နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံက အင်အားပြင်းငလျင် လှုပ်ခတ်မှုမြင်ကွင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုနဲ့ အနီးပတ်ဝန်းကျင် စီရင်စုတွေမှာ အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် အီရှီကာဝါစီရင်စုမှာ သေဆုံးသူအရေအတွက်မှာ ၄၈ ဦးအထိမြင့်တက်လာခဲ့ပြီဖြစ်တယ်လို့ ဂျပန်နိုင်ငံအစိုးရပိုင် NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နီးဂါတာ၊ ဖူကူအီ၊ တိုယာမာနဲ့ ဂီဖူ စတဲ့ စီရင်စုတွေမှာလည်း ဒဏ်ရာရသူများရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လမ်းတွေပေါ်ရှိ အတားအဆီးတွေကြောင့် နှောင့်နှေးနေတယ်လို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအိုက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အီရှီကာဝါစီရင်စုရှိ ဝါဂျီမာမြို့ အာဏာပိုင်ရဲ့ ပြောကြားချက်အရ အဲ့ဒီမြို့မှာ ဆယ်ကျော်သက် အမျိုးသားတစ်ဦး အပါအဝင် သေဆုံးသူတွေရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တဲ့ နာမည်ကျော် ဝါဂျီမာဈေးအနီးဝန်းကျင်မှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အဆောက်အဦ ၂၀၀ ခန့် မီးလောင်သွားခဲ့ပါတယ်။ ဝါဂျီမာမြို့မှာ အဆောက်အအုံ ပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့ရာ လူ ၁၄ ဦး အဆောက်အအုံအောက်မှာ ပိတ်မိလျက်ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။