နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

တောင်ကိုးရီးယား

တောင်ကိုးရီးယား နိုင်ငံတကာသတင်း

တောင်ကိုရီးယားအတိုက်အခံပါတီခေါင်းဆောင် လူမြင်ကွင်းမှာ ဓါးထိုးခံရ

တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီခေါင်းဆောင် လီဂျေးမြောင်ဟာ အင်္ဂါနေ့က သွားရောက်ခဲ့တဲ့ ဘူဆန်မြို့ခရီးစဉ်အတွင်း ရုတ်တရက် လည်ပင်းကို ဓါးနဲ့တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဓါးနဲ့တိုက်ခိုက်ခံရလို့ လီဂျေးမြောင်ဟာ သွေးထွက်သံယိုဖြစ်ကာ သတိလစ်မေ့မြောသွားခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

လီဂျေးမြောင်ဟာ ဘူဆန်မြို့က ဂါဒေါဒိုလေဆိပ်သစ်တည်ဆောက်မှု လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု့အပြီး အပြန် သတင်းထောက်တွေနဲ့ စကားပြောဆိုနေချိန်မှာ ရုတ်တရက်တိုက်ခိုက်ခံရတာပါ။ ဆရာဝန်တွေကတော့ လီဂျေးမြောင်ဟာ လည်ပင်းမှာ တစ် စင်တီမီတာလောက်အနက်ရှိတဲ့ ဒဏ်ရာရရှိခဲ့ပြီး သွေးကြောကို ထိခိုက်သွားနိုင်တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့အစောပိုင်းကအထိ ဘူဆန်ဆေးရုံမှာ လီဂျေးမြောင် သတိလစ်မေ့မြောနေခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းမီဒီယာတွေဖော်ပြတဲ့ ရုပ်သံမှတ်တမ်းမှာ လီဂျေးမြောင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်မှာ လူတစ်ယောက်က ရုတ်တရက်ဝင်ရောက်လာပြီး ဓါးနဲ့ ပြောင်ပြောင်တင်းတင်းထိုးခဲ့တာပါ။ တိုက်ခိုက်သူကို လူတွေက ဖမ်းဆီးဖို့ ကြိုးစားရင်း မြေပြင်ပေါ်မှာ လုံးထွေးနေခဲ့ပါတယ်။ ဓါတ်ပုံမှတ်တမ်းတွေမှာတော့ လီဟာ မြေပြင်ပေါ်မှာ လဲကျပြီး သွေးထွက်နေတဲ့ လည်ပင်းကို ပုဝါနဲ့ဖိထားရင်း မျက်လုံးကို မှိတ်ထားတာကိုတွေ့ရပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယောင်က လီဂျေးမြောင်ရဲ့လုံခြုံရေးအတွက် စိုးရိမ်မိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အကြမ်းဖက်မှုမှန်သမျှကို ဘယ်အခြေအနေမျိုးမှာမဆို သည်းခံနေမှာ မဟုတ်သလို ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်ကို အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟောင်ကလည်း အခုဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်ဖို့နဲ့ နိုင်ငံရေးအမြတ်ထုတ်မှုကို ရှောင်ရှားဖို့ ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရေးဟာ မကြာသေးမီနှစ်များကတည်းက နက်နဲတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တာပါ။ လစ်ဘရယ်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ လီဂျေးမြောင်ဟာ 2022 သမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီက ယွန်ဆက်ယောင်ကို ပွတ်ကာသီကာအရေးနိမ့်ခဲ့သူလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး