နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်ပရောက် မြန်မာ‌လုပ်သားတွေ သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ငွေပြန်လွှဲရင် လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီပြော

နိုဝင်ဘာလ (၁)ရက်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘဏ်လမ်းကြောင်းကနေ လစာငွေ ဒါမှမဟုတ် အခြားဝင်ငွေတွေကို ပြန်လွှဲပို့ရင် လျှပ်စစ်ကား/လျှပ်စစ်ဆိုင်ကယ်တွေ တင်သွင်းခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစာငွေ ဒါမှမဟုတ် အခြားဝင်ငွေတွေကို စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲအဖွဲ့တွေကနေ ပြန်လွှဲပို့တာ‌အတွက် အထူးအစီအစဉ်အနေနဲ့ ခွင့်ပြုတာလို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီက အထူးအစီအစဉ်နဲ့ ခွင့်ပြုတာမှာ သင်္ဘောသားတွေအပါအဝင် ပုံမှန်လစာဝင်သူတွေဟာ တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ (၂)သိန်းအထက်လွှဲပို့ရင် လွှဲပို့ငွေရဲ့ (၅)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်ကား/ဆိုင်ကယ် တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပုံမှန်လစာဝင်ငွေရသူတွေကလွဲပြီး အခြားဝင်ငွေရသူတွေကို တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ (၅)သောင်းနဲ့အထက် လွှဲပို့ရင် လွှဲပို့ငွေရဲ့ (၅)ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လျှပ်စစ်ကား/ဆိုင်ကယ် တစ်စီး တင်သွင်းခွင့်ပြုသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အခုလို အကျုံးဝင်သူတွေဟာ လျှပ်စစ်ကား/လျှပ်စစ်ဆိုင်ကယ် တင်သွင်းခွင့်ပြုတာမှာ တဦးချင်းတင်သွင်းတာအပါအဝင် တစ်ဦးထဲ တင်သွင်းဖို့ ယာဉ်တန်ဖိုး မပြည့်မီရင် စုပေါင်းတင်သွင်းခွင့်ပြုတယ်လို့လဲ စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။

အခုလို ထုတ်ပြန်တာဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေရရှိဖို့ မက်လုံးပေးထုတ်ပြန်တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေကလဲ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ (၄၇)သန်းကျော်အပါအဝင် ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေတွေ (၅)ရက်ဆက်တိုက် ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့