နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

ဂျပန်

ဂျပန်

နှစ်သစ်မှာ အင်အားပြင်း ငလျင်၊ ဆူနာမီသတိပေးချက်တွေနဲ့ ရင်ဆိုင်ရတဲ့ ဂျပန်နိုင်ငံ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ တိုကျို။

ဒီနေ့ ဂျပန်နှစ်သစ်ကူးနေ့မှာ ဂျပန်နိုင်ငံရဲ့ ဂျပန်ပင်လယ်ဘက်ခြမ်းထဲကိုထွက်နေတဲ့ အီရှီကာဝါစီရင်စုမှာရှိတဲ့ နိုတိုကျွန်းဆွယ်ကို ဗဟိုပြုပြီး မက်ဂနီကျူ ပြင်းအား ၇.၆ အဆင့် (ဂျပန်ပြင်းအားယူနစ် ၇) ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်သွားပါတယ်။ ငလျင်လှုပ်ခတ်မှုဟာ ပြင်းထန်လွန်းတဲ့အတွက် ရပ်နေလို့တောင်မရဘူးလို့ ငလျင်ဒဏ်ခံရတဲ့သူတွေကဆိုပါတယ်။

အဲ့ဒီငလျင်ကြောင့် ဆူနာမီလှိုင်းအန္တရာယ် သတိပေးချက်တွေ ဂျပန်နိုင်ငံအစိုးရပိုင်သတင်းဌာနနဲ့ ပုဂ္ဂလိကရုပ်မြင်သံကြားဌာနတွေကနေ တစ်နေကုန် ထုတ်လွှင့်နေပါတယ်။ နောက်ဆက်တွဲငလျင်တွေလည်း ဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ရုပ်မြင်သံကြားဌာနတွေကနေ အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးနေပါတယ်။

ဓာတ်ပုံထဲက အနီရောင် X သင်္ကေတနဲ့ပြထားတဲ့နေရာက ငလျင်ဗဟိုချက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအစိုးရပိုင် NHK သတင်းဌာနကလည်း သတင်းကြေညာသူကလည်း ပင်လယ်ကမ်းခြေမှာနေထိုင်သူတွေအနေနဲ့ ကုန်းမြင့်တဲ့အရပ်တွေကို ရွှေ့ပြောင်းကြဖို့ ပြင်းထန်တဲ့အသံနဲ့ သတိပေးချက်ကို လွှင့်ပေးနေတဲ့အတွက် လူမှုကွန်ရက်တော့ အဲ့ဒီလောက် အော်ဟစ်နေဖို့ မလိုပါဘူးဆိုတဲ့သူနဲ့ အဲ့လိုမအော်ရင် ၂၀၀၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှာ ဖြစ်သွားတဲ့ ဆူနာမီအန္တရာယ် သတိပေးချက်လို ဖြစ်သွားမှာဆိုပြီး ထောက်ခံတဲ့သူတွေလည်း ရှိနေပါတယ်။

ငလျင်ဗဟိုချက်နဲ့ ကပ်လျက်မှာရှိတဲ့ နီးဂါတာနဲ့ တိုယာမာ စီရင်စုတွေမှာလည်း လှိုင်းအမြင့် ၃ မီတာအထိရှိနိုင်တဲ့ဆူနာမီသတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

‘’ဆူနာမီသတိပေးချက်’’ ထုတ်ပြန်ထားတဲ့နေရာတွေကို ပြထားတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်အလွန် လှုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် ‘’ဆူနာမီသတိပေးချက်’’ နဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ခရမ်းရောင်၊ အနီရောင်နဲ့ အဝါရောင် အဆင့်သုံးဆင့်ခွဲထားပြီး ။ ခရမ်းရောင်က ၃ မီတာအထက်ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့သတိပေးချက် ဖြစ်ပါတယ်။ အနီရောင်ကတော့ ၃ မီတာအထိရှိနိုင်တဲ့ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့သတိပေးချက် ဖြစ်ပြီး အဝါရောင်ကတော့ ၁ မီတာနီးပါးရှိနိုင်မယ့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးချက်ဖြစ်ပါတယ်။

နီးဂါတာစီရင်စုရဲ့ ဂျပန်ပင်လယ်ဘက်မှာရှိတဲ့ ကာရှီဝါဇာကီ ကာရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံ (Kashiwazaki-Kariwa Nuclear Power Plant) မှာတော့ ထူးခြားတဲ့အခြေအနေ မရှိသေးဘူးလို့ ဂျပန်အနုမြူထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (Nuclear Regulation Authority: NRA) က လူမှုကွန်ရက်စာမျက်နှာ X မှာ ရေးသားထားပါတယ်။ လက်ရှိအချိန်မှာ ကာရှီဝါဇာကီ ကာရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံဟာ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ လုပ်ငန်းပြန်လည် လည်ပတ်ခွင့်ပြုထားတဲ့ စက်ရုံဖြစ်ပါတယ်။

အီရှီကာဝါစီရင်စု ရှီဂါမြို့မှာရှိတဲ့ ဟိုကူရီကူလျှပ်စစ်စွမ်းအင်ကုမ္ပဏီရဲ့ ရှီဂါနျူကလီးယားဓာတ်အားပေးစက်ရုံမှာတော့ ငလျင်ကြောင့် ပြင်ပမှလျှပ်စစ်ဓာတ်အားရယူတဲ့စနစ်ရဲ့ တစိတ်တပိုင်းက ငလျင်လှုပ်ပြီးနောက် အသုံးပြုလို့မရတော့ဘဲ ပြင်ပမှလျှပ်စစ်ဓာတ်အားရရှိတဲ့စနစ်တွေ ပြတ်တောက်သွားပါတယ်လို့ သိရပြီး စက်ပစ္စည်းများအတွက် ပါဝါအား အခြားစနစ်တွေကတစ်ဆင့် လုံခြုံအောင်ပြုလုပ်ထားပြီး နျူကလီးယားလောင်စာတွေကို သိုလှောင်ထားသည့် လောင်စာချောင်းတွေကို ဆက်လက်အအေးပေးထားတယ်လို့ ဆိုပါတယ်။

ရှီဂါနျူကလီးယားဓာတ်အားပေးစက်ရုံမှာ Unit 1 နဲ့ 2 နှစ်ခုစလုံးဟာ အချိန်အတော်ကြာ ပြတ်တောက်သွားခဲ့ပြီး ဂျပန်အနုမြူထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ငလျင်လှုပ်ခတ်ပြီးနောက် Unit 2 မှာ အသုံးပြုတဲ့ ထရန်စဖော်မာကို ပြင်ပက လျှပ်စစ်ဓာတ်အားရရှိရန် အစားထိုးလဲလှယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိမှာ ငလျင်ကြောင့် အဆောက်အအုံ ၆ ခုပြိုလဲသွားပြီး အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်ဆိုတာရယ်၊ အပျက်အစီးတွေရဲ့ အချက်အလက်ကို စုဆောင်းနေဆဲလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှိမာစာ ဟာရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငလျင်ကြောင့် အီရှီကာဝါစီရင်စုထဲက နေအိမ် ၃၂,၅၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်နေပြီး ရေနဲ့ဓာတ်ငွေ့နဲ့ပတ်သက်ပြီး ပြတ်တောက်မှုရှိမရှိ အချက်အလက်မရှိသေးဘူးလို့ သူက ဆိုပါတယ်။

အီရှီကာဝါ စီရင်စု ဝါဂျီမာမြို့မှာ အဆောက်အအုံတချို့ မီးလောင်မှု ဖြစ်ပွားနေပါတယ်။ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေပေမယ့် ရေအလုံအလောက်မရှိတာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပြီး ဒေသခံတွေကတော့ မီးပြင်းလာမှာကို စိတ်ပူပန်နေကြတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း အာရှ

လကမ္ဘာပေါ်ကို ဂျပန်နိုင်ငံရဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 189 Views
SLIM လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon အာကာသယာဉ်ဟာ ဇန်နဝါရီလ 19
Japan News ဂျပန် နိုင်ငံတကာသတင်း

ငလျင်ဘေးသင့်ပြီးတစ်ပတ်အကြာ ဂျပန်နိုင်ငံရဲ့အခြေအနေ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 121 Views
ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ကြီးမားတဲ့ငလျင်ကြီး လှုပ်ခတ်ပြီးတစ်ပတ်ကြာတဲ့အထိ ထောင်နဲ့ချီတဲ့ ဒေသခံ​တွေဟာ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုရင်ဆိုင်နေကြရသလို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ ဘယ်အချိန်စမလဲဆိုတာကိုလည်း မသိကြရသေးပါဘူး။
ဂျပန် နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံက အင်အားပြင်းငလျင် လှုပ်ခတ်မှုမြင်ကွင်း

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 166 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုနဲ့ အနီးပတ်ဝန်းကျင် စီရင်စုတွေမှာ အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် အီရှီကာဝါစီရင်စုမှာ သေဆုံးသူအရေအတွက်မှာ ၄၈
Japan News ဂျပန်

ဂျပန်နိုင်ငံ ဟာနေဒါလေဆိပ်မှာ ဂျပန်လေကြောင်းလိုင်းနှင့် ဂျပန်ကမ်းခြစောင့်တပ်လေယာဉ်နှစ်စီးတိုက်မိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 126 Views
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်၊ တိုကျို။ ဂျပန်နိုင်ငံ ဟာနေဒါလေဆိပ်တွင် ဂျပန်ရုပ်မြင်သံကြားကင်မရာမှ ဗီဒီယိုဖိုင်တွင် လေဆိပ်ပြေးလမ်းအနီးတွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့မြင်နေရသည်။ တိုကျိုမီးသတ်ဌာန၏ အဆိုအရ ဇန်နဝါရီလ (၂) ရက်နေ့ ဒေသစံတော်ချိန်ညနေ
ဂျပန်

ဂျပန်နိုင်ငံ ကိုကုရစ်ကုဒေသ အီရှီကာဝါစီရင်စုတွင် ပြင်းထန်သည့်ငလျင်လှုပ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 125 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်။ ဇန်နဝါရီလ (၁) ရက်နေ့ ဂျပန်စံတော်ချိန် ၁၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အီရှီကာဝါစီရင်စုအပါအဝင် ကိုကုရစ်ကုဒေသတွင် ပြင်းထန်သည့်ငလျင်လှုပ်ခတ်ခဲ့ပါသည်။ ဂျပန်ငလျင်တိုင်းတာမှုယူနှစ်မှာ ပြင်းအား ၇ ဖြစ်ပါတယ်။
Japan News ဂျပန် နိုင်ငံတကာသတင်း

ဂျပန်မှာ ငါးတွေ အများအပြား သေဆုံးပြီး ကမ်းခြေမှာ လာရောက်သောင်တင်

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 233 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်၊ တိုကျို။ ဂျပန်နိုင်ငံ၌ မကြာသေးမီရက်များအတွင်းက ‌သေဆုံးနေသော ငါးသေတ္တာ(ဆာဒင်း) ငါးများနှင့် မက်ကရယ်ငါးများ ဂျပန့်မြောက်ဘက်စွန်းရှိ ဟိုကိုင်းဒိုး ဟာကိုးဒါတေကမ်းခြေတွင် မျောပါသောင်တင်လာခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ဟောင်ကောင်သတင်းစာ South China