ကမ္ဘာကျော် လူသုံးကုန်ပစ္စည်းရောင်းချရေး ဗြိတိန် ကုမ္ပဏီ Mark & Spencer နဲ့ ဂျပန်ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ Uniqlo တို့က မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီလို့ သိရပါတယ်။
အဝတ်အထည်၊ အစားအသောက် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ကမ္ဘာကျော် ဗြိတိန် ကုမ္ပဏီ Mark & Spencer က စစ်အာဏာသိမ်းပြီး နောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မနှစ်က တည်းက မြန်မာနိုင်ငံက ထွက်ခွာမည်ဟု ကြေညာခဲ့ပြီး အခု ၂၀၂၃ ခုနှစ် မတ်လအမှာ အပြီးသတ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဂျပန် အဝတ်အထည် ဖက်ရှင်ကုမ္ပဏီ Uniqlo ကလည်း မြန်မာနိုင်ငံရှိ Uniqlo အထည်ချုပ်စက်ရုံများ၊ အဝတ်အထည် ချုပ် လုပ်မှုများ အပါအဝင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။