နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

‘အကြမ်းဖက်ဆန္ဒပြမှုကို အကာအကွယ်မပေးဘူး’ ဟု ဘိုင်ဒင်က ကောလိပ်ကျောင်းတွင်း မငြိမ်မသက်မှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 သမ္မတသည် တက္ကသိုလ်ဆန္ဒပြမှုများနှင့်ပတ်သက်၍ တုံ့ပြန်ရန် ရီပတ်ဘလီကန်များထံမှ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကောလိပ်ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့သည်။ “ ကျွန်ုပ်တို့အားလုံး ဖြစ်ပျက်နေတာတွေကို မြင်ပြီးကြပြီ၊ သူတို့က အခြေခံကျတဲ့ အမေရိကန် နိယာမနှစ်ခုကို စမ်းသပ်ခဲ့တယ်” ဟု ရိုစဗက်လ်ခန်းမတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ပထမအချက်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စုဝေးပြီး သူတို့ရဲ့ အသံကို ကြားနိုင်ဖို့၊ ဒုတိယကတော့ တရားဥပဒေ စိုးမိုးရေးပါ။ နှစ်ခုစလုံးက လက်ကိုင်ထားရမယ့်အရာများဖြစ်တယ်” ဟုသူကဆိုသည်။

၎င်းသည် ကျောင်းဝင်းအများ အပြားတွင် ထိပ်တိုက်ရင်ဆိုင်မှုနှင့် ဖမ်းဆီးမှုများ တိုးမြင့်လာခြင်းမပြုမီ ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထောက်များအား ၎င်း၏ အတိုချုံး မှတ်ချက်ကိုပေးခဲ့ပြီးနောက် ဘိုင်ဒင် မှ အဆိုပါကိစ္စကို တိုက်ရိုက်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင်၊ သူက ဂါဇာရှိ ပါလက်စတိုင်းများ၏ ကြေကွဲဘွယ်အခြေအနေကို နားမလည်သောသူများနှင့် ဂျူးမုန်းတီးရေး လုပ်ရပ်များကို လုပ်နေသူနှစ်ဖက်လုံးကို သူက ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် မကြာသေးမီက အဖြစ်အပျက်များတွင် ၎င်း၏ သဘောထားကို ဖော်ပြပြီး လစ်ဘရယ် တက္ကသိုလ်ခေါင်းဆောင်များကို အစ္စရေး၏ တင်းမာသောထောက်ခံသူများအဖြစ် ပုံဖော်နေသည့် ရီပတ်ဘလီကန်များထံမှ ပါတီစည်းလုံးမှုကို ဆန့်ကျင်တိုက်ခိုက်သည့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒေါ်နယ်ထရန့်သည်လည်း ယခုအချိန်တွင် အမြတ်ထုတ်ရန် ကြိုးပမ်းနေသောကြောင့် ဆန္ဒပြပွဲများသည် သူ့အတွက် တကယ့်နိုင်ငံရေးတာဝန်ရှိကြောင်း သမ္မတက ကောင်းစွာသဘောပေါက်ကြောင်း ABC သတင်း အကြီးအကဲ အိမ်ဖြူတော် သတင်းထောက် မေရီဘရုစ် (Mary Bruce) က ဖော်ပြသည်။ ရီပတ်ဘလစ်ကန်သမတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရသူ ထရန့် က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် “ ကောလိပ်ကျောင်းများတွင် ဖြစ်ပေါ်နေသည့်ကိစ္စသည် ရှက်စရာဖြစ်ပြီး ဘိုင်ဒင်ဟာ ဒီကိစ္စကို ထွက်ပြောသင့်တယ်ဒါပေမဲ့ ဘိုင်ဒင်ဘယ်မှာ ရှိနေတယ်ဆိုတာကိုဘယ်သူမှ မသိဘူး” ဟုဆိုသည်။ 

“ ကျွန်ုပ်တို့သည် ကြီးမားသော၊ မတူကွဲပြားသော၊ လွတ်လပ်သောတွေးခေါ်မှုနှင့် လွတ်လပ်မှုကို မြတ်နိုးသော နိုင်ငံဖြစ်တာကြောင့် ဒီလို အဖြစ်အပျက်များကို မကြာခဏ ကြုံတွေ့နေရတယ်” ဟု ဘိုင်ဒင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ ဒီလိုအခိုက်အတန့်မျိုးမှာ နိုင်ငံရေးအကျိုးအမြတ်တွေရဖို့ အလျင်စလိုလုပ်တဲ့သူတွေ အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ဒါက နိုင်ငံရေးလုပ်ရတဲ့ အခိုက်အတန့်မဟုတ်ဘူး။ ရှင်းလင်းပြောပြရမဲ့အခိုက်အတန့်ပါပဲ။” “ဒါကြောင့် ရှင်းရှင်းလေးပဲ ပြောပါရစေ။ အကြမ်းဖက် ဆန္ဒပြတာကို အကာအကွယ် မပေးဘူး၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုကိုပဲ အကာအကွယ်ပေးခွင့်ပြုမှာဖြစ်တယ်” ဟု ဘိုင်ဒင်က ဆိုသည်။

ကြာသပတေးနေ့နှောင်းပိုင်းမှာတော့ ABC သတင်းဌာန မှ ဘိုင်းဒင်က ထရန့် ရဲ့ သဘောထားမှတ်ချက်ကြောင့်ထုတ်ပြောဖို့ ဖိအားတွေဖြစ်လာတဲ့အတွက်အခုလိုဘိုင်ဒင်ကထုတ်ပြောတာလားလို့မေးတာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်သတင်းထောက် ကရိန်းဂျင်းပီယာ (Karine Jean-Pierre) က ငြင်းဆိုခဲ့ သည်။

 “ ဘယ်သူ့ရဲ့ ဦးဆောင်မှုနောက်ကိုမှ လိုက်လုပ်နေတာမဟုတ်ဘူး သူပြောတာနဲ့ဘာမှမဆိုင်ပါဘူး” ဟု သမတ အထူးလေယဉ် (Air Force One) တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဂျင်းပီယာ က ပြောကြားခဲ့သည်။ “ ဘာပဲဖြစ်ဖြစ် သမ္မတက ဒီကိစ္စမှာ ဦးဆောင် ဦးရွက်ပြုသူပါပဲ” ။

အိမ်ဖြူတော်တွင် ဘိုင်ဒင်က ငြိမ်းချမ်းစွာဆန္ဒပြခြင်းမဟုတ်ဘဲ ဖျက်စီးခြင်း၊ ဘွဲ့နှင်းသဘင်အခန်းအနားအား ဖျက်သိမ်းခြင်း သို့မဟုတ် လူများကို ခြိမ်းခြောက်နှောက်ယှက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းတို့သည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို လုပ်ဆောင်ခြင်းမဟုတ်ဟုဆိုခဲ့သည်။ လူတွေဟာ ဘွဲ့တစ်ခုကို တက်ရောက်ယူနိုင်ရမယ်၊ သူတို့ရဲ့ ကျောင်းဝင်းထဲမှာ တိုက်ခိုက်ခံရမှာကို မကြောက်ရဘဲ သွားလာနိုင်ရမယ်လို့သူက ဆိုပါတယ်။ “အခြေခံအားဖြင့် ဒါဟာတရားမျှတစွာလုပ်ရမဲ့ကိစ္စပဲဖြစ်တယ်” ဟု သမ္မတက ပြောကြားခဲ့သည်။ “ဘယ်ဟာက မှန်တယ်ဆိုတာဖြစ်တယ် ။ ဒီနေရာမှာ ဆန္ဒပြပိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ပိုင်ခွင့်မရှိဘူး ဟုဆိုသည်။

ဘိုင်ဒင် က “ အမုန်းစကားတွေပြောဖို့ သို့မဟုတ် အကြမ်းဖက်မှုမျိုးတွေအတွက် နေရာမရှိဘူး” ဟုဆိုပြီး ဂျူးဆန့်ကျင်ရေး၊ အစ္စလာမ်မုန်းတီးရေး သို့မဟုတ် အာရပ်အမေရိကန်များနှင့် ပါလက်စတိုင်းအမေရိကန်များကို ခွဲခြားဆက်ဆံခြင်းတို့ကို လက်မခံကြောင်း ဇောင်းပေးပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအခန်းမှ ထွက်ခွာချိန်တွင် Biden အား စာနယ်ဇင်းသမားများက မေးခွန်းနှစ်ခုကို ဟစ်အော်မေးမြန်းခဲ့သည်။ ဆန္ဒပြမှုများကြောင့် ဒေသတွင်းထားရှိသည့် ၎င်း၏မူဝါဒများကို ပြန်လည်စဉ်းစားစေခြင်းရှိသလား မေးခွန်းကို ဘိုင်ဒင်က “ မရှိဘူး” ဟုဖြေခဲ့သည်။  ABC သတင်းဌာနမှ အိမ်ဖြူတော် အကြီးတန်းသတင်းထောက် စလီနာဝမ်း (Selina Wang) က ဘိုင်ဒင် အား အမျိုးသားအစောင့်တပ် (National Guard) ကို အသက်သွင်း ခေါ်ယူမလား ဟု မေးမြန်းခဲ့ရာ သူက “ မရှိဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဘိုင်ဒင် သည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ အသတ်ခံရမှုနှင့် ဝေဒနာခံစားရမှုအတွက် ပါလက်စတိုင်းများအတွက် စာနာစိတ်ကတဖက်၊ အစ္စရေးအား အခိုင်အမာထောက်ခံမှုကတဖက်နှင့် ဟန်ချက်ညီစေရန် ကြိုးပမ်းခဲ့သော်လည်း ကြမ်းတမ်းခက်ခဲသော ပြဿနာနှင့်ပတ်သက်၍ ၎င်း၏ချဉ်းကပ်မှုအပေါ် ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်အများအပြား၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ “ လူတွေမှာ ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ နက်နဲတဲ့ ခံယူချက်တွေကို နားလည်ပါတယ်” ဟု ဘိုင်ဒင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ အမေရိကမှာလွတ်လပ်စွာ ဆန္ဒပြခွင့်၊ သူတို့ပြောဆိုပိုင်ခွင့်တွေကို လေးစားတယ်။ ဒါပေမယ့် ဘာလုပ်လုပ်ရတယ်လို့ မဆိုလိုပါဘူး။ အကြမ်းဖက်မှုမရှိဘဲ၊ ဖျက်ဆီးခြင်းမရှိဘဲ၊ အမုန်းတရားကင်းကင်းနဲ့ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ဖို့လိုပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ