နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

တအာင်းဒေသအတွင်း သတ္တုနှင့် မြေရှား တူးဖော်ခြင်းခွင့်မပြုကြောင်း TNLA ထုတ်ပြန်

ဇွန်လ (၁) ရက်။

တအာင်းဒေသအတွင်း မြေရှားသတ္တုတူးဖော်ခြင်း၊ သတ္တုလုပ်ငန်းနဲ့ အခြားပုဂ္ဂလိကလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မပြုတော့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မေလ (၃၁) ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရအဆက်ဆက် သက်ဆိုင်ရာ ဌာနအသီးသီးမှာ ခွင့်ပြုခဲ့တဲ့ ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာတွေကို အသိအမှတ်မပြုတော့ကြောင်း ဖော်ပြထားသည်။

ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းရန်နဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်လိုပါက ခွင့်ပြုချက်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်နေ့ မတိုင်မီ နောက်ဆုံးထား လျှောက်ထားဖို့လည်း ဖော်ပြထားပါတယ်။

သတ်မှတ်ထားတဲ့ကာလအတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မယ်ဆိုပါက လုပ်ငန်းတွေနဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အဆောက်အအုံ၊ ပစ္စည်းတွေကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းဆည်းပြီး အရေယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေရှားသတ္တုရှာဖွေတူးဖော်ခြင်းလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ရန်ခွင့်မပြုထားကြောင်းနဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA တဲ့တည်ဆဲဥပဒေတွေအရ အရေးယူသွားမှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပြီးတဲ့နောက် TNLA က နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်နေရာယူထားပါတယ်။

မြန်မာနိုင်ငံမှာ သံယံဇာတ ပေါများပေမယ့် လူတစ်စုရဲ့ လက်ထဲမှာပဲ ရောက်ရှိနေပြီး သံယံဇာတက ရရှိတဲ့ အကျိုးအမြတ်တွေကို ဒီနေ့အထိ နိုင်ငံသူ နိုင်ငံသားတွေ အဲ့ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဘာခံစားခွင့် မရှိဘူး၊ သာဓကအနေနဲ့ပြောမယ်ဆိုရင် ကရင်နီမှာ လောပီတကနေ လျှပ်စစ်ဓာတ်အားတွေထုတ်ပေမယ့် ကရင်နီပြည်နယ်ကတော့ လျှပ်စစ်မီး မလင်းဘဲ မှောင်နေတယ်။ အဲ့လိုပဲ ရခိုင်ပြည်နယ်မှာဆို သဘာဝဓာတ်ငွေ့တွေထွက်တယ် တရုတ်နဲ့ ယိုးဒယားကို ရောင်းစားတယ်။ အဲ့ဒီ အကျိုးအမြတ်ကို ရခိုင်ပြည်သူတွေ ဘာမှမခံစားရဘဲ ဖွံ့ဖြိုးမှုအနည်းဆုံး အဆင်းရဲဆုံး ပြည်နယ်အထိ ဒီနေ့ထိ ရပ်တည်နေရတယ်။ အဲ့ဒီတော့ အခုလို TNLA လိုမျိုး မြေရှားသတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ဖို့ ခွင့်မပြုဘူးဆိုတာကို ကြိုဆိုရမှာ ဖြစ်ပြီး တူးဖော်မယ်ဆိုရင်လည်း တအောင်းပြည်သူတွေရဲ့ အကျိုးစီးပွားပေါ်မှာ အခြေခံပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရာခိုင်နှုန်း ဘယ်လောက်သုံးမလဲဆိုတာကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသနိုင်တဲ့ အမျှော်အမြင် ကြီးမားတဲ့ခေါင်းဆောင်တွေ လက်ထဲကို ပြည်နယ်တွေ ရောက်သွားမယ်ဆိုရင် အဲ့ဒီ ပြည်နယ်ဟာ အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးလာမှာပဲလို့ နိုင်ငံရေးသုတေသီတဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 23 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 33 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 33 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့