နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်တပ် ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ။

++ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ထုတ်ပယ်ခံရမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာ ++

CNN ဟောင်ကောင် သတင်းဆောင်းပါး

လပေါင်းများစွာ ပြင်းထန်သော ထင်ကြေးပေးမှုများနှင့် တရားဝင် တာဝန်မှထုတ်ပယ်ခံရပြီးနောက် တရုတ်သည် ပြီးခဲ့သောနှစ်က လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့သည်။

၎င်းတို့၏ ကျဆုံးမှုသည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်၏ စစ်ဘက်ခေတ်မီရေးလုပ်ဆောင်မှု၏ အဓိကကဏ္ဍများတွင် အမြစ်တွယ်နေသော အကျင့်ပျက်မှုများကို ဖော်ထုတ်ခဲ့ပြီး တရုတ်အစိုးရ၏ ဆယ်စုနှစ်ကြာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစစ်ပွဲတွင် နိုင်ငံ၏ တိုက်ခိုက်ရေးအတွက် စစ်ရေးအရအဆင်သင့်ဖြစ်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ထွက်ပေါ်လာခဲ့သည်။

ခုနစ်လအကြာတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် အောက်တိုဘာလတွင် ရာထူးမှဖယ်ရှားခံခဲ့ရသော လီရှန်ဖူ (Li Shangfu) နှင့် ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဝေဖန်ဟီ (Wei Fenghe) တို့ကို စုံစမ်းစစ်ဆေးပြီးနောက် အာဏာရကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး အမှုနှစ်ခုစလုံးကို စစ်ဘက်ဆိုင်ရာရှေ့နေများထံ လွှဲပြောင်းပေးခဲ့ပြီး စွဲချက်တင်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် နွေရာသီကတည်းက တရုတ်၏ ကာကွယ်ရေးဆိုင်ရာ ထူထောင်မှုတွင် အရှိန်အဟုန်ဖြင့် သန့်ရှင်းရေး လုပ်ဆောင်ရာတွင် ဖယ်ရှားခြင်းခံရသော စစ်ဖက်ဆိုင်ရာ ရာထူးအကြီးဆုံး ခေါင်းဆောင်များဖြစ်ပြီး ၎င်းတို့နှင့်အတူ စစ်ဘက်-စက်မှုဇုန်မှ အကြီးတန်းဗိုလ်ချုပ်များနှင့် အမှုဆောင် ဒါဇင်ကျော်တိုသည်လည်း ပြုတ်ကျခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အထက်တန်းအဆင့်ရှိ မငြိမ်မသက်မှုများသည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်သည် ဒေသတွင်း အငြင်းပွားနေသော နယ်မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ပြောဆိုရာတွင် ပိုမိုအားကောင်းလာစေရန်နှင့် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်စေရန်နှင့် ကြိုးပမ်းနေချိန်ဖြစ်သည်။

စစ်ရေးအသက်မွေးဝမ်းကြောင်း ထိပ်တန်းရာထူးများ ရရှိလာချိန်တွင် ကာကွယ်ရေးဝန်ကြီးဟောင်း လီနှင့်ဝေတို့သည် ကမ္ဘာ့ထိပ်တန်း စစ်ဘက်အရာရှိများ၏ရှေ့တွင် မကြာခဏ ပြင်းထန်သည့်လေသံနှင့် ပြောဆိုလာကြသည်။ ဒေသတွင်း လုံခြုံရေးဖိုရမ် အဆက်ဆက်တွင် ဗိုလ်ချုပ်ကြီး နှစ်ဦးက တရုတ်နိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် ခွဲထွက်ဝံ့ပါက တရုတ်စစ်တပ်က “ဘယ်လောက်အထိ ကုန်ကျပါစေ” တိုက်မည်ဟု သတိပေးခဲ့သည်။ ၎င်းတို့သည် အငြင်းပွား တောင်တရုတ်ပင်လယ်တွင် “ဗိုလ်ကျစိုးမိုးခြင်း” ကို ပြန်လည်တွန်းလှန်မည်ဟု ကတိပြုကာ အမေရိကန်ကို ခပ်ပါးပါးဝေဖန်မှုများကိုလည်း ပြုလုပ်ခဲ့သည်။

ရှီအောက်တွင် သူတို့နှစ်ယောက်လုံးသည် ရာထူးတိုးလာခဲ့ကြခြင်းဖြစ်ပြီး တရုတ်ခေါင်းဆောင်၏ ဆယ်စုနှစ်ကျော်ကြာ ကြိုးစားအားထုတ်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကြားမှ ၎င်းတို့ နှစ်ဦးဖယ်ရှားမှုခံရခြင်းဖြစ်ပြီး စစ်တပ်၏ အမြင့်ဆုံးအဆင့်တွင် အကျင့်ပျက်ခြစားမှုကို တားဆီးရာတွင် အခက်အခဲများကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများထံမှ သိရသည်။

ရှီ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် အောင်မြင်မှုအချို့ ရရှိခဲ့သော်လည်း သင့်လျော်သော အရပ်သား ကြီးကြပ်မှုနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် မရှိခြင်းကြောင့် တရုတ်ပြည်သူ့လွတ်လပ်ရေးတပ်နီတော် (PLA) သည် ၎င်း၏ ပြည်တွင်း စုံစမ်းစစ်ဆေးရေးမှူးများကို ကြီးကြပ်ကွပ်ကဲရန် မှီခိုနေရသည်ဟု စင်ကာပူရှိ S. Rajaratnam School of International Studies မှ သုတေသီ ဂျိမ်းစ်ချာ (James Char) က ပြောသည်။ “ဒါက အခက်အခဲတစ်ခုဖြစ်တယ်၊ ဒါကြောင့် အကျင့်ပျက်ခြစားမှုတွေ ဆက်ရှိနေမှာ သေချာတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ဝယ်ယူရာတွင် အကျင့်ပျက်ခြစားမှုများ

++++++++++++++++++++++++++++

PLA အား “ကမ္ဘာ့အဆင့်” တိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ပြောင်းလဲရန် ရှီ၏ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်နိုင်ငံသည် အဆင့်မြှင့် စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် တင်သွင်းခြင်းတွင် ဒေါ်လာဘီလီယံပေါင်းများစွာကို သွန်းလောင်းသုံးစွဲခဲ့သည်။ ရှီသည် နိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နိုင်သော နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များကို ကြီးကြပ်ကွပ်ကဲသည့် ထိပ်တန်းဌာနခွဲတစ်ခုဖြစ်သည့် ဒုံးတပ်ဖွဲ့ (Rocket Force) ကို တည်ဆောက်ခဲ့သည်။

လီနှင့် ဝေ အပါအဝင် စစ်ဗိုလ်ချုပ်အများစုသည် ယမန်နှစ်တွင် ရှင်းလင်းချက် မရှိဘဲ ထုတ်ပယ်ခံရခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းမှာ ဒုံးပျံတပ်ဖွဲ့ သို့မဟုတ် စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်နေပါသည်။

ကာကွယ်ရေးဝန်ကြီး မဖြစ်လာမီ လီသည် PLA ၏ စက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ငါးနှစ်ကြာ ဦးဆောင်ခဲ့သည်။ လေ့ကျင့်သင်ကြားမှုဖြင့် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် အသက် ၆၆ နှစ်အရွယ် လီသည် တရုတ်အနောက်တောင်ပိုင်းရှိ ဒုံးပျံများနှင့် ဂြိုလ်တုများကို ဆယ်စုနှစ်များစွာကြာ ပစ်လွှတ်ခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးတွင် ကိုင်တွယ်ဖြေရှင်းရန် PLA ဌာနချုပ်သို့ ရာထူးမတိုးမီတွင် တာဝန်ယူခဲ့သည်။

ဝေသည် အသက် ၇၀ နှစ်ရှိပြီဖြစ်ပြီး ဒုံးပျံတပ်ဖွဲ့ ၏ ပထမဆုံးတပ်မှူးဖြစ်သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ရှီက ၎င်းအား PLA ၏ ယခင်ဒုံး လက်နက်ကိုင်တပ်ဖြစ်သည့် ဒုတိယမြောက် အမြောက်တပ်၏ ဝန်ဆောင်မှုအပြည့်အဝပေးသည့်တပ်မှူးအဖြစ် တိုးမြှင့်ပေးခဲ့ပြီး ဝေသည် ဆယ်စုနှစ်များစွာ ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုံးပျံတပ်ဖွဲ့ (Rocket Force) မှ ဝေ၏နောက်ပိုင်းဆက်ခံသူနှစ်ဦးကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်။

ပါတီဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရို၏ ကြေညာချက်တွင် လီအပေါ် စွပ်စွဲချက်များသည် လက်နက်ဝယ်ယူရေးတွင် အကျင့်ပျက်ခြစားမှုကို ထင်ရှားစွာ ထောက်ပြထားသည်။

လာဘ်ယူခြင်းနှင့် အာဏာအလွဲသုံးစားလုပ်ခြင်းအပြင် လီသည် နိုင်ငံရေးပတ်ဝန်းကျင်နှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ၏ စက်မှုလုပ်ငန်း အလေ့အကျင့်များကို ပြင်းထန်စွာ ညစ်ညမ်းစေခဲ့သည်ဟုလည်း နိုင်ငံပိုင်ရုပ်သံ CCTV မှ ဖော်ပြခဲ့သည်။

ပင်တဂွန်မှ ရန်ပုံငွေထောက်ပံ့ထားသော အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ အကြီးတန်းသုတေသန ပညာရှင် ဂျိုလ်ဝတ်နောင်း (Joel Wuthnow) က သေသေချာချာ စကားလုံးရွေးချယ်သုံးနှုန်းထားသော ပြောကြားမှုသည် လက်နက်များထုတ်လုပ်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် တရုပ်လွတ်မြောက်ရေးတပ်နီတော် (PLA) ၏ ဝယ်ယူရေးစနစ်တို့အကြား ပူးပေါင်းလိမ်လည်လုပ်ဆောင်ခဲ့မှုကို ထောက်ပြသည်ဟု ဆိုသည်။

“ပူးပေါင်းကြံစည်မှုအချို့ရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမယ့် ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒီအရေးကြီးတဲ့လက်နက်တွေက တကယ်ကို အဆင့်အတန်းမမီဘူး၊ ယုံကြည်စိတ်ချရမှု မရှိဘူးဆိုတာကို CCP က ဝန်ခံမှာမဟုတ်ပါဘူး” ဟု ဝတ်နောင်း မှပြောကြားခဲ့သည်။ “သက်သေပြနိုင်မယ်ဆိုရင် ဒါဟာ ရှီအတွက် ပိုပြီးအရေးတယူ ရှိလာမှာဖြစ်တယ်။ သူ့အနေနဲ့ကိုယ်ကျင့်သိက္ခာကို သံသယရှိရုံသာမက စစ်ရေးအရ အဆင်သင့်ဖြစ်နေမှုကိုလည်း သံသယရှိစရာဖြစ်လာမှာဖြစ်တယ်။” ဟု သူက ပြောဆိုခဲ့သည်။

လေ့လာဆန်းစစ်သူ ချာ (Char) က PLA ၏ လက်နက်ဝယ်ယူရေးစနစ်တွင် ပြဿနာများသည် နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင်၊ တရုတ်ရေတပ်အင်ဂျင်နီယာတက္ကသိုလ်၏ လေ့လာရေးသားထားမှုတွင် ရေတပ်၏ စက်ပစ္စည်းဝယ်ယူရေးစင်တာနှင့် ဗဟိုစစ်ကော်မရှင်၏ စာရင်းစစ်ရုံးတို့က PLA ၏ စစ်ဖက်ဆိုင်ရာစက်ပစ္စည်းများဝယ်ယူရေးတွင် လေလံမသမာသည့် အလေ့အထများကို ခွဲခြမ်းစိတ်ဖြာပြီး လေလံဆွဲသည့်စနစ်အားတိုးတက်လာစေရန်တောင်းဆိုခဲ့ကြောင်း ချာက မှတ်ချက်ပြုခဲ့သည်။ .

“ဝယ်ယူမှုနှင့် သိုလှောင်မှုများတွင်ရှိနေသော ပြဿနာများသည် PLA မှ အစောပိုင်းက ဝယ်ယူခဲ့သော စက်ပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်။ လက်တွေ့ကွင်းထဲတွင် ထိုစစ်ပစ္စည်းများသည် “ဘယ်လောက် ကောင်းမွန်စွာ စွမ်းဆောင်နိုင်သလဲ” ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ တော်တော် ငြင်းခုံစရာ ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များသည် ၎င်း၏စစ်ဖက်ဆိုင်ရာ စက်ပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နိုင်ကြောင်း လက္ခဏာတစ်ရပ်အဖြစ် လက်နက်ကိုင်တပ်ဖွဲ့များကို ကြီးကြပ်သည့် ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟီဝီဒေါင် (He Weidong) က “စစ်တပ်အတွင်း တိုက်ခိုက်ရေး စွမ်းရည်နှင့်ပတ်သက်သည့် အရည်အချင်း မပြည့်မီသည့်ပစ္စည်း အတုများ” ကို “တင်သွင်းခြင်း/ထုတ်လုပ်ခြင်းများကို ထုတ်ဖော် နှိမ်နင်းသွားရန် မတ်လတွင် ကတိပြုခဲ့သည်” ဟု ချာ က မှတ်ချက်ပြုသည်။

“သူ့ရဲ့မှတ်ချက်ပေးရေးသားချက်ကို နောက်ပိုင်းမှာ ပြည်သူများ ကြည့်ရှုခွင့်ကနေ အစိုးရက မြန်မြန်ဆန်ဆန် ပိတ်ပင်ခဲ့ပါတယ်။ (PLA) ရဲ့ တကယ့်တိုက်ခိုက်ရေး စွမ်းရည်တွေအကြောင်းကို ဒီပြဿနာတွေက အများကြီးပြောပြနေတယ်” လို့ ကျွန်တော်ထင်ပါတယ်” ဟု ချာက ပြောကြားခဲ့သည်။

‘ယုံကြည်မှု မရှိတော့ခြင်း’

++++++++++++++

လီနှင့် ဝေတို့သည် ရှီ၏ မဆုတ်မနစ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် ခြောက်နှစ်အတွင်း ဖြုတ်ချခံရသည့် အကြီးတန်း စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်သည်။

တရုတ်ခေါင်းဆောင်သည် အကျင့်ပျက်ခြစားမှုနှင့် သစ္စာမဲ့မှုကို အမြစ်မှ တူးထုတ်ကာ ၂၀၁၂ ခုနှစ်တွင် အာဏာရလာကတည်းက ၎င်း၏အုပ်ချုပ်မှု၏ အမှတ်အသားတစ်ခုအဖြစ် ပြုလုပ်ခဲ့ပြီး ယခင်ကလည်း ကိုင်တွယ်၍ မရနိုင်ဟု ယူဆရသည့် သြဇာကြီးသော ဗိုလ်ချုပ်များကိုလည်း ဖြုတ်ချခဲ့သည်။

၎င်း၏ပထမသက်တမ်း ပထမနှစ်အနည်းငယ်အတွင်း ရှီသည် စစ်တပ်တွင် ဝါအရင့်ဆုံး ထိပ်ပိုင်းစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဇူကားဟို (Xu Caihou) နှင့် ဂေါင်ဘောက်အွန် (Guo Boxiong) တို့၏ လာဘ်စားမှုကို ထုတ်ဖော်ခဲ့သည်။ ဇူသည် နောက်ပိုင်းတွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့ပြီး ဂေါင် သည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်။

ဝတ်နောင်းက နောက်ဆုံးပေါ် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ခဲ့သည့် ယခင်ကာကွယ်ရေး ဝန်ကြီးနှစ်ဦးပတ်၏ ဝန်းကျင်အခြေအနေသည်တနည်းအားဖြင့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ဇူ နှင့် ဂိုတို့ ချစားမှု ကိစ္စများထက် “ရှီအတွက် ပိုဆိုးစေတယ်” ဟုပြောကြားခဲ့သည်။

“အဲဒီတုန်းက ရှီက အိမ်ကိုသန့်ရှင်းရေး လုပ်နေတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်” ဟု ဇူနှင့် ဂိုကို ယခင်ခေါင်းဆောင် ဂျင်ဇီမင်း(Jiang Zemin) လက်ထက် CMC တွင် ခန့်အပ်ထားကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုခဲ့သည်။ သို့သော် ဝေနှင့်လီ နှစ်ဦးစလုံးသည် ရှီအောက်တွင် ရာထူးတိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“ဝေနှင့် လီ တို့၏ အမှုအခင်းများသည် ရှီ၏ ကိုယ်ပိုင် စစ်ဆေးမှု လုပ်ငန်းစဉ်များနှင့် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများသည် စနစ်၏ ထိပ်ပိုင်း၌ အကျင့်ပျက်ခြစားမှုကို တားဆီးရာတွင် မအောင်မြင်ခဲ့ကြောင်း ပြသသည်” ဟု ဝတ်နောင်း မှ ပြောကြားခဲ့သည်။

“ရှီက သူ့ကိုယ်တိုင် ခန့်အပ်သူတွေအပေါ်မှာ ယုံကြည်မှု ပျောက်ဆုံးသွားတာကို ဒီတစ်ကြိမ် ပြသလိုက်တာလို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြောခဲ့သည်။

ရှီသည် ပါတီကို ဦးဆောင်ပြီး တစ်ပတ်ကျော်အကြာတွင် ဝေကို ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့သည်။ လီသည် သုံးနှစ်အကြာတွင် ဒုတိယဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ပေါ်လစ်ဗျူရို၏ ကြေညာချက်များတွင် လီနှင့် ဂို တို့၏ လုပ်ဆောင်ချက်များသည် ပါတီနှင့် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ ပေးအပ်ထားသော ယုံကြည်မှုနှင့် တာဝန်ကို သစ္စာဖောက်ကြောင်း ပြောကြားခဲ့သည်။ လီသည် “ပါတီတည်ထောင်စဉ်က ရည်မှန်းချက်များနှင့် ပါတီအခြေခံမူများကို သစ္စာဖောက်ခဲ့သည်” နှင့် ဝေသည် “ယုံကြည်မှုချွတ်ခြုံကျနေပြီး သစ္စာစောင့်သိမှု မရှိသူ” ဟု စွပ်စွဲခံရသည်ဟု CCTV မှဖော်ပြခဲ့သည်။

“ရှီက ဒီအဆင့်မြင့် အကျင့်ပျက်ခြစားမှုကြောင့် ပုဂ္ဂိုလ်ရေးအရ သစ္စာဖောက်ခံရတယ်လို့ ခံစားရမယ်၊” ဟု တရုတ်စောင့်ကြည့်သူနှင့် Sinocism သတင်းလွှာကို ရေးသားသူ ဘေးလ် ဘစ်ရှော့(Bill Bishop) က ရေးသားခဲ့သည်။

သို့သော် ရှီသည် အကျင့်ပျက်ခြစားမှုနှင့် သစ္စာမဲ့မှုကို အမြစ်ပြတ်ချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။ ပြီးခဲ့သည့်လက ပါတီသမိုင်းတွင် တရုတ်ကွန်မြူနစ်တော်လှန်ရေး၏ အထွတ်အမြတ်ထားရာနေရာဖြစ်သည့် ယန်အန် (Yan’an) တွင် နိုင်ငံရေးအလုပ်ဆွေးနွေးပွဲအတွက် စစ်တပ်ထိပ်တန်းကြေးနန်းကို ခေါ်ယူကျင်းပခဲ့ပြီး PLA တွင် နိုင်ငံရေးအရ နက်ရှိုင်းစွာပြုပြင်ရန် တောင်းဆိုခဲ့သည်။

“သေနတ်ပြောင်းများကို ပါတီအပေါ် သစ္စာစောင့်သိပြီး အားကိုးအားထားပြုသူတွေရဲ့ လက်ထဲမှာ အမြဲတမ်း ဆုပ်ကိုင်ထားရမယ်” ဟု ရှီက PLA အထက်တန်းလွှာများကို ပြောကြားခဲ့သည်။ “တိုက်ခိုက်ရေးမှာ ထိရောက်မှု ရှိစေရန် တင်းကျပ်မှု ပြတ်ပြတ်သားသား လိုအပ်ပါသည်။ စစ်တပ်ထဲမှာ အကျင့်ပျက်ခြစားတဲ့ အစိတ်အပိုင်းတွေအတွက်ပုံးကွယ်နေစရာ နေရာမရှိစေရဘူး။” ဟု ထပ်မံပြောဆိုခဲ့သည်။

စင်္ကာပူရှိ PLA စောင့်ကြည့်သူ ချာက ရှီ၏ စစ်တပ်ကို သန့်စင်စေခြင်းနှင့် ၎င်း၏ ဝယ်ယူရေးစနစ်သည် ရေရှည်တွင် တရုတ်၏ တိုက်ခိုက်ရေး စွမ်းရည်အတွက် ကောင်းသောလက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပြဿနာများကို ပြုပြင်လိုက်ပြီး ရှီကျင့်ဖျင်သည် PLA ကို ၂၀၃၅ ခုနှစ်တွင် ခေတ်မီတိုးတက်စေရေး ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်စေရန် မည်ကဲ့သို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်မည်နှင့် ပတ်သက်၍ ဆက်လက်သုံးသပ်နေမည်ဖြစ်ပါသည်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက