နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။

တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့် သည် ကာမလာဟဲရစ် ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆက်လက်အရှိန်မြှင့်ကာ ဒုသမ္မတအား စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်းခံရရန် တောင်းဆိုထားသည်။

တနင်္ဂနွေနေ့က ပင်ဆယ်ဗေးနီးယားပြည်နယ်အီရီ (Erie) မြို့ တွင် ပြုလုပ်သည့် ၎င်း၏ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ထရမ့်က ဟဲရစ်အား သမ္မတအဖြစ် အရွေးခံရန် အရည်အချင်း မပြည့်မီဘဲ၊ ရာထူးမှ နုတ်ထွက်ပြီး အမြင့်ဆုံးအဆင့်တွင် စုံစမ်းစစ်ဆေး ခံရသင့်ကြောင်း ပြောကြားခဲ့သည်။

“ သူမဟာ အရည်အချင်း ပြည့်မီမှုမရှိ။ သူမအနေနဲ့ ဒုသမ္မတရာထူးက နုတ်ထွက်ပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့အိမ်ကို ပြန်သင့်တယ်” ဟု အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် “ တရားမဝင် ဝင်ရောက်နေသူများနှင့်ပတ်သက်ပြီး” ဟော‌ပြောနေစဥ် ထရန့်မှ အားပေးနေသော လူအုပ်ကြီးကို ပြောကြားခဲ့သည်။

ဘိုင်ဒင်-ဟဲရစ် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်နေချိန်တွင် ထရန့်သည် အခြေအမြစ်မရှိဘဲ ဒုသမ္မတအား စွပ်စွဲပြစ်တင်တရားဆွဲဆိုရန် တောင်းဆိုခဲ့သည်။

“သူမရဲ့လုပ်ရပ်အတွက် စွပ်စွဲပြစ်တင်မှုနဲ့ တရားစွဲသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထရန့် သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ဟီလာရီကလင်တန်တို့ အပါအဝင် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို တရားဥပဒေအရ အရေးယူရန် ခြိမ်းခြောက်ခဲ့သည့် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်။

ယခုအခါ ထရန့်သည်တရားရေးဆိုင်ရာ ပဋိပက္ခများနှင့် ရင်ဆိုင်ရချိန်တွင် သမ္မတဟောင်းက ၎င်း၏ ပြိုင်ဘက်အသစ် ဒုတိယသမ္မတ ဟဲရစ်အား အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချ သူများ သတ်ဖြတ်ခံရမှုကြောင့် သူမအစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ သူမကို အပြစ်တင် ရန် ကြိုးပမ်းနေပြီး သူသဘောမတူသည့် မူဝါဒများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ရန် ထပ်မံတောင်းဆိုခဲ့သည်။

ဟဲရစ်သည် သောကြာနေ့တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ သွားရောက်ခဲ့ပြီး သုံးနှစ်ကျော်အတွင်း သူမ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုပြင်းထန်နေသော အရီဇိုးနားပြည်နယ်‌၏ နယ်စပ်မြို့ဖြစ်သည့် ဒေါက်ဂလပ်စ် (Douglas) တွင် မိန့်ခွန်းပြောနေစဉ် ဟဲရစ်က လုံခြုံရေး အစီအမံများကို ပိုမိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး လအတန်ကြာ စေ့စပ်ညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည့် နှစ်ပါတီညှိနှိုင်း သဘောတူထားသည့် ဥပဒေကြမ်းကို တင်သွင်းရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် ယခုနှစ်အစောပိုင်းတွင် ထရန့် ၏ ပိတ်ဆို့ခြင်းအကြောင်းကို ဝေဖန်ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ လူဝင်မှုကြီးကြပ်ရေးသည် မဲဆန္ဒရှင်များစွာအတွက် ထိပ်တန်း ပြဿနာဖြစ်နေသဖြင့် ဟဲရစ်၏ ခရီးစဉ်နှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ထရန့် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက ABC သတင်း/Ipsos စစ်တမ်းတစ်ခုအရ ၇၀% က တောင်ပိုင်းနယ်စပ်တွင် လူဝင်မှုကြီးကြပ်ရေးသည် ၎င်းတို့အတွက် “ အရေးကြီးသော” ပြဿနာတစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး မဲဆန္ဒရှင်များက ထရန့် သည် ဟဲရစ်ထက် ထိုကိစ္စကိုကိုင်တွယ်ရန် အသင့်တော်ဆုံးသူအဖြစ် ဖြင့် ဟဲရစ်ထက် ၁၀မှတ်အသာဖြင့် ဦးဆောင်ခဲ့သည်။

သို့သော်၊ ၎င်း၏ရီပတ်ဘလီကန်မဟာမိတ်များက ဟာရစ်ကို တိုက်ခိုက်မည့်အစား ပြဿနာများကို အာရုံစိုက်ရန် ထရန့်အား တွန်းအားပေးလာသောအခါ၊ မကြာသေးမီ ရက်များအတွင်း ထရန့် ၏ ပြောဆိုချက်သည် ပိုမိုပြင်းထန်လာသည်။

ဟဲရစ် ကို တနင်္ဂနွေနေ့တွင် ထရန့် ၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွင် အလားတူ မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး ဒုသမ္မတအား စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူဟု ခေါ်ဆိုခဲ့သည်။

“ လူလိမ် ဂျိုး ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာခဲ့တယ်။ ဝမ်းနည်းစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကင်မလာဟဲရစ် က သူမွေးလာတာကတည်းက အဲဒီလိုဖြစ်နေသူလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကင်မလာ မှာ တစ်ခုခုမှားနေပြီ၊ ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့် သေချာပေါက် တစ်ခုခုတော့လွဲနေပြီ” လို့ထရန့်ကဆိုသည်။

ABC သတင်းဌာန၏ မာသာ ရတ်ဒတ်ဇ် (Martha Raddatz) မှ ဒုတိယသမ္မတလောင်းများ၏ စကားစစ်ထိုးပွဲ ပြင်ဆင်မှုများတွင် ဆီးနိတ်အမတ် ‘ဒီ‌ဂျေဗင့်စ် (JD Vance )အား ကူညီနေသော လွှတ်တော်စည်းကမ်းထိန်း တွမ်အမ်မာ (Whip Tom Emmer) ကို ထရန့်ပြောကြားနေမှု များအတွက် မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ သူက ထရန့်‌ပြောဆိုချက်ကို ပြစ်တင်ရှုတ်ချရန် မလုပ်ဆောင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူက “ကျွန်တော်တို့ ပြဿနာတွေကိုသာ အာရုံစိုက်ထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝန်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က အစ္စရေး၏ ဂါဇာကမ်းမြောင် ကျူးကျော်မှုကို ရှုတ်ချပြီး ဆက်လက်လုပ်ဆောင်ပါက ပိတ်ဆို့မှုများ ချမှတ်မည်ဟုဆို

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 10 Views
မေလ (၂၀) ရက်။ ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မြေပြင်ကျူးကျော်မှုအသစ် စတင်လိုက်ပါတယ်။ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ဓားစာခံများ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံတွင် တချို့က ထရန့်ကို မော်စီတုံး၏တစ္ဆေအဖြစ် ရှုမြင်ကြသည်

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 15 Views
+++++++++++++++ ဒင်းသည် ၎င်း၏ ဆယ်ကျော်သက်အရွယ်တွင် ဥက္ကဌ မော်စီတုံး၏ တော်လှန်သော အတွေးအခေါ်များကို ထက်သန်စွာ ယုံကြည်သူအဖြစ် တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနေဟု ကြေညာ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 16 Views
မေလ (၁၉) ရက်။ အမေရိကန် သမ္မတဟောင်းဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေရှိခဲ့ရသည်ဟု အမေရိကန်သမ္မတဟောင်းဘိုင်ဒင်၏ ရုံးခန်းက မေလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဘိုင်ဒင်၏ ရောဂါလက္ခဏာများသည် လတ်တလောကာလအတွင်း ဆိုးရွားပြင်းထန်လာနေပြီး ဆရာဝန်၏ စစ်ဆေးချက်အရ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 17 Views
မေလ (၁၈) ရက်။ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ရိုက်တာနှင့် အခြားသတင်းအေဂျင်စီများ၏ အဆိုအရ အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်သဌေးကြီး ဝါရင်ဘတ်ဖတ်က ကုမ္ပဏီရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 13 Views
မေလ (၁၈) ရက်။ ၁၄ ရက်နေ့ထုတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ကျော်ကြားတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူ အသက် (၉၄) နှစ်အရွယ် ဝါရင်ဘတ်ဖတ်က ဘာ့ခ်ရှီးယား ဟက်သာဝေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအိုကနေ နုတ်ထွက်ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 26 Views
မေလ (၁၇) ရက်။ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇ ရက်နေ့က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အီရန်မီဒီယာတွေရဲ့
နိုင်ငံတကာသတင်း အမေရိကန်

ဆိုရှယ်မီဒီယာမှာ တင်ထားသည့်ပို့စ်ကြောင့် “ FBI ညွှန်ကြားရေးမှူးဟောင်းကို တရားစွဲတာဟာ အကျိုးမရှိနိုင်ဘူး” ဟု ဥပဒေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေပြော

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 24 Views
မေလ (၁၇) ရက်။ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey) သည် ဂဏန်းနံပါတ်လေးခု ရေးသားထားသော ပင်လယ်ခွံ ရုပ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ဥရောပ

ငြိမ်းချမ်းရေးဆွေး‌နွေးပွဲအပြီး နာရီပိုင်းအတွင်း ရုရှားလက်စွမ်းပြ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 22 Views
မေလ (၁၇) ရက်။ ဆူမီဒေသတွင် ရုရှားဘတ်စ်ကားတစ်စီး တိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားမောင်းသူမဲ့ လေယာဉ်တစ်စီး၏ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ခုနစ်ဦး