နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ် ရှော့ဇ်ကို (Olaf Scholz) ပြစ်တင်ဝေဖန်လိုက်ပြီးနောက် သီတင်းပတ်များအတွင်း ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်သည် ယူကရိန်းနိုင်ငံသို့ ၂ နှစ်ခွဲကာလအတွင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အုပ်ချုပ်ရေးသစ်သည် ယူကရိန်းနိုင်ငံအတွက် ပဋိပက္ခအဆုံးသတ်ရန် ကတိပြုထားသည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးနေသည့်အချိန်တွင် ရှော့ဇ်က ပူတင်ထံသို့ ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။

အဓိကအပြောင်းအရွှေ့တစ်ခုတွင် ဇလန်းစကီးကသောကြာနေ့တွင် ကိ့ဗ်၏ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေကို နေတိုးအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုသည် ယူကရိန်းတွင် “ဖြစ်နေသော ကြမ်းတမ်းသည့်စစ်ပွဲ” ကို အဆုံးသတ်နိုင်သည်ဟု သောကြာနေ့တွင် လမ်းကြောင်းချပြခဲ့သည်။

ရှော့ဇ်၏ ခရီးစဉ်သည် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် ဂျာမန်ရွေးကောက်ပွဲ မတိုင်မီ ရောက်ရှိလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲသည် မကြာမီဖြစ်လာရန် နီးကပ်လာနေပြီး ဂျာမဏီသည်ယူကရိန်း၏ဒုတိယအကြီးဆုံး လက်နက်ထောက်ပံ့သူဖြစ်ကြောင်း ဖော်ပြနေပြီး တဖက်တွင်လည်း စစ်ပွဲကို ပိုမိုကြီးထွားလာမှုကို တားဆီးရန်အတွက် တောရပ်စ်(Taurus) တာဝေးပစ် ခရုဇ်ဒုံးကျည်များကိုပေးပို့ရန် ရှော့ဇ်က ငြင်းဆိုခဲ့သည်။

ရှော့ဇ်သည် ယူကရိန်းအနေနှင့်နေတိုးအဖွဲ့ဝင်ဖြစ်အရှိန်အဟုန်ဖြင့် တောင်းဆိုနေမှုနှင့် ပတ်သက်၍ သတိကြီးစွာထားခဲ့သည်။ မကြာသေးမီလများအတွင်းက ယူကရိန်း၏ ခေါင်းဆောင် တောင်းဆိုနေမှုကိုလက်ခံ ရွေးချယ်ခြင်းထက် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရှာဖွေရန် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဇလန်းစကီးနှင့်တွေ့ဆုံရာတွင် ယခုလအတွင်း နောက်ထပ်စစ်ရေးပို့ဆောင်မှု ယူရိုသန်း ၆၅၀ ရှိကြောင်း ရှော့ဇ်မှပြောကြားခဲ့သည်။

“ဂျာမနီက ဥရောပမှာ ယူကရိန်းရဲ့ အခိုင်မာဆုံး ထောက်ခံသူအဖြစ် ဆက်ရှိနေဦးမယ်ဆိုတာ ဒီမြေပေါ်မှာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် အနောက်နိုင်ငံရှိ အဓိကအင်အားကြီးနိုင်ငံတခုမှ ၂နှစ်နီးပါးအကြာ ပထမဆုံး စကားပြောဆိုမှုအဖြစ် ရှော့ဇ်သည် ပူတင်နှင့် စကား‌ပြောဆိုခဲ့မှုအပါ် ဇလန်းစကီးက ရှော့ဇ်အားပြစ်တင်ဝေဖန်ခဲ့သည်။

ထိုဖုန်းခေါ်ဆိုမှုတွင် ရှော့ဇ်က ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းရန် ပွင့်လင်းမြင်သာမှုရှိရန် ရုရှားသမ္မတပူတင်ကို တိုက်တွန်းခဲ့သော်လည်း ရုရှားခေါင်းဆောင်က ငြိမ်းချမ်းရေး သဘောတူညီချက် လုပ်မည်ဆိုလျှင် ရုရှား၏သိမ်းယူထားသည့် နယ်မြေပိုင်ဆိုင်မှုနှင့် လုံခြုံရေးတောင်းဆိုမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည့်အပြင် ကိ့ဗ်မှ နေတိုးအဖွဲ့ဝင်အဖြစ် စွန့်လွှတ်ရမည်ဟု ပြောကြားခဲ့သည်။

ဇလန်းစကီးက ပူတင်ထံသို့ ဖုံးခေါ်ဆိုမှုသည်အန္တရာယ်ရှိပြီး “ပန်ဒိုရာ၏သေတ္တာ” ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် ရုရှားကို အထီးကျန်ဖြစ်စေခြင်းမှ လျော့ကျစေသည်ဟု မှတ်ချက်ပေးခဲ့သည်။ ဇလန်းစကီးသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရှော့ဇ်နှင့်တွေ့ဆုံရန် အောက်တိုဘာလတွင် ဘာလင်သို့သွားရောက်ခဲ့ပြီးသူ၏ “အောင်ပွဲအစီအစဥ်” ကို ထောက်ခံအားပေးမှုရရန် ဥရောပမြို့တော်များသို့ သွားရောက်လည်ပတ်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင် ယူကရိန်းသည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်ဖိတ်ကြားမှု ခံယူရန်နှင့် ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အနောက်တိုင်း ဒုံးကျည်များကို ကီယက်ဗ်အား ခွင့်ပြုပေးရန် တောင်းဆိုချက်တို့ ပါဝင်သည်။

အနောက်နိုင်ငံအချို့သည် ကိယက်ဗ်အား ၎င်းတို့၏လက်နက်များဖြင့် တာဝေးပစ် တိုက်ခိုက်မှုများ ပြုလုပ်ရန် နိုဝင်ဘာလတွင် ခွင့်ပြုခဲ့သည်။ ဆုံးဖြတ်ချက်အပြီးတွင် ရုရှားက Oreshnik ဟု အမည်ပေးထားသည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။ ယင်းဒုံးကျည်ကို စစ်ပွဲတွင် သို့မဟုတ် အခြားပဋိပက္ခများတွင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ။

တနင်္လာနေ့က ကိ့ဗ်- ၏ လွတ်လပ်ရေးရင်ပြင်တွင် ယူကရိန်းစစ်သားများအတွက် အောက်မေ့ဖွယ် အခမ်းအနားသို့ သွားရောက်ခဲ့ကြသည့် ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်နှင့် ယူကရိန်းသမတဇလန်းစကီး

ဓာတ်ပုံ- Gleb Garanich/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 85 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက