ့တရားရုံးလို့ ခေါ်တွင်တဲ့ ICJ ဟာ နိုင်ငံများကြား အငြင်းပွါးမှုကို စီရင်ဆုံးဖြတ်ပေးတဲ့ ကုလသမဂ္ဂအရပ်ဖက်တရားရုံးဖြစ်ပြီး စစ်ရာဇဝတ်မှုတွေအတွက် လူတစ်ဦးချင်းစီကို တရားစွဲဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC နဲ့ မတူကွဲပြားခြားနားပါတယ်။

တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ဂါဇာမှာ အစ္စရေးတို့ထင်တိုင်ကြဲနေတဲ့ လုပ်ရပ်ဟာ 1994 ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ အဆုံးသတ်ခဲ့တဲ့ အသားအရောင်ခွဲခြားဆက်ဆံမှုနဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။ အလားတူ လူ့အခွင့်အရေးအဖွဲအစည်းတွေကလည်း အစ္စရေးရဲ့ မူဝါဒတွေဟာ အသားအရောင်ခွဲခြားမှုအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်စေတယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးဟာ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုကြောင့် ဂါဇာထဲက အရပ်သား 2 သောင်းကျော်အသက်သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူ​တွေအိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အစ္စရေးရဲ့ လုပ်ရပ်အပေါ် ဝေဖန်ရှုတ်ချပြီး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြပေမယ့် အစ္စရေးကတော့ သူတို့ လိုချင်တဲ့ ဟားမက်စ်ခေါင်းဆောင်တွေကို မရမချင်း အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အလားတူ အစ္စရေးဟာ နိုင်ငံတကာခုံရုံး ICJ မှာ တောင်အာဖရိကရဲ့ တရားစွဲဆိုမှုကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိတဲ့စွပ်စွဲချက်လို့ ဆိုကာ ဒါဟာ အသရေဖျက်မှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ တိုင်ကြားမှုဟာ ဖြစ်ရပ်မှန် ကွဲပြားခြားနားနေပြီး တရားရုံးကို စက်စုပ်ရွံ့ရှာဖို့ကောင်းပြီး မထီမဲ့မြင်ပြုတဲ့ပုံစံနဲ့ အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီယာဟိုင်ယက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ ရေးသားတုံ့ပြန်သွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို