နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ သတိပေး

နိုဝင်ဘာလ (၂)ရက်။

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းရဲ့ မနေ့က သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

တပ်ရင်းအနေနဲ့ ရဲဘော်အင်အား အမြဲတိုးတက်နေပြီး အင်အား များလာတာနဲ့အတူ COC သက်ရောက်တာနဲ့ စည်းကမ်းပိုင်းမှာ အားနည်းချက်တွေ ရှိလာမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အမှတ်(၁၂၂၂)တပ်ရင်းရဲ့ ရဲဘော်တွေဟာ လူထုအပေါ်မှာ ကိုယ်အမူအရာနဲ့ဖြစ်စေ၊ နှုတ်အမူအရာနဲ့ဖြစ်စေ ရိုင်းပြစွာ စော်ကားလာပါက တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

နောက်ပြီး မဟာမိတ်တပ်တွေအပေါ် ရိုင်းပြစွာ ကျူးလွန်ခဲ့မိရင်လဲ လာရောက်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တပ်ရင်းအနေနဲ့ ပြည်သူအပေါ် ကျင့်သုံးရမယ့် စည်းကမ်းကျင့်ဝတ်တွေနဲ့ တပ်ထဲ ချမှတ်ထားတဲ့ စစ်စည်းကမ်း ကျင့်ဝတ်တွေကို အမြဲမပြတ် စောင့်ထိန်းလိုက်နာတဲ့တပ်လို့ ပြောဆိုထားပါတယ်။

မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းဟာ မိုးကုတ်မြို့သိမ်းတိုက်ပွဲနဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ‌တွေအပါအဝင် ရှမ်း-မန်းစစ်ဆင်ရေးတွေထဲ ပါဝင်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)စခန်းကို သိမ်းပိုက်နိုင်တော့မယ်လို့ AA အသိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ နခခ(၅)စခန်းကို မကြာမီ သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပေါင်းတည်မြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က ပေါင်းတည်မြို့ သိမ်ကုန်းအထိုင်စခန်းကို အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဂွမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က (၁၂၀)ကျော်သေဆုံး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့က ဂွမြို့မှာ စစ်ကူတက်လာတဲ့ အင်အား (၁၈၀)ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းကို သံခဲချိုင်ရွာကမ်းခြေအနီးနဲ့ သံခဲချိုင်ရွာနဲ့ ကင်းပုံရွာကြားတို့မှာ (၃)ရက်တာ
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် သေဆုံးသူ (၁၀)ဦးထက်မနည်းရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ မနေ့က ညပိုင်းအချိန်ကစပြီး ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်တော့ လျှပ်စစ်မီးပါပြတ်သွားတယ်။ ရနေတဲ့ MPT ကလဲ မီးစက်နဲ့
မြန်မာသတင်း

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ (၄၈)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကနေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့စပ်လျဉ်းပြီး ဆွေးနွေးအတည်ပြုခဲ့တာလို့
မြန်မာသတင်း

မှော်ဘီလေတပ်ပစ်ခတ်ခံရပြီး လေယာဉ် (၂)စင်းပျက်စီးကာ စစ်ကောင်စီလေတပ်အရာရှိ (၃)ဦးအပါ (၁၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်က စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မှော်ဘီလေတပ်စခန်းကို BWM
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခစစ်ဌာနချုပ်ကလွဲပြီး စစ်ကောင်စီစခန်းအားလုံးကို ထိန်းချုပ်လိုက်ပြီလို့ AA ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ အမ်းမြို့မှာ နပခစစ်ဌာနချုပ်တစ်ခုကလွဲပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ အမ်းဒေသထဲမှာ စစ်ကောင်စီရဲ့ စခန်းနေရာ (၃၀)ကျော်ရှိတဲ့အထဲ ဒီကနေ့ဆိုရင် နပခတစ်ခုသာ ကျန်ရှိတော့တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိဖို့
မြန်မာသတင်း

ခံယူချက် မယိမ်းယိုင်ဖို့နဲ့ တပ်တွင်း စည်းလုံးဖို့ စစ်ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်စေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်က သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တပ်တွင်းစည်းလုံးညီညွတ်ဖို့အတွက် အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ