နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံက အင်အားပြင်းငလျင် လှုပ်ခတ်မှုမြင်ကွင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုနဲ့ အနီးပတ်ဝန်းကျင် စီရင်စုတွေမှာ အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် အီရှီကာဝါစီရင်စုမှာ သေဆုံးသူအရေအတွက်မှာ ၄၈ ဦးအထိမြင့်တက်လာခဲ့ပြီဖြစ်တယ်လို့ ဂျပန်နိုင်ငံအစိုးရပိုင် NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နီးဂါတာ၊ ဖူကူအီ၊ တိုယာမာနဲ့ ဂီဖူ စတဲ့ စီရင်စုတွေမှာလည်း ဒဏ်ရာရသူများရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လမ်းတွေပေါ်ရှိ အတားအဆီးတွေကြောင့် နှောင့်နှေးနေတယ်လို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအိုက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အီရှီကာဝါစီရင်စုရှိ ဝါဂျီမာမြို့ အာဏာပိုင်ရဲ့ ပြောကြားချက်အရ အဲ့ဒီမြို့မှာ ဆယ်ကျော်သက် အမျိုးသားတစ်ဦး အပါအဝင် သေဆုံးသူတွေရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တဲ့ နာမည်ကျော် ဝါဂျီမာဈေးအနီးဝန်းကျင်မှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အဆောက်အဦ ၂၀၀ ခန့် မီးလောင်သွားခဲ့ပါတယ်။ ဝါဂျီမာမြို့မှာ အဆောက်အအုံ ပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့ရာ လူ ၁၄ ဦး အဆောက်အအုံအောက်မှာ ပိတ်မိလျက်ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 9 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 12 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 19 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 35 Views
ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တပြိုင်နက်တည်းလောင်ကျွမ်းနေတဲ့ တောမီး ၆ ခုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အခါမှာ မြို့နေလူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။ တောမီးကို ပိုမိုကြီးထွားစေတဲ့ ဆန်တာအန်နာမြို့ဘက်က လေတိုက်နှုန်းကြောင့် မီးခိုးငွေ့တွေဟာ
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 31 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 34 Views
ဇန်နဝါရီလ (၁၁) ရက်။ ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ
နိုင်ငံတကာသတင်း အမေရိကန်

Facebook မှ ဖယ်ရှားခဲ့ရသော အချက်အလက်များကို ပြန်လည်ရှာဖွေသည့်အခါ ဘိုင်ဒင်၏ တာဝန်ရှိသူများက ‘အော်ဟစ်’ ပြီး ကျိန်ဆဲကြလိမ့်မည်ဟု ဇူကာဘတ် ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 30 Views
ဇန်နဝါရီလ (၁၁) ရက်။ Meta CEO မှ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများသည် “ မှန်ကန်သော အကြောင်းအရာများ” အပါအဝင် အချို့သောပို့စ်များကို ဖယ်ရှားရန် ကုမ္ပဏီအား တောင်းဆိုခဲ့ကြောင်း ပေါ့ဒ်ကတ်စ်တွင် ဇန်နဝါရီလ (၁၁) နေ့က ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၊ အာလ်တီဒီနာသည် ‘စစ်ပွဲဖြစ်နေသကဲ့သို့’ တောမီးလောင်ကျွမ်းနေဟု တာဝန်ရှိသူများပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 50 Views
ဇန်နဝါရီလ (၁၁) ရက်။ လော့စ်အိန်ဂျလိစ်ကောင်တီ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်း ဘာဂါက ခရိုင်အတွင်းရှိ တောမီးဒဏ်ခံ အာလ်တီဒီနာမြို့ကို စစ်ပွဲဇုန်တစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖျက်ဆီးမှုအတိုင်းအတာကို မေးမြန်းရာတွင် ဘာဂါက “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”