နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်နိုင်ငံ ဟွားလျန်ကမ်းလွန်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်

ဧပြီလ (၃) ရက်။

ဒီကနေ့ ဧပြီလ ၃ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၈ မိနစ်မှာ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဟွားလျန်မြို့ကမ်းလွန်မှာ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ထိုင်ဝမ်မိုးလေဝသအာဏာပိုင်တွေက ကြေညာပါတယ်။

အသေအပျောက်သတင်း

ငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်တွေရဲ့သတင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဆူနာမီသတိပေးချက်များ

အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (NOAA) က ဂျပန်စံတော်ချိန် နံနက် ၁၁ နာရီခန့်မှာ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်နှင့် ဂျပန်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်သူများအတွက် ဆူနာမီဖြစ်နိုင်ခြေသတိပေးချက်အားလုံးကို ရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် ဒီရေတက်တဲ့အဆင့်မှာ အနည်းငယ်ပြောင်းလဲမှုတွေက နာရီပေါင်းများစွာ ဆက်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) က ပထမငလျင်နောက်ပိုင်း ပြင်းအား 5 မှ 6.7 ထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်လာခဲ့တယ်လို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 7 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 12 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 19 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 35 Views
ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တပြိုင်နက်တည်းလောင်ကျွမ်းနေတဲ့ တောမီး ၆ ခုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အခါမှာ မြို့နေလူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။ တောမီးကို ပိုမိုကြီးထွားစေတဲ့ ဆန်တာအန်နာမြို့ဘက်က လေတိုက်နှုန်းကြောင့် မီးခိုးငွေ့တွေဟာ
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 31 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 34 Views
ဇန်နဝါရီလ (၁၁) ရက်။ ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ
နိုင်ငံတကာသတင်း အမေရိကန်

Facebook မှ ဖယ်ရှားခဲ့ရသော အချက်အလက်များကို ပြန်လည်ရှာဖွေသည့်အခါ ဘိုင်ဒင်၏ တာဝန်ရှိသူများက ‘အော်ဟစ်’ ပြီး ကျိန်ဆဲကြလိမ့်မည်ဟု ဇူကာဘတ် ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 30 Views
ဇန်နဝါရီလ (၁၁) ရက်။ Meta CEO မှ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများသည် “ မှန်ကန်သော အကြောင်းအရာများ” အပါအဝင် အချို့သောပို့စ်များကို ဖယ်ရှားရန် ကုမ္ပဏီအား တောင်းဆိုခဲ့ကြောင်း ပေါ့ဒ်ကတ်စ်တွင် ဇန်နဝါရီလ (၁၁) နေ့က ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၊ အာလ်တီဒီနာသည် ‘စစ်ပွဲဖြစ်နေသကဲ့သို့’ တောမီးလောင်ကျွမ်းနေဟု တာဝန်ရှိသူများပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 50 Views
ဇန်နဝါရီလ (၁၁) ရက်။ လော့စ်အိန်ဂျလိစ်ကောင်တီ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်း ဘာဂါက ခရိုင်အတွင်းရှိ တောမီးဒဏ်ခံ အာလ်တီဒီနာမြို့ကို စစ်ပွဲဇုန်တစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖျက်ဆီးမှုအတိုင်းအတာကို မေးမြန်းရာတွင် ဘာဂါက “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”