နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြစ်မှုများကြောင့် ထရန့်မီဒီယာရဲ့ အစုရှယ်ယာစျေးနှုန်းများကျဆင်း

ပြစ်မှုများကြောင့် ထရန့်မီဒီယာရဲ့ အစုရှယ်ယာစျေးနှုန်းများကျဆင်း

+++++++++++

2016 ရွေးကောက်ပွဲမတိုင်ခင်က ညစ်ညမ်းမယ်တစ်ဦးထံ ငွေပေးချေမှုကို ဖုံးကွယ်ဖို့အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ စာရွက်စာတမ်းအတုတွေပြုလုပ်ခဲ့တယ်လို့ တရားသူကြီးတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ Trump Media & Technology Group ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ သောကြာနေ့က 9 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရပါတယ်။

တကယ်တော့ စတော့ရှယ်ယာတွေဟာ မြင့်တက်လာပြီး Reddit Discussion Forum ရဲ့ Wallstreetbet မှာ ထိပ်တန်းတစ်နေရာက ဦးဆောင်ကာ Trader တစ်ဦးချင်းစီရဲ့ ရင်းနှီးမြုပ်နှံမှုကလည်း မြင့်တက်နေတာကို ညွှန်ပြနေတာပါ။ Trump Media ရဲ့ ရှယ်ယာရှင်အများစုဟာ လက်လီရင်းနှီးမြုပ်နှံသူတွေဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဧပြီလ ၂၉ ရက်နေ့မှာ ပြောဆိုထားတာဖြစ်ပါတယ်။

စျေးကွက်ဗျူဟာပညာရှင်တစ်ဦးကတော့ သောကြာနေ့မှာ စတော့ရှယ်ယာစျေးနှုန်းတွေ မငြိမ်မသက်ဖြစ်ရတာဟာ အံ့အားသင့်စရာမဟုတ်ဘဲ ကုမ္ပဏီက အရှုံးနဲ့လည်ပတ်နေရတဲ့အတွက် အုတ်မြစ်မရှိတဲ့ စတော့ရှယ်ယာရင်းနှီးမြုပ်နှံမှုလို့ ခေါ်ဆိုကြောင်း ရှင်းပြခဲ့ပါတယ်။

Trump Media ကုမ္ပဏီရဲ့ အသားတင်တန်ဖိုးဟာ သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Truth Social လူမှုကွန်ယက်ပလက်​ဖောင်းနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီမှာ ဒေါ်နယ်ထရန့်က ဒေါ်လာ 5.7 ဘီလျံတန်ကြေးရှိတဲ့ ရှယ်ယာ 65 ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ ဧပြီလ 26 ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိတန်ဖိုးတွက်ချက်မှုအရ  Trump Media ရဲ့ တန်ဖိုးဟာ ဒေါ်လာ 9.2 ဘီလျံ ရှိပြီး 2023 ခုနှစ်က ဝင်ငွေ 4.1 သန်းထက် အဆ 2200 နဲ့ ညီမျှနေတယ်လို့ LSEG ဒေတာအချက်အလက်တွေအရ သိရပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုမိုအရေးယူဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 7 Views
ဇွန်လ (၂၃)ရက်။ အကြမ်းဖက်စစ်အုပ်စုကို အခုထက် ပိုမိုအရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ Mr. Robert S.
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ ဥရောပ

ယူကရိန်းအပေါ်ကျူးကျော်မှုကြောင့် ရုရှားသည် ပိုမိုအထီးကျန်ဖြစ်လာချိန်တွင် ပူတင်သည် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်လိုက်သည်။

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 6 Views
ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားက အမေရိကန် ဦးဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရပါသည်။ ဇွန်လ (၂၁) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏
နိုင်ငံတကာသတင်း အာရှ ဥရောပ

ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယား ရှုတ်ချ၊

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 5 Views
ယူကရိန်းသို့ တောင်ကိုရီးယားက လက်နက်များ ပေးပို့နေခြင်းသည် ကြီးမားသောအမှားဖြစ်ကြောင်း ပူတင်ပြော ဇွန်လ (၂၁) ရက်။ CNN သတင်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့မှာ “
နိုင်ငံတကာသတင်း အာရှ ဥရောပ

နေတိုးပုံစံ ကာကွယ်ရေးသဘောတူစာချုပ်နှင့် ပုံရိပ်မြှင့်တင်ခြင်းနှင့်အတူ မြောက်ကိုရီးယားခရီးစဉ်မှ ပူတင် ဘာတွေရရှိခဲ့ပါသလဲ။

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 9 Views
CNN သတင်း။ ဇွန်လ (၂၀) ရက်။ ရာစုနှစ်၏ လေးပုံတစ်ပုံနီးပါးအတွင်း ဗလာဒီမီယာပူတင်၏ ပထမဆုံးမြောက်ကိုရီးယားခရီးစဉ်ကို ကမ္ဘာတဝှမ်းမှ အလေးထား စောင့်ကြည့်ခဲ့ကြသည်။ အနောက်တိုင်းက သူ့ကိုစောင့်ကြည့်နေသည်ကို ရုရှားက သိနေပြီး ပူတင်သည် အလေးထားပုံ မရှိပါ။ ပူတင်သည်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင်အပူချိန် ၁၂၀ ဖာရင်ဟိုက်ထိရှိခြင်းကြောင့် ဟာ့ဂ်ျ ဘုရားဖူး ရာနဲ့ချီ သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
၂၀၂၄ခုနှစ် ဇွန်လ ၂၀ ရက်၊ ဒူဘိုင်း၊ ယူအေအီး CNN — ပြင်းထန်သောအပူချိန် ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီဖာရင်ဟိုက်) အထိရှိသည့်အတွက် မက္ကာသို့ နှစ်စဉ် မွတ်စလင် ဟာ့ဂျ် (Hajj) ဘုရားဖူးဝတ်ပြုနေစဉ်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဘက်တွေကို နိုင်ငံသားပေးမည်

  • 2024 ခုနှစ်၊ ဇွန်လ 19 ရက်
  • 10 Views
အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဘက်တွေကို နိုင်ငံသားပေးမည် ++++++++++++++++++ နယ်စပ်ကိစ္စတွေနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာ နိုင်ငံရေးကစားဖို့ ကျတော်စိတ်မဝင်စားဘူး၊ အဲဒီအခက်အခဲတွေကို ပြင်ဆင်သွားဖို့ပဲ စိတ်ဝင်စားပါတယ်” သမိုင်းဝင်ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဖြစ်စေဖို့အတွက် အမေရိကန်နိုင်ငံသားတွေနဲ့ လက်ထပ်ထားသူတိုင်းကို နိုင်ငံသားပေးမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါနေ့မှာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ လက်တင်အမေရိက အမေရိကန်

ရုရှားစစ်သင်္ဘောများ အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီးနောက် ကျူးဘားသို့ ဦးတည်နေ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 14 Views
++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ အသံထက်မြန်သည့် ဒုံးကျည်အသစ်များ ပါဝင်သည့် ရုရှားစစ်သင်္ဘောများသည် အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီး ကျူးဘားသို့သွားနေပါသည်။ ရုရှားစစ်သင်္ဘောများသည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့်ပတ်သက်ပြီး အနောက်အုပ်စုတို့နှင့် ရုရှားတို့ အကြား
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 12 Views
ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ +++++++++++++++++++ ရုရှားရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနဲ့ နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ဟာ ဗုဒ္ဓဟူးနေ့က ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာခဲ့ကြပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံကြား တင်းမာမှုတွေမရှိပေမယ့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်လာချိန်မှာ