နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယူကရိန်းမြို့တွေ လေကြောင်းမှ အကြီးအကျယ်တိုက်ခိုက်ခံရ

ယူကရိန်းနိုင်ငံကို ရုရှားစစ်တပ်က ကျူးကျော်စစ်ဆင်နွှဲနေတဲ့ကာလတစ်လျှောက် အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် ဒီဇင်ဘာလ 29 ရက် သောကြာနေ့ နံနက်မှာ ကိယက်၊ အိုဒီဆာ၊ ဒီနီပရို၊ ခါကိဗ်နဲ့ အဲလ်ဗစ်မြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား 31 ဦး သေဆုံးခဲ့ပြီး 160 ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော် ကိယက်မှာ အဆောက်အဦတွေထိမှန်ခဲ့တာကြောင့် လူပေါင်းများစွာဟာ မြေအောက်ရထားဘူတာရုံထဲ သွားရောက် ပုန်းအောင်းခဲ့ရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုဖြစ်စဉ်ကို ထောက်ပြပြီး အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုမရေမရာဖြစ်နေချိန်မှာ ကရင်မလင်နဲ့အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးမှုမလုပ်သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ရုရှားရဲ့ပစ်ခတ်ခိုက်မှုနဲ့ပတ်သက်ပြီး ကိယက်မြို့သူ မာရီယာက ပေါက်ကွဲမှုကို နံနက် 7 နာရီခွဲအချိန်မှာ စတင်ကြားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “ အရမ်းကြောက်စရာကောင်းတဲ့ မြင်ကွင်းပါ။ ဒုံးကျည်တွေက နေရာတိုင်းမှာ ပျံသန်းနေပြီး နေရာတိုင်းက တုန်ခါနေပါတယ်။ ဘာလုပ်ရမှန်းမသိတာနဲ့ ရေချိုးခန်းထဲ သွားပုန်းနေရတယ်”လို့ ပြောပြသွားခဲ့တာပါ။

ယူကရိန်းအာဏာပိုင်တွေရဲ့ ပြောပြချက်အရ ဒုံးကျည်ရန်ကို ရှောင်ပုန်းရင်း ဂိုထောင်ထဲမှာ လူတစ်ဦး ပိတ်မိသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ခါကိဗ်၊ ဇာပိုရီဇီယာနဲ့ အိုဒီဆာဆိပ်ကမ်းမြို့တွေမှာ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အဆီးတွေကြား ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ခဲ့ကြရပါတယ်။

ရုရှားရဲ့ဒုံးကျည်တွေဟာ လူနေအဆောက်အဦပေါင်းများစွာကို ပစ်မှတ်ထားခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြားဒဏ်ရာရရှိခဲ့ကြတာပါ။ အဲဒီတိုက်ခိုက်မှုမှာ ယူကရိန်းလေတပ်က ပစ်မှတ် 158 ခုမှာ ခရုဇ်ဒုံးကျည် 87 စင်းနဲ့ ဒရုန်း 27 ခုကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းစစ်ဘက်ဆိုင်ရာအကြီးအကဲကတော့ ရုရှားတွေဟာ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအဆောက်အဦတွေ၊စက်ရုံတွေ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းမှာ လျှပ်စစ်အားပျက်တောက်မှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရုရှားစစ်ဘက်ကတော့ တိုက်ခိုက်မှုအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပေမယ့် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို