နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

F-16 ပျက်ကျပြီး ရက်ပိုင်းအကြာမှာပဲ ယူကရိန်းရဲ့ လေတပ်အကြီးအကဲကို ရာထူးကနေ ယူကရိန်းသမ္မတ ထုတ်ပယ်

သြဂုတ်လ (၃၁) ရက်၊ CNN သတင်း။

F-16 ပျက်ကျပြီး ရက်ပိုင်းအကြာမှာပဲ ယူကရိန်းရဲ့ လေတပ်အကြီးအကဲကို ရာထူးကနေ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ထုတ်ပယ်လိုက်သည်။ ယူကရိန်းသမ္မတ ဇလန်းစကီးသည် အမေရိကန်လုပ် F-16 ဂျက်တိုက်လေယာဉ် ပျက်ကျမှုကြောင့် ယူကရိန်းလေတပ်မှ ထိပ်တန်းလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ကြေညာပြီးနောက် တစ်ရက်အကြာတွင် ၎င်း၏လေတပ်ဦးစီးချုပ် မိုင်ကိုလာ အိုလက်စ်ချပ် (Mykola Oleshchuk) အား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ဇလန်းစကီးက လေတပ်၏ ကွပ်ကဲမှုအဆင့်သည် အားကောင်းရန် လိုအပ်သော်လည်း အိုလက်စ်ချပ်ကို ထုတ်ပယ်ရန် ၎င်း၏ ဆုံးဖြတ်ချက်သည် တနင်္လာနေ့တွင် F-16 ပျက်ကျမှုနှင့် ပတ်သက်မှု ရှိ၊ မရှိ ပြောကြားခြင်း မရှိပေ။

“ကျွန်တော်တို့ရဲ့ စစ်ဘက်လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေ၊ ရွေ့လျားမီးသတ်အဖွဲ့တွေ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ယူကရိန်းအတွက် အမှန်တကယ် တိုက်ပွဲဝင်သူတိုင်းအတွက် အမိန့်ပေးတဲ့အဆင့်မှာလည်း အရည်အသွေးပြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အင်အားကောင်းရမယ်။ ပြီးတော့ လူတွေကို ကာကွယ်ပေးနိုင်ရမယ်။ ကျွန်တော်တို့စစ်သားအားလုံးကို ဂရုစိုက်ရမယ်” ဟု ယူကရိန်းခေါင်းဆောင်က သောကြာနေ့တွင် ၎င်း၏ ညစဉ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး အနာတိုလီ ကရာဗွန်နိုဇ်ကာ (Anatoliy Kryvonozhka) သည် ယာယီလေတပ်ဦးစီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်တမ် အူမဲရော့ဗ် (Rustem Umerov) က အိုလက်စ်ချပ်ကို ထုတ်ပယ်မှုသည် လေယာဉ်မှူး သေဆုံးမှုနှင့် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။ “ဒါဟာ အလှည့်အပြောင်း တစ်ခုလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု CNN မှ အဲလက်စ် မာကွတ် (Alex Marquardt) နှင့် “The Situation Room” မေးမြန်းခန်းတွင် အူမဲရော့ဗ် က ပြောကြားခဲ့သည်။ “ဒါက သီးခြားပြဿနာနှစ်ခုပါ။ ဒီအဆင့်မှာ သူတို့ကို ကျွန်တော်က ဆက်နွယ်နေတယ်လို့ ချိတ်ဆက်ပြောမှာ မဟုတ်ပါဘူး” ဟု ၎င်းက လေယာဉ်မှူး သေဆုံးမှုသည် ကံဆိုးမှုဖြစ်ပြီး ယူကရိန်းတွင်ထို ဖြစ်ပျက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးတပ်များသည် ပြင်းထန်သော ဖိအားအောက်တွင် ရှိနေပြီး ရုရှားက ၎င်း၏ အိမ်နီးချင်းကို လေကြောင်းမှ ချေမှုန်းတိုက်ခိုက်နေခဲ့သည်။ “Moonfish” ဟု လူသိများသော F-16 လေယာဉ်မှူး အိုလက်ဆစ်မက်စ် (Oleksiy Mes) သည် ယူကရိန်းအပေါ် ရုရှားမှ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို တွန်းလှန်ရင်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့ကြောင်း ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ သူ၏သေဆုံးမှုသည် ယူကရိန်းအတွက် အထူးပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။ ပထမဆုံး F-16 တိုက်လေယာဉ်များသည် ယခုလအစောပိုင်းတွင် ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး Moonfish သည် ၎င်းတို့အား ပျံသန်းရန် လေ့ကျင့်ပေးထားသည့် လေယာဉ်မှူးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့သည် အခင်းဖြစ်ပွားမှုနောက်ကွယ်တွင် လေယာဉ်မှူး၏အမှား ဖြစ်ခဲ့သည်ဟု မယုံကြည်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သောကြာနေ့အစောပိုင်းက ဇလန်းစကီးသည် ယူကရိန်းအတွက် ၎င်းတို့၏ စစ်ရေးထောက်ပံ့မှုကို မြှင့်တင်ရန် အနောက်နိုင်ငံများကို ထပ်မံဖိအားပေးရန် မကြာသေးမီက တိုက်ခိုက်မှုများကို ကိုးကားဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံ ခါကိ့ဗ်မြို့မှာ သောကြာနေ့က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတစ်ခုနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်တွေက ရုရှားစစ်လေယာဉ်တွေ အခြေစိုက်ရာ နေရာတွေကို ဖျက်ဆီးပစ်နိုင်ရင် ဒီလိုဖြစ်မလာပါဘူး။ ဒီအကြမ်းဖက်မှုကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ဒါက လုံးဝ တရားမျှတတဲ့ လိုအပ်ချက်ပါ။ ယူကရိန်းရဲ့ ကာကွယ်ရေးကို အကန့်အသတ်နဲ့ လုပ်ရန်ကိစ္စဟာ အဓိပ္ပယ်မဲ့ပါတယ်။ တာဝေးပစ်စွမ်းရည်ရှိတဲ့ လက်နက်တွေကျနော်တို့ လိုနေတယ်။” ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် ကလေးကစားကွင်းအတွင်း ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူနေအဆောက်အအုံတစ်ခုတွင် အခြားလူများ သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူငါးဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

“ကျူးကျော်သူတွေက ကစားကွင်းက ကလေးတယောက်ကို သတ်ပစ်တယ်။ မိန်းကလေးတစ်ယောက်ပါ” ဟု ခါကိ့ဗ် မြို့တော်ဝန် Ihor Terekhov ကပြောကြားခဲ့ပြီး မြို့တော်၏စက်မှုခရိုင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုတွင် မီးလောင်မှုကြောင့် အခြားသူများလည်းသေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ မြို့လယ်ခေါင်ကို ပျံဝဲလာသည့် ဗုံးထိမှန်၍ ပေါက်ကွဲခဲ့တယ်လို့ Terekhov က ပြောပါသည်။ ကိယက်ဗ်က ရှေ့တိုး ထိုးစစ်ဆင်လာချိန်တွင် မော်စကိုက ခါကိ့ဗ်ကို ပစ်ခတ်တိုက်ခိုက်သည်။ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ မော်စကိုရဲ့ ဆုံးဖြတ်ချက်ကို တန်ပြန်ပြီး ယူကရိန်းက ရုရှားပိုင်နက်ထဲကို ဆက်လက် တိုးဝင်တိုက်ခိုက်နေချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ရှက်စရာကောင်းသည့် ချေမှုန်းမှုတစ်ခုဖြစ်သည့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းစစ်တပ်အကြီးအကဲ Oleksandr Syrskyi က ကိ့ဗ်၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံအနောက်ပိုင်း ကူစ်ခ် (Kursk) ဒေသသို့ ကျူးကျော်ဝင်ရောက်ရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နယ်စပ်ဒေသသို့ နောက်ထပ် ၂ ကီလိုမီတာ (၁.၂ မိုင်ခန့်) အထိတွန်းထိုးဝင်ရောက်ခဲ့ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ Syrskyi သည် ဝန်ထမ်းအစည်းအဝေးတစ်ခုအတွင်း သတင်းအချက်အလက်ကို လက်ဆင့်ကမ်းဖော်ပြခဲ့ပြီး ဇလန်းစကီးက တပ်ဖွဲ့များအတွက် “လွှဲပြောင်းပေးသည့်ရန်ပုံငွေ” ကို ဖြည့်တင်းခြင်းသည် “ကျွန်တော်တို့ရဲ့ ထိုးစစ်နေရာတွေကို အားကောင်းစေဖို့ အလွန်အရေးကြီးပါတယ်။” ယူကရိန်းရဲ့ ထိုးစစ်နှင့် ရုရှားလေကြောင်း တုံ့ပြန်မှုသည် ယူကရိန်းအရှေ့ပိုင်း မြေပြင်စစ်ဆင်ရေးမှ အာရုံပြောင်းသွားသော်လည်း Syrskyi က ရှေ့တန်းတစ်ခုလုံးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ပြောကြားခဲ့သည်။

“အခက်ခဲဆုံးအခြေအနေက Pokrovsk နေရာမှာ ရှိနေတယ်။ ရန်သူက ကျွန်တော်တို့တပ်တွေရဲ့ ခံစစ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေပေမယ့် ဒီနေ့မနက်အထိ တိုက်ခိုက်မှုတွေအားလုံးကို ချေမှုန်းနိုင်ပြီး ရန်သူကို တွန်းလှန်လိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။ မော်စကိုသည် ကူစ်ခ်ဒေသသို့ ယူကရိန်းကျူးကျော်ဝင်ရောက်မှုကို ထိန်းချုပ်ရန် ကြိုးစားရုန်းကန်နေရပြီး တဖက်တွင် ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်စ် ဒေသရှိ Pokrovsk ကို သိမ်းပိုက်ရန် ရုရှားတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ဖိအားပေးတိုက်ခိုက်လျက်ရှိသည်။ ရှေ့တန်းစစ်မျက်နှာသည် Pokrovsk အနီးသို့ ရွေ့လျားလာခဲ့ပြီး မြို့လယ်တွင် တိုက်ပွဲသံများကို ကြားနေရသည်ဟု ယခု သီတင်းပတ် အစောပိုင်းက မြို့တွင်းမှ သတင်းပေးပို့သည့် CNN အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

မော်စကိုအတွက် မဟာဗျူဟာကျသော ပစ်မှတ်ဖြစ်သော Pokrovsk သည် မြို့ကို အခြားစစ်ဘက်ဆိုင်ရာ အချက်အချာများနှင့် ဆက်သွယ်ပေးသည့် အဓိကထောက်ပံ့ရေးလမ်းပေါ်တွင် တည်ရှိပြီး ကိ့ဗ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ဒွန်းနက်စ်ဒေသရှိ ယူကရိန်းကာကွယ်ရေး၏ ကျောရိုးကို ဖန်တီးပေးသည်။ ဒွန်းနက်စ်ဒေသရှိ Pokrovsk အရှေ့တောင်ဘက် ၃၀ ကီလိုမီတာ (သို့မဟုတ် ၁၈.၆ မိုင်) အကွာ ခါကိ့ဗ်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။ “ဒီနေ့ ရန်သူဟာ ခါကိ့ဗ်ကို ဝင်ရောက်ရန် တက်ကြွစွာ ကြိုးစားနေပါတယ်။ အခု တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်၊ အဲဒီထဲမှာ ရုရှားတွေ တော်တော်များများ ရှိတယ်” ဟု ယူကရိန်း တပ်မဟာ ၅၉ မှ စစ်သည်တစ်ဦးက CNN သို့ သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့တွေက မြို့ကို မထိန်းချုပ်နိုင်သေးပေမယ့် အခြေအနေက ခက်ခဲနေပါတယ်။ ”

ယူကရိန်းကာကွယ်ရေးဝန်ကြီး Umerov က ဘိုင်ဒင် အစိုးရက ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် အပါအဝင် အုပ်ချုပ်ရေးအရာရှိများနှင့် ယနေ့တွေ့ဆုံရာတွင် ၎င်း၏တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားနေဆဲဖြစ်ပြီး ရုရှားပိုင်နက်အတွင်း တာဝေးပစ်လက်နက်များ အသုံးပြုနိုင်ရန် ယူကရိန်းအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးရန် အမေရိကန်အား တောင်းဆိုခဲ့သည်။ “ရုရှားအကြမ်းဖက်မှုကနေ နိုင်ငံသားတွေကို ကာကွယ်ဖို့ ဘယ်လိုစွမ်းရည်မျိုးတွေ လိုအပ်တယ်ဆိုတာကို ရှင်းပြခဲ့ပြီးပြီ၊ ဒါကြောင့် ကြားသိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Umerov မှ ပြောကြားခဲ့သည်။

Umerov သည် ရုရှားရှိ ယူကရိန်း၏ တန်ဖိုးမြင့်ပစ်မှတ် အများအပြားသည် တာဝေးပစ်ဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS) ၏ ပြင်ပတွင် ရှိနေကြောင်း အမေရိကန် အရာရှိတစ်ဦးထံမှ CNN သို့ အကဲဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည်။ “ကျွန်တော်တို့ရဲ့မြို့တွေကို တိုက်ခိုက်ဖို့ သူတို့ အသုံးပြုနေတဲ့ လေယာဉ်ကွင်းတွေဟာ ဝေးကွာတဲ့ အကွာအဝေးအတွင်း ရှိကြောင်း ပြသနေပါတယ်” ဟု Umerov မှပြောကြားခဲ့သည်။ ယူကရိန်းက ရုရှားပိုင်နက်အတွင်း သိမ်းပိုက်ထားသည့် ကူစ်ခ်နယ်မြေနှင့် ရုရှားက သိမ်းပိုက်ထားသည့်နယ်မြေကို အလဲအလှယ်လုပ်ဖို့ ရည်မှန်းထားခြင်း ရှိမရှိ မေးမြန်းရာမှာ Umerov က ယူကရိန်းက သူတို့ ခွင့်ပြုထားတဲ့ ပိုင်နက်ဆိုင်ရာ “စွမ်းဆောင်ရည်” အပေါ်မှာ ပိုပြီး အာရုံစိုက်ထားတယ်” ဟု ပြောပါသည်။

“ရုရှားတွေကို သူတို့ယာယီသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ တွန်းလှန်ဖို့၊ ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို တိုးမြှင့်ဖို့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်” ဟု Umerov က ပြောကြားခဲ့သည်။

ဓာတ်ပုံအညွှန်း။

၁။ “Moonfish” ဟု လူသိများသော F-16 လေယာဉ်မှူး အိုလက်ဆစ်မက်စ် (Oleksiy Mes)

၂။ ကူစ်ခ်နယ်မြေမှ ရုရှားစစ်ဘေးဒုက္ခသည်များ။

၃/၄/၅

ယူကရိန်းနိုင်ငံ၊ ခါကိ့ဗ်မြို့မှ အပျက်အစီးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော