နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတာတွေကို ဒီကနေ့မှာ စတင်ပြုလုပ်နေ

အောက်တိုဘာလ (၁)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့တွေက သန်းခေါင်စာရင်းကောက်ယူတာတွေကို လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သတ်မှတ်ကာ လုပ်ဆောင်နေတာပါ။

အခုနှစ် နိုင်ငံတဝန်း လူဦးရေအနေနဲ့ စစ်ကောင်စီက (၅၆)သန်းကျော် ခန့်မှန်းထားပြီး အိမ်ထောင်စုအရေအတွက် (၁၃)သန်းခန့် တွက်ချက်ထားကာ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၁၀၀၀၀)ခန့်မှာ စာရင်းစစ်နဲ့ စာရင်းကောက် (၄၂၀၀၀)ခန့်က တစ်အိမ်တက်ဆင်း ကောက်ယူသွားဖို့ရှိနေတာပါ။

သန်ခေါင်စာရင်း စတင်ကောက်ယူမယ့်ရက်မတိုင်ခင် မနေ့ကစပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက နေအိမ်တွေကို အသိပေး‌အကြောင်းကြားစာတွေ လိုက်ဝေထားပြီး အိမ်ထောင်စုတစ်စုကို မေးခွန်းပေါင်း (၆၈)ခု ဖြေဆိုရမှာပါ။

သန်းခေါင်စာရင်းကောက်ယူရာမှာ ဟန့်တားနှောင့်ယှက်တာတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် လုပ်‌ငန်းစဉ်အောင်မြင်ဖို့ကို လုံခြုံရေး အထူးဂရုစိုက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားသလို ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဖြစ်တာကြောင့် ပြည်သူတွေ ပူးပေါင်းပါ၀င်ဖို့ ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီဟာ ဒီကနေ့ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအ၀င် မကွေး၊ ဧရာ၀တီနဲ့ မွန်ပြည်နယ်တို့မှာ သန်းခေါင်စာရင်းတွေ လိုက်ကောက်နေပြီး စစ်သားနဲ့ ရဲတွေအပါအ၀င် အုပ်ချုပ်ရေးပိုင်းအဖွဲ့၀င်တွေက လုံခြုံရေးယူပေးထားတာကို တွေ့ရပါတယ်။

အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်တဲ့အတွက် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ကိုလဲ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို