နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမြောက်ပိုင်းမှာ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အငတ်ဘေး

+++++++++++++++

“ကျမက သမီးလေးတွေကို ကျွေးမွေးစောင့်ရှောက်ပေးနေတဲ့ မိခင်တစ်ယောက်ပါ” သူမကတော့ အက်စ်မား အဲလ်ဘယ်ဘာဆီဖြစ်ပါတယ်။

သူမအပါအဝင် ဂါဇာကလူတော်တော်များများဟာ ပေါင်မုန့်တွေစားဖို့ တော်တော်စိတ်ပျက်နေကြပုံပါပဲ၊ ပေါင်မုန့်တွေရဖို့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦတွေကြားကနေ နေ့တိုင်းဖြတ်သန်းသွားလာနေရတာဖြစ်ပါတယ်။ ဂါဇာမြောက်ပိုင်းဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟားမက်စ်စစ်သွေးကြွတွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်နေတဲ့နေရာလည်းဖြစ်ပါတယ်။

အဲဒီနေရာမှာ မုန့်ဆိုင်အချို့ပြန်ဖွင့်နေပြီး ရိက္ခာအတွက် ပေါပေါသီသီပြန်ရနေပြီဆိုပေမယ့် အကူအညီပေးရေးအေဂျင်စီတွေကတော့ ဂါဇာမြောက်ပိုင်းဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မုန့်ဆိုင်က သူမရဲ့အိမ်နဲ့ဆို အသွားအပြန် ၂ နာရီလောက်လမ်းလျှောက်ရတယ်လို့ ဘယ်ဘာဆီက ပြောပါတယ်။

“လမ်းတွေအကုန်လုံးက အပျက်အဆီးတွေနဲ့ ပိတ်မိနေလို့ မုန့်ဆိုင်ကို ကားနဲ့ သွားလို့မရပါဘူး။ မနက်ကတည်းက ပေါင်မုန့်သွားယူတာ ညနေမှ ပြန်ရောက်ပါတယ်။ ပေါင်မုန့်အနည်းငယ်ရဖို့ တော်တော် ပင်ပန်းခံရတယ်”

ပေါင်မုန့်ဆိုင်တွေ ပြန်ဖွင့်တာနဲ့ လောင်စာ၊ ဂျုံ၊ ရေ လုံလုံလောက်လောက်ရဖို့က ဂါဇာမှာ အငတ်ဘေးအန္တရာယ် ရပ်တန့်နိုင်ဖို့ အများကြီးအရေးပါ ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီလလယ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကနေ ပံ့ပိုးပေးတဲ့ လောင်စာနဲ့ ဂျုံတွေကြောင့် ပထမဆုံးပေါင်မုန့်ဆိုင်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အဲဒီပေါင်မုန့်ဆိုင်ရှေ့က အပျက်အစီးတွေကြားထဲမှာ ရာနဲ့ချီတဲ့လူတွေ တန်းစီစောင့်ဆိုင်းနေရပြီး အဲဒီလို စည်းစနစ်တကျတန်းစီဖို့ကိုလည်း လုံခြုံရေးတွေက စီမံပေးနေကြပါတယ်။ ဒီဆိုင်လေးက ကာမယ်အဂျာ ပေါင်မုန့်ဆိုင်ဖြစ်ပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲ ၅ ဆိုင်ထဲက လည်ပတ်နေတဲ့ တစ်ခုတည်းသောဆိုင်ဖြစ်ပါတယ်။

ဆိုင်ဖွင့်ဖို့ လိုအပ်ချက်က အလွန်များပြာပေမယ့် ၂၄ နာရီပတ်လုံး လည်ပတ်လုပ်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေရတယ်လို့ ပေါင်မုန့်လုပ်ငန်းရဲ့ စီမံခန့်ခွဲသူ ကာရမ်အဂျာက ပြောပါတယ်။ “ ဂါဇာတဝန်းက ဆိုင်ခွဲတွေ ထိခိုက်ပျက်ဆီးပြီး စက်တွေ 80 ရာခိုင်နှုန်းလောက်ပျက်ဆီးသွားလို့ ကျတော်တို့ တော်တော်နစ်နာခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့အစိတ်အပိုင်းတွေကို ပြန်ယူနိုင်ခဲ့လို့ အခုလို မုန့်ပြန်ဖုတ်ပြီး လူတွေကို ကူညီနိုင်တာပါ”

ဘယ်လာဆီကတော့ သူမရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေအတွက် လိုအပ်တဲ့ ပေါင်မုန့်ကြမ်း ၂ အိတ်ရဖို့ နေ့တိုင်း အချိန်မိနစ် ၂၀ လောက် စောင့်ဆိုင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။ “ ကျမတို့ ဘာတတ်နိုင်မှာလဲ၊ လမ်းပန်းဆက်သွယ်ရေးလည်းမရှိ၊ ကူညီမယ့်သူလည်း မရှိပါဘူး”

အိမ်ပြန်ရောက်တော့ ဘယ်လာဆီကို အန္တရယ်ကင်းကင်းနဲ့ ပြန်လာဖို့  သမီးလေးတွေက စောင့်ဆိုင်းနေကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အငတ်ဘေးကြောင့် ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုနဲ့ ရေဓါတ်ခမ်းခြောက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေရှိနေပါတယ်။ ဒါကြောင့် အစ္စရေးရဲ့ မဟာမိတ်နိုင်ငံတွေက ဂါဇာမှာ အငတ်ဘေးဆိုက်ရောက်မှုကို ကူညီဖြေရှင်းဖို့ ဖိအားပေးလာမှုတွေလည်း ရှိလာခဲ့ပါတယ်။

“ ပေါင်မုန့်ဆိုင်တွေ ပြန်မဖွင့်ခင်တုန်းက ပြောင်းမှုန့်တွေကို ဘီစကွတ်မုန့်တွေလို ဆုပ်နယ်ပြီး စားခဲ့ရပါတယ်။ ပထမတစ်ရက်၊ နှစ်ရက်လောက်က တော်တော်ကို စားရခက်ခဲပါတယ်”

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို လအတော်ကြာ ပိတ်ဆို့ထားပေမယ့် အခုအခါမှာ နယ်စပ်ဖြတ်ကျော်ဂိတ်အသစ်တွေ ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်လို့ ဂါဇာမြောက်ပိုင်းကို အကူအညီတွေအများအပြား ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အကူအညီပေးရေးအေဂျင်စီတွေက လုံလောက်တဲ့အနေအထားမှာမရှိသေးဘူးလို့ သတိပေးထားပြီး ဂါဇာမြောက်ပိုင်းမှာ အငတ်ဘေးဆိုက်နေဆဲပဲလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားပါတယ် ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက