နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်သည် ထရန့်ထောက်ခံသူများသည်သာ ‘အမှိုက်’ ဆိုသည့် စကားလုံး‌ပြောလိုက်ခြင်းအတွက် မရည်ရွယ်ဘဲ ထရန့်ကို ကြီးမားသော အကူအညီတစ်ခု ပံ့ပိုးပေးသလို ဖြစ်စေခဲ့

အောက်တိုဘာ ၃၀၊ ၂၀၂၄

နယူး‌ယောက် ရှိ ဒေါ်နယ်ထရန့်၏ တနင်္ဂနွေနေ့ည လူထုစုဝေးပွဲ၌ အတိုက်ခိုက်ခံခဲ့ရသည့် ပေါ်တိုရီကန်များကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် သမ္မတဘိုင်ဒင်သည် အင်္ဂါနေ့တွင် သူ့ကိုယ်သူ သတိထားမိခြင်း မရှိဘဲ ပြောဆိုလိုက်မိသောစကားလုံးများကြောင့် ဒုသမ္မတ ကာမလာဟဲရစ်အား ယင်းကိစ္စကို ဖြေရှင်းပေးရန် အခြေအနေသို့ ဖိအားပေးခြင်းဖြစ်စေခဲ့သည်။

ဂျိုးဘိုင်ဒန်သည် ဒီမိုကရက်တစ်ပါတီ၏ ဒုတိယသက်တမ်းအတွက် အနိုင်ရရန် ကြိုးပမ်းနေချိန်တွင် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် စကားမှားသွားခဲ့သည်။

ထရန့်၏ မက်ဒီဆင်စကွဲယားဂါဒင် (Madison Square Garden) အခမ်းအနားတွင် သူ့အားထောက်ခံသည့် လူရွှင်တော်တစ်ဦးမှ ပေါ်တိုရီကိုများကို “ရေပေါ်အမှိုက်ကျွန်း” အဖြစ် လှောင်‌ပြောင်ရှုံ့ချပြောဆိုခဲ့ခြင်းကို ဘိုင်ဒင်က ဝေဖန်ခဲ့သည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမေရိကန်နယ်မြေအား ၎င်း၏ ခုခံကာကွယ်မှုတွင် မှားယွင်းစွာ ထရန့်ထောက်ခံသူများသည်သာ “ အမှိုက်” များဖြစ်သည်ဟုသတိလက်လွတ်‌ ပြောခဲ့သည့်အတွက် အမေရိကန်ပြည်မကြီးရှိ ဘက်ပြောင်းထောက်ခံနိုင်သော မည်သူ့ကိုပေးရမည်ကိုမဝေခွဲနိုင်သည့်အရေးကြီးပြည်နယ်များရှိ မဲဆန္ဒရှင်များ၏ ပြင်းထန်သည့်ဝေဖန်မှုနှင့် နိုင်ငံရေးမုန်တိုင်းသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး အင်္ဂါနေ့ညက အိမ်ဖြူတော်နောက်ခံတွင် ဟဲရစ်၏ အ‌ရေးကြီးသော မိန့်ခွန်းကို လူအများ စိတ်ဝင်စားမှုမှ အာရုံပြောင်းသွားခဲ့သည်။

ဘိုင်ဒင်က “တနေ့ကပဲ၊ ထရန့်မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောသူတယောက်က “ ပေါ်တာရီကို” ကို မြောနေတဲ့အမှိုက်ကျွန်းလို့ ခေါ်ခဲ့တယ်၊ ကျွန်တော်အနေနဲ့ပြောပြချင်တယ်၊ ကျွန်တော်နေတဲ့ ဒဲလားဝဲယားပြည်နယ်မှာရှိတဲ့ ပေါ်တာရီကန်တွေဟာ လူကောင်းတွေ၊ သမာသမတ်ကျတပြီး ဂုဏ်သရေရှိသူတွေ ဖြစ်တယ်၊ တကယ့်အမှိုက်တွေက ထရန့်ကို ထောက်ခံ အားပေးနေသူတွေသာ ဖြစ်တယ်” ဟုပြောပြီးနောက် ခဏနားပြီး ဆက်လက်၍ “လက်တီနိုတွေကို သူကမကောင်းဆိုးဝါးတွေလို့ ပြောနေတာဟာ ယုတ္တိမရှိသလို အမေရိကန်တယောက်ရဲ့ အပြုအမူလည်း မဟုတ်ပါဘူး” ဟု ဆက်လက်ပြောဆိုခဲ့သည်။

အိမ်ဖြူတော်သည် သမ္မတဟောင်းထရန့်ကို ထောက်ခံ အားပေးနေသော သူများကိုဆိုလိုခြင်း မဟုတ်ဘဲ နယူးယောက်တွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ ထရန့်၏ “အမုန်းပွားစေသောစကားများ” ကို ရည်ညွှန်းပြီး ထိုနေရာတွင် သူ့စကားများကို ထောက်ခံနေသူတွေကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ဘိုင်ဒင်၏ ပြောရေးဆိုခွင့်ရှိသူ အင်ဒရူးဘိတ်က သမ္မတ၏ သဘောထားမှတ်ချက်များကို လျင်မြန်စွာ ရှင်းလင်းရန် ကြိုးပမ်းခဲ့သည်။

ဘိုင်ဒင်က ဒီလိုဆိုခဲ့တာပါ “ အဲဒီမှာ လွင့်မျောနေတဲ့ တစ်ခုတည်းသော အမှိုက်က အဲဒီနေရာမှာ သူ့ထောက်ခံသူတွေနဲ့ သူ့ရဲ့ လက်တင်နိုတွေအပေါ် မကောင်းဆိုဝါးတွေလို့ အဓိပ္ပါယ်မဲ့ပြောနေတာဟာ အမေရိကန် မပီသတာ ” ဟုဆိုလိုကြောင်း သူက ဖြေရှင်းခဲ့သည်။

အိမ်ဖြူတော်သည် ပြဿနာဇာတ်လမ်းကြောင့် အလားအလာရှိသော နိုင်ငံရေးအရ ဆုတ်ယုတ်မှု ထိခိုက်မှုရှိကြောင်းကို အသိအမှတ်ပြုပြီးဘိုင်ဒင်ကိုယ်တိုင်က ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် ဆိုရှယ်မီဒီယာတွင်ဖြေရှင်းရေးသားခဲ့သည်။

“ဒီနေ့အစောပိုင်းက သူ့ရဲ့ Madison Square Garden လူထုစုဝေးပွဲမှာ ထရန့် ရဲ့ ထောက်ခံသူက ပြောခဲ့တဲ့ ပေါ်တာရီကိုနဲ့ပတ်သက်တဲ့ အမုန်းစကားတွေကို ရည်ညွှန်းပြီး ဒါဟာ အမှိုက် ဖြစ်တယ်ဆိုတဲ့တစ်ခုတည်းသော စကားလုံးပါ။ လက်တီနိုတွေကို မကောင်းဆိုးဝါးတွေ အဖြစ်ပြောနေတာ အဓိပ္ပါယ်မရှိပါ။ ဒါကိုပဲ ကျွန်တော် ပြောချင်တာ။ အဲဒီလူထုစုဝေးပွဲကို ပေးခဲ့တဲ့ မှတ်ချက်ဟာ ကျွန်တော်တို့ နိုင်ငံတခုလုံးကို ရောင်ပြန်ဟပ်‌ပြီး ပြောဆိုတာ မဟုတ်ပါဘူး” ဟု ဘိုင်ဒင်က X တွင် ရေးသားခဲ့သည်။

သို့သော်လည်း ထိခိုက်မှုကတော့ ရှိခဲ့ပြီဖြစ်သည်

+++++++++++++++++++++++++

“အရင်ဆုံးတော့ သူက သူ့ရဲ့ထင်မြင်ချက်တွေကို ရှင်းပေးတယ်လို့ ကျွန်မ ထင်ပါတယ်၊ ကျွန်မလုပ်နေတဲ့အလုပ်က ကျွန်မကို ထောက်ခံသည် ဖြစ်စေ မထောက်ခံသည်ဖြစ်စေ အားလုံးကို ကိုယ်စားပြုဖို့ဆိုတာ ကျွန်မယုံကြည်ပါတယ်” ဟု ဟာရစ်က Joint Base Andrews ရှိ ကတ္တရာလမ်းပေါ်တွင် ပြောကြားခဲ့သည်။

“ကျွန်မဆိုလိုရင်းကို စိတ်ရင်းမှန်နဲ့ ပြောရရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့အခါ ကျွန်မအတွက် မဲမပေးတဲ့သူတွေ အပါအဝင် အမေရိကန်အားလုံးကို ကိုယ်စားပြုပြီး သူတို့ရဲ့ လိုအပ်ချက်နဲ့ သူတို့ရဲ့ ဆန္ဒတွေကို ဖြေရှင်းပေးမှာပါ” ဟု ဟဲရစ်က ပြောကြားခဲ့သည်။

သို့ရာတွင် ထရန့်က ဘိုင်ဒင်ပြောဆိုချက်ကိုဆုပ်ကိုင်ပြီး ဝေဖန်တိုက်ခိုက်ခဲ့သည်။ ထရန့်၏ပြိုင်ဘက်များက “ဤအမေရိကန်များကို ဖက်ဆစ်ဝါဒီများ၊ နာဇီများ၊ ယခု အမှိုက်များအဖြစ် တံဆိပ်ကပ်နေကြတယ်” ဟု ထရန့်မဲဆွယ်စည်းရုံးရေး၏ အမျိုးသားသတင်းထုတ်ပြန်ရေးအတွင်းရေးမှူး Karoline Leavitt က “ အဲဒါကိုလှည့်ဖျားဖို့လမ်းမရှိဘူး၊ ဂျိုးဘိုင်ဒင်နဲ့ ကာမလာဟဲရစ်ကသမ္မတ ထရန့်ကို မုန်းတီးရုံတင်မကဘူး၊ သူ့ကို ထောက်ခံတဲ့ အမေရိကန်သန်းပေါင်းများစွာကို အမှိုက်တွေလို့ မထီမဲ့မြင် စော်ကားတယ်” ဟုစွပ်စွဲခဲ့သည်။

ဟဲရစ်၏ လက်ရှိနိုင်ငံရေးပြဿနာအသစ်တစ်ခု

++++++++++++++++++++++

ရှုပ်ထွေးလှသော လှုံ့ဆော်မှုတွင် ဤနောက်ဆုံးလှည့်ကွက်သည် နောက်ဆုံးရလဒ်အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို မည်သူမျှ မပြောနိုင်ပေ။

သို့သော် သမ္မတရွေးကောက်ပွဲ နောက်ဆုံးရက်သတ္တပတ်၏ ပြင်းထန်သော အရှိန်အဟုန်တွင် စကားလုံးအနည်းငယ်သည် နိုင်ငံရေးအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပါသည်။

ယခု သူမသည် ထရန့် ၏ ကျောထောက်နောက်ခံများကို “ အမှိုက်” အဖြစ် မှတ်ယူခြင်း ရှိ၊ မရှိ မေးမြန်းခံရရန် သေချာလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဒီမိုကရက်များသည် အလုပ်လုပ်နေသော အမေရိကန်များကို မထီမဲ့မြင်ပြုသည်ဟု ရှုမြင်ကြောင်း စွပ်စွဲမှုကို ငြင်းခုံခြေပရန် ရှိသည်။

ဇန်နဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ် အမေရိကန်လွှတ်တော်ကို မကျူးကျော်မီ ထရန့် က သူ့ထောက်ခံသူများအား “ ငရဲကိုသွားနေသကဲ့သို့ တိုက်ခိုက်ရန်” ပြောသည့်နေရဖြစ်သည့် ဝါရှင်တန်ရှိ Ellipse တွင် စုဝေးပွဲတစ်ခု၌ ဟဲရစ်က “ ဒါက မင်းတို့အတွက် ကျမရဲ့ကတိစကားပဲ” ဟု ပြောခီပြီး “ ရှင်တို့ရဲ့ဘဝကို ပိုကောင်းအောင်လုပ်ဖို့ ဘုံအခြေခံနဲ့ ဘုံနည်းလမ်းတွေကို ရှာမယ်လို့ ကတိပြုပါတယ်။” ဟု ပြောကြားခဲ့သည်။

ကလင်တန်နှင့် အိုဘားမားတို့ ထရန့်ထောက်ခံသူများကို ရှုတ်ချခြင်း မပြုရန် သတိပေးခဲ့သည်။

ဘိုင်ဒင်က ဘာကိုဆိုလိုသည်ဖြစ်စေ ၎င်း၏မှတ်ချက်များသည် အခြားသမ္မတနှစ်ဦးဖြစ်သည့် ဘီလ်ကလင်တန်နှင့် ဘားရက်အိုဘားမားတို့မှ ဒီမိုကရက်တစ်ပါတီမှ ဒီမိုကရက်များကို သတိပေးချက်များ ပေးခဲ့သည်။ ထရန့်၏မဲဆန္ဒရှင်များကို မထီမဲ့မြင် မပြုရန် ဒီမိုကရက်တစ် အမျိုးသားညီလာခံအတွင်း တက်ကြွလှုပ်ရှားသူများအား ပန်ကြားထားသည်။

“သူတို့ရှိနေတဲ့နေရာက လူတွေနဲ့ တွေ့ပါ။ သူတို့ကို မနှိမ့်ချပါနဲ့။ သူတို့ကို လေးလေးစားစား ဆက်ဆံပါ၊ မင်းကို ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း ဆက်ဆံပါ” ဟု ကလင်တန်က ကိုယ်စားလှယ်များကို ၎င်းတို့၏အိမ်နီးချင်းများနှင့် ဒုသမ္မတကို ဂရုတစိုက်နဲ့ ထောက်ခံအားပေးတာကို တင်ပြဖို့ တိုက်တွန်းခဲ့ပါသည်။

အိုဘားမားက “အပြန်အလှန်လေးစားမှုဆိုတာ ကျွန်တော်တို့ရဲ့သတင်းစကားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရမယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဟာ ဒီရက်ပိုင်းမှာ သဘောထား ကွဲလွဲနေပြီး နိုင်ငံရေးနယ်ပယ်တလျှောက်မှာ အားလုံးက ပြဿနာတိုင်းကို သူတို့သဘောမတူရင် တခြားသူတွေမှာ အဆိုးဆုံးလို့ ယူဆပုံပေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 59 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း