နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်ခေါင်းဆောင်လုပ်ကြံခံရမှုကြောင့် ဂါဇာပဋိပက္ခအပစ်အခတ်ရပ်စဲရေးကို ရိုက်ခတ်နိုင်

ဟားမက်စ်ခေါင်းဆောင်လုပ်ကြံခံရမှုကြောင့် ဂါဇာပဋိပက္ခအပစ်အခတ်ရပ်စဲရေးကို ရိုက်ခတ်နိုင်

+++++++++++++++++++++++

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံမှာ ဟားမက်စ်ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေအတွက် စိုးရိမ်စရာတွေဖြစ်လာစေခဲ့သလို အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမက်စ်စစ်သွေးကြွတွေနဲ့ အစ္စရေး ကြား ဂါဇာပဋိပက္ခ မကြာခင်အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။

ဟားမက်စ်ခေါင်းဆောင် အစ္စမေးဟာနီယက်လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်မှာ လူတွေစုဝေးခဲ့ကြပြီး လက်တုံ့ပြန်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့်ယူဆနေကြတာပါ။

အဲဒီလုပ်ကြံသတ်ဖြတ်မှုဟာ ဟစ်ဇ်ဘိုလာအကြီးတန်းတပ်မှုး ဖူအာဆူကာ သတ်ဖြတ်ခံရပြီး 24 နာရီအတွင်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။ ဒါကတော့ လက်ဘနွန်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တပ်မမှုး ဖူအာဆူကာကိုမြင်တွေ့နေရတာဖြစ်ပါတယ်။

ဒါပေမယ့် အစ္စရေးအစိုးရကတော့ ဟာနီယက် သတ်ဖြတ်ခံရတာဟာ သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ အစ္စရေးအမျိုးသားညွှန်ကြာရေးမှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မန်ဆာက မိမိတို့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ နံပတ် နှစ်ခေါင်းဆောင်ဖြစ်တဲ့ အကြမ်းဖက်သမား ဖူအာဆူကာကို ပစ်မှတ်ထားခဲ့တယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။

အခုလိုတင်းမာမှုတွေရှိနေပေမယ့် အစ္စရေးအနေနဲ့ ဂါဇာပဋိပက္ခကို အပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဓါးစာခံတွေလွတ်မြောက်ရေးကို ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း မန်ဆာက ပြောပါတယ်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဟားမက်စ်ခေါင်းဆောင် အစ္စမေး ဟာနီယက်ဟာ အမေရိကန်၊ကာတာ၊ အီဂျစ်နိုင်ငံတွေက ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ဟားမက်စ်တွေရဲ့ နိုင်ငံတကာ သံတမန်ရေးရာမျက်နာစာကနေ လှုပ်ရှားနေသူဖြစ်ပါတယ်။

ဟာနီယက်လုပ်ကြံသတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း ကာတာဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ “ တစ်ဖက်အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးကို လုပ်ကြံသတ်ဖြတ်လိုက်တော့ ဆွေးနွေးမှုတွေက ဘယ်လိုအောင်မြင်နိုင်မှာလဲ”လို့ ဝေဖန် ရေးသားခဲ့တာပါ။

ဒါပေမယ့် ဝါရှင်တန်အစိုးရကတော့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးချက်တွေဟာ အောင်မြင်နိုင်တဲ့အလားအလာတွေရှိနေဆဲပဲလို့ ယုံကြည်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်က ဟာနီယက်လုပ်ကြံခံရမှုမှာ အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်မှုမရှိဘူးလို့ စင်ကာပူတီဗီနဲ့ အင်တာဗျူးမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ အဲဒီကိစ္စကို  ကျတော်တို့ မသိသလို ပါဝင်ပတ်သက်မှုလည်းမရှိပါဘူး။ ဒီကိစ္စက တော်တော်ခန့်မှန်းရခက်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုလည်း ပြောလို့မရပါဘူး။ ကျတော်တို့ကတော့ ကျန်ရှိနေသေးတဲ့သူတွေအတွက် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆက်လက်ဆွေးနွေးသွားမှာပါ”

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကတော့ လက်ရှိမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ လက္ခဏာတွေမတွေ့ရသေးပေမယ့် အန္တရယ်ပိုကြီးလာပြီဆိုတာကိုတော့ ဝန်ခံပြောဆိုသွားခဲပါတယ် ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 20 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 32 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 33 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 40 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို