နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အမေရိကန်မှ လေကြောင်းဖြင့် အီရတ်နှင့် ဆီးရီးယားရှိ နေရာခုနစ်ခုရှိ ပစ်မှတ် ၈၅ ခုကို လက်တုံ့ပြန်တိုက်ခိုက်

ဖေဖော်ဝါရီလ (၃) ရက်။

အီရတ်နှင့် ဆီးရီးယားရှိ နေရာခုနစ်ခုတွင် အမေရိကန်က အဓိကပစ်မှတ် ၈၅ ခုကို လေကြောင်းတိုက်ခိုက်မှုများ သောကြာနေ့တွင် ပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များကို တိုက်ခိုက်ခဲ့သည့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များအပေါ် ကြီးမားသော တိုက်ခိုက်မှုများ စတင်လာဖွယ်ရှိသည်။ သတင်းများအရ အနည်းဆုံး ၃၉ ဦး သေဆုံးကြောင်း သိရှိရသည်။

တနင်္ဂနွေနေ့က ဂျော်ဒန်ရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများ၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် အမေရိကန်စစ်သည် သုံးဦးသေဆုံးကာ ဒဏ်ရာရသူ ၄၀ ထက်မနည်းရှိခဲ့သည့်အပေါ် အမေရိကန်စစ်တပ်က မိနစ် ၃၀ ကြာ လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်ဟု အိမ်ဖြူတော်က ပြောခဲ့သည်။ “ကျနော်တို့ ရွေးချယ်ထားတဲ့အချိန်နဲ့ နေရာတွေကိုတော့ ဆက်လက်တိုက်ခိုက်နေမှာဖြစ်တယ်” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်ဟာ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာ ပဋိပက္ခကို မရှာဖွေပါဘူး။ ဒါပေမယ့် အမေရိကန်ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းနေသူအားလုံးကို ဒီအချက်ကို သိပါစေ။ အမေရိကန်ကို အန္တရာယ်ပြုရင် လက်တုံ့ပြန်သွားမှာပါ” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ သောကြာနေ့က တိုက်ခိုက်မှုများသည် လက်နက်သိုလှောင်ရုံ သို့မဟုတ် လေ့ကျင့်ရေးဌာနများကို အဓိကအာရုံစိုက်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သော ရက်သတ္တပတ်များစွာအတွင်း အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များအပေါ် ယခင်တိုက်ခိုက်မှုများထက် သိသိသာသာ ပြင်းထန်စွာ လက်တုံ့ပြန်ကြောင်းထင်ရှားပါသည်။

အမေရိကန်တို့သည် နောက်ထပ်တိုက်ခိုက်မှုများကို ဟန့်တားလိုသော်လည်း ဂါဇာတွင် ဆက်လက်ဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အီရန်နှင့် ပဋိပက္ခ ဖြစ်ပွားမည်ကို ရှောင်ရှားလိုသည်။ ဆီးရီးယားနှင့် အီရတ်နှစ်နိုင်ငံစလုံးက အမေရိကန်၏ တိုက်ခိုက်မှုသည် ချိုးဖောက်ခြင်းဟု ခေါ်ဆိုကြပြီး အရှေ့အလယ်ပိုင်းကို ပိုမိုမတည်မငြိမ်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် “အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) Quds တပ်ဖွဲ့နှင့် ဆက်နွယ်နေသော ပြည်သူ့စစ်အဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ဗဟိုဌာနချုပ်မှ ကြေညာချက်တွင် အတည်ပြုခဲ့သည်။

“အမေရိကန်စစ်တပ်က ပစ်မှတ် ၈၅ ခုကျော်ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်ကနေ ပျံသန်းလာတဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေ အများအပြား ပါဝင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေမှာ တိကျတဲ့ ဒုံးလက်နက် ၁၂၅ လုံးကျော် အသုံးပြုခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိကျမှုနှင့် တိကျမှုမရှိသော လက်နက်နှစ်မျိုးစလုံးကို ဖြန့်ကျက်နိုင်သည့် B-1 တာဝေးပစ်ဗုံးကြဲလေယာဉ်ကို စစ်ဆင်ရေးတွင် အသုံးပြုခဲ့ကြောင်း ပင်တဂွန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“တိုက်ခိုက်ခံခဲ့ရတဲ့ အဆောက်အဦတွေထဲမှာ ကွပ်ကဲမှုထိန်းချုပ်ရေး စင်တာတွေ၊ ထောက်လှမ်းရေးဌာနတွေ၊ ဒုံးပျံတွေ၊ မောင်းသူမဲ့ ဝေဟင်သွားယာဉ်တွေ သိုလှောင်ရုံတွေ၊ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ ခဲယမ်းထောက်ပံ့ရေး ကွင်းဆက်ဌာနတွေနဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ကူညီပေးတဲ့ သူတို့ရဲ့ IRGC စပွန်ဆာတွေ ပါဝင်ပါတယ်။ ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုများသည် ကျွန်ုပ်တို့၏လက်တုံ့ပြန်မှု၏အစဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က “ တိုက်ခိုက်မှုတွေ အောင်မြင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုဆိုသည်။

အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများနှင့် စစ်သားများကို သေဆုံးစေခဲ့ပြီး အခြေခံအဆောက်အဦများ သိသိသာသာ ပျက်စီးစေခဲ့ကြောင်း ဆီးရီးယားစစ်တပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ “(အမေရိကန်) ဟာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသက မြို့အများအပြားနဲ့ ဆီးရီးယား-အီရတ်နယ်စပ်အနီးရှိ နေရာတွေ၊ မြို့တွေကို ဗြောင်ကျကျ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ အရပ်သားတွေနဲ့ စစ်သားအများအပြား ကျဆုံးခဲ့ရပြီး အခြားသူများ ထိခိုက်ဒဏ်ရာရခြင်း၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို သိသိသာသာ ပျက်စီးစေပါတယ်” ဟု ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက