နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စိန်ဂေဟာ၊ Aeon၊ စီးတီးမတ်နဲ့ One Stop Mart အပါအ၀င် ဆန်လုပ်ငန်းရှင် (၅၈)ဦးကို ဆန်ဈေးတင်ရောင်းလို့ဆိုပြီး စစ်ကောင်စီအရေးယူ

ဇူလိုင်လ (၁)ရက်။

စိန်ဂေဟာ၊ Aeon၊ စီးတီးမတ်နဲ့ One Stop Mart တို့က တာ၀န်ရှိသူတွေကို ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အရေးယူထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Aeon ရဲ့ ဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi (ကာဆာမာဆု ဟီရိုရှီ) ကိုလည်း အရေးယူထားတဲ့အတွက် ဂျပန်နိုင်ငံ ရုပ်မြင်သံကြားသတင်းတွေကနေ ခေါင်းကြီးပိုင်းသတင်းအနေနဲ့ ဖော်ပြခဲ့ကြပြီး မိခင်ကုမ္ပဏီဖြစ်တဲ့ Aeon သူတို့ရဲ့ ဝန်ထမ်း အမြန်ဆိုး ပြန်လွတ်နိုင်အောင် စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်းမှုတွေမှာ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဈေး၀ယ်စင်တာနဲ့ စတိုးဆိုင်ကြီးတွေမှာ ဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်ဈေးထက် ဈေးတင်ရောင်းချနေတာကို သိရတဲ့အတွက်ဆိုပြီး နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်တွေက (၅၃)ဆိုင်ကို ၀င်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ လစဉ်ထုတ်ပြန်တဲ့ဈေးနှုန်းထက် (၂၀)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်းအထိ ဈေးတင်ရောင်းနေတဲ့ ဈေး၀ယ်စင်တာနဲ့ စတိုးဆိုင်တွေကို ဒဏ်ကြေးနဲ့ အခွန် ထပ်မံစည်းကြပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီထဲက စိန်ဂေဟာ၊ Aeon၊ စီးတီးမတ်နဲ့ One Stop Mart တို့က ဈေး၀ယ်စင်တာ (၂၂)ဆိုင်ဟာ သတ်မှတ်ဈေးနှုန်းထက် (၅၁)ရာခိုင်နှုန်းကနေ (၇၀)ရာခိုင်နှုန်းအထိ ပိုမိုရောင်းချခဲ့တာကြောင့် အရေးကြီးကုန်စည်နဲ့ ၀န်ဆောင်မှုဥပဒေပုဒ်မ (၅)အရ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သတ်မှတ်ဈေးနှုန်းထက် (၁၀)ရာခိုင်နှုန်းအထိ ပိုမိုရောင်းချတဲ့ ဆန်လုပ်ငန်းရှင်(၂၇)ဦး၊ (၁၁)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းအထိ ပိုမိုရောင်းချတဲ့ (၂၄)ဦးနဲ့ (၃၁)ရာခိုင်နှုန်းကနေ (၇၀)ရာခိုင်နှုန်းအထိ ပိုမိုရောင်းချတဲ့ (၇)ဦးတို့ကို‌လဲ အရေးယူသွားမယ်လို့ ပြောဆိုထားပါသေးတယ်။

အခုလို ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေဟာ ပြည်တွင်းစီးပွားရေးဈေးကွက်တည်ငြိမ်တာကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ထိရောက်စွာအရေးယူသွားမယ်လို့ သိရပြီး ထပ်မံစစ်ဆေးဖော်ထုတ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတာကြောင့် ပြည်တွင်းစီးပွားရေး ကျဆင်းလာခဲ့သလို ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းကလဲ ပိုမိုများပြားလာပေမယ့် စစ်ကောင်စီကတော့ ပြည်တွင်းစီးပွားရေး အကြပ်အတည်းကို အမိန့်ပေးထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို