နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

YP စက်သုံးဆီဆိုင် မြေနေရာတွေကို စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနက ပြန်သိမ်းဆည်း၊ NLD အစိုးရလက်ထက်တွင် ချပေးခဲ့သည့် မြေနေရာများကို ပြန်လည်သိမ်းယူခြင်းဖြစ်

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တဲ့ စည်ပင်မြေပေါ်က Yangon Petro စက်သုံးဆီဆိုင်နေရာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနက ဇန်နဝါရီ (၃၀) မှာ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း နဲ့ ဒလမြို့နယ်တွေထဲက နှစ် ၆၀ မြေငှားဂရန် စာချုပ်ပါ မြေနေရာတွေကို စည်ပင်က အခုလို ပြန်လည်ပယ်ဖျက်လိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မရမ်းကုန်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက မြေနေရာ ၂ ခုကိုလည်း ရုပ်သိမ်းတယ်လို့ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက်မှာ ၂၀၁၈ ခုနှစ်တုန်းက YP အမည်နဲ့စက်သုံးစီ အရောင်းဆိုင် (၂၆) ဆိုင် ဖွင့်လှစ်ဖို့ အတွက်ကို အဲဒီအချိန်က တာဝန်ယူထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ကုမ္ပဏီဘက်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

အဆိုပြုတဲ့မြေတွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့မီးရထားနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့၏ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ မြေနေရာတွေဖြစ်တယ်လို့သိရပါတယ်။

Photo – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 11 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 6 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတိုင်ခင်ရွာအနီး ကင်းလှည့်ထွက်လာတဲ့ စခတွေ၊ ရဲတွေနဲ့ စစ်မှုထမ်းခိုင်းဖို့
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 10 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို
မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 18 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 15 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု