နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကလေးတက္ကသိုလ်ထဲ စစ်ကောင်စီက တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့၊ အခုနေရာမှာ ဘေးကင်းလုံခြုံနေတာကြောင့် စိတ်မပူကြဖို့ တက္ကသိုလ်ပါမောက္ခချုပ်ပြော

မတ်လ (၁)ရက်။

ကလေးတက္ကသိုလ်ထဲ စစ်ကောင်စီဟာ တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေပြုလုပ်ခဲ့တယ်လို့ NUG ကထုတ်ပြန်တဲ့ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းရဲ့ ရုပ်သံဖိုင်နဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ကျနော်စတင်ရောက်ရှိချိန်ကစပြီး တပ်ဖွဲ့တစ်ဖွဲ့ စွဲထားတာရှိပါတယ်။ အဲ့ဒီတပ်ဖွဲ့ဟာ ကျောင်းရဲ့ လုံခြုံရေး၊ ရှေ့ကမျက်နှာစာမှာရှိတဲ့ ဂိတ်မကြီးလုံခြုံရေးနဲ့ သူတို့ ရံဖန်ရံခါမှာ လက်နက်ကြီးတပ်ဆင်ပြီးတော့ ပစ်ကူပေးနေတာ လုပ်ရတဲ့တာဝန်ကို တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။

ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းဟာ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာ ဟားခါးတက္ကသိုလ်ကနေ ပြောင်းရွှေ့လာတာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက် (၄)နာရီကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ နံနက်(၇)နာရီအထိ ပြင်းထန်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိလာကာ ဘေးကင်းရာထွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ အဆောက်အဦးတွေကနေ စွန့်ခွာဖို့ စဉ်းစားနေတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာပြီး အဆောင်တွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ဝန်ထမ်းတွေ အားလုံးကို ခေါ်ဆောင်ပြီး ဘေးကင်းရာထွက်ဖို့ ညွှန်ကြားတဲ့အတွက် ထွက်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ အပြင်ဘက် ကျည်မကျတဲ့နေရာတွေမှာ စုစည်းပြီး ခေါ်ဆောင်သွားပါတယ်” လို့ ၎င်းက ထည့်သွင်းပြောဆိုထားပါတယ်။

အခုရောက်ရှိနေတဲ့နေရာမှာ Non-CDM ဝန်ထမ်းအားလုံး ဘေးကင်းလုံခြုံစွာနဲ့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက စားရေးသောက်ရေး အားလုံးစီစဉ်ပေးကာ စိတ်မပူကြဖို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဒီကနေ့ နံနက်ပိုင်းကစပြီး ကျောင်းသူအချို့ကို ပြန်လည်ပို့ဆောင်ပေးနေတာကြောင့် ကျန်သူများလဲ မကြာမီကာလမှာ ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 13 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 67 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 19 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 23 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ
မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း ဧပြီလ (၁၀)ရက်။ တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး
မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 35 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက အင်အား
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 26 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖက်ပင်အိုင်ရွာကို ဧပြီလ (၁)ရက်ကနေ (၄)ရက်နေ့အထိ စစ်အုပ်စုနဲ့ ပျူစောထီးတို့ဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 31 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ