နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှစ်သစ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းလာဖို့ ဆောင်ရွက်သွားမယ်လို့ CRPH ပြော

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။

၂၀၂၄ခုနှစ် နှစ်သစ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ပြည်သူတွေအားလုံးဆန္ဒနဲ့အညီ ပေါ်ထွန်းလာဖို့ စိတ်ဆန္ဒပြု အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့ CRPH ရဲ့ နှစ်သစ်ကူးနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ သန္နိဌာန်ပြု ပြောဆိုထားချက်အရ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၂၄ နှစ်သစ်ဟာ စစ်အာဏာရှင်တို့ရဲ့ နေဝင်ချိန်ဖြစ်ပြီး မြန်မာပြည်သူလူထုတို့အတွက် အေးချမ်းသာယာတဲ့ နေ့သစ်တွေ ဖြစ်ကြဖို့ကိုလည်း ထပ်လောင်းဆန္ဒပြု ပြောဆိုထားပါတယ်။

နှစ်သစ်မှာလည်း စစ်အာဏာရှင်တွေ အမြန်ဆုံးအဆုံးသတ်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အကူအညီတွေ တိုးမြှင့်ပေးဖို့ CRPH က တောင်းဆိုထားပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ခုခံတွန်းလှန်စစ်တွေ ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ CDM သူရဲကောင်းတွေ၊ ကျောင်းသားလူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို များစွာ ကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရည်မှန်းချက်တွေ အောင်မြင်နိုင်ဖို့အတွက် ရည်ရွယ်ချက်တူညီတဲ့ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေနဲ့ အခုထက်ပိုမိုတဲ့ စုစည်းညီညွတ်မှု၊ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုတွေကို အခိုင်အမာတည်ဆောက်ပြီး ဆက်လက်လက်တွဲ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 18 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 31 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ မြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်နဲ့ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို PDF
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 40 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 50 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို