နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကောလင်းမြို့ထဲ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာနဲ့ပစ်ခတ်တာကြောင့် (၆) ဦးသေဆုံးကာ (၂) ဦးထက်မနည်းဒဏ်ရာရခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။

ဇန်နဝါရီလ (၂)ရက်နေ့က ကောလင်းမြို့ထဲကို စစ်ကောင်စီရဲ့ ဝန်းသိုမြို့အခြေစိုက် ခမရ (၁၂၀) တပ်ရင်းက ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၆) ဦးသေဆုံးကာ (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin PDF ထံက သိရပါတယ်။

“မနက် (၈)နာရီ (၄၈)မိနစ်ကစပြီး မနက် (၉)နာရီ (၂၃)မိနစ်အထိ ဝန်းသိုတပ်ရင်းကနေ ဟောင်ဝှစ်ဇာနဲ့ ကောလင်းမြို့ထဲကို (၈)ကြိမ်ပစ်ခတ်တာ၊ (၇)လုံးမြို့ထဲကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမကွဲဘူး”လို့ Kawlin PDF က ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး ထိခိုက်မှု အများဆုံးနေရာဟာ ကောလင်းမြို့အရှေ့ဈေးဖြစ်ပြီး ဈေးသူဈေးသားအချို့ သေဆုံးခဲ့တယ်လို့ Kawlin Revolution-KR က ဖော်ပြထားပါတယ်။

သေဆုံးခဲ့သူတွေဟာ ဒေါ်မိုးမိုးဝင်း (၅၅) နှစ်၊ ဒေါ်စန်းစန်းဝင်း (၄၆) နှစ်၊ မအေးနှင်း (၄၁) နှစ်အပါအဝင် အမည်မသိ (၁၈) နှစ်ခန့် အမျိုးသမီးတစ်ဦး၊ (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ကာ ဒဏ်ရာရသူ (၂) ဦးမှာ ဦးစောရွှေ (၅၁) နှစ်နဲ့ ဒေါ်ခင်မြ (၄၀) နှစ်တို့ဖြစ်တယ်လို့ KR က ပြောဆိုထားပါတယ်။

ဒါ့ပြင် ဒီဇင်ဘာလ (၃၀)ရက်နေ့ ညပိုင်းကလည်း ဝန်းသိုစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကောလင်းအရှေ့ခြမ်းရှိ တောင်မော်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တစ်လုံးမီးလောင်ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို (၃)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်တွေက ကောလင်းမြို့ကို သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ(၁၁၁)နဲ့ (၁၂၀)တို့ဟာ လက်နက်ခဲယမ်းနဲ့ လူအင်အား ပြန်လည်ဖြည့်တင်းကာ စစ်ကြောင်းထိုးလာတာတွေကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို