နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

‘အကြမ်းဖက်ဆန္ဒပြမှုကို အကာအကွယ်မပေးဘူး’ ဟု ဘိုင်ဒင်က ကောလိပ်ကျောင်းတွင်း မငြိမ်မသက်မှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 သမ္မတသည် တက္ကသိုလ်ဆန္ဒပြမှုများနှင့်ပတ်သက်၍ တုံ့ပြန်ရန် ရီပတ်ဘလီကန်များထံမှ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကောလိပ်ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့သည်။ “ကျွန်ုပ်တို့အားလုံး ဖြစ်ပျက်နေတာတွေကို မြင်ပြီးကြပြီ၊ သူတို့က အခြေခံကျတဲ့ အမေရိကန် နိယာမနှစ်ခုကို စမ်းသပ်ခဲ့တယ်” ဟု ရိုစဗက်လ်ခန်းမတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ပထမအချက်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စုဝေးပြီး သူတို့ရဲ့ အသံကို ကြားနိုင်ဖို့၊ ဒုတိယကတော့ တရားဥပဒေ စိုးမိုးရေးပါ။ နှစ်ခုစလုံးက လက်ကိုင်ထားရမယ့်အရာများဖြစ်တယ်”ဟုသူကဆိုသည်။

၎င်းသည် ကျောင်းဝင်းအများ အပြားတွင် ထိပ်တိုက်ရင်ဆိုင်မှုနှင့် ဖမ်းဆီးမှုများ တိုးမြင့်လာခြင်းမပြုမီ ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထောက်များအား ၎င်း၏ အတိုချုံး မှတ်ချက်ကိုပေးခဲ့ပြီးနောက် ဘိုင်ဒင် မှ အဆိုပါကိစ္စကို တိုက်ရိုက်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင်၊ သူက ဂါဇာရှိ ပါလက်စတိုင်းများ၏ ကြေကွဲဘွယ်အခြေအနေကို နားမလည်သောသူများနှင့် ဂျူးမုန်းတီးရေး လုပ်ရပ်များကို လုပ်နေသူနှစ်ဖက်လုံးကို သူက ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် မကြာသေးမီက အဖြစ်အပျက်များတွင် ၎င်း၏ သဘောထားကို ဖော်ပြပြီး လစ်ဘရယ် တက္ကသိုလ်ခေါင်းဆောင်များကို အစ္စရေး၏ တင်းမာသောထောက်ခံသူများအဖြစ် ပုံဖော်နေသည့် ရီပတ်ဘလီကန်များထံမှ ပါတီစည်းလုံးမှုကို ဆန့်ကျင်တိုက်ခိုက်သည့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒေါ်နယ်ထရန့်သည်လည်း ယခုအချိန်တွင် အမြတ်ထုတ်ရန် ကြိုးပမ်းနေသောကြောင့် ဆန္ဒပြပွဲများသည် သူ့အတွက် တကယ့်နိုင်ငံရေးတာဝန်ရှိကြောင်း သမ္မတက ကောင်းစွာသဘောပေါက်ကြောင်း ABC သတင်း အကြီးအကဲ အိမ်ဖြူတော် သတင်းထောက် မေရီဘရုစ် (Mary Bruce) က ဖော်ပြသည်။ ရီပတ်ဘလစ်ကန်သမတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရသူ ထရန့် က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် “ကောလိပ်ကျောင်းများတွင် ဖြစ်ပေါ်နေသည့်ကိစ္စသည် ရှက်စရာဖြစ်ပြီး ဘိုင်ဒင်ဟာ ဒီကိစ္စကို ထွက်ပြောသင့်တယ်ဒါပေမဲ့ ဘိုင်ဒင်ဘယ်မှာ ရှိနေတယ်ဆိုတာကိုဘယ်သူမှ မသိဘူး” ဟုဆိုသည်။ 

“ကျွန်ုပ်တို့သည် ကြီးမားသော၊ မတူကွဲပြားသော၊ လွတ်လပ်သောတွေးခေါ်မှုနှင့် လွတ်လပ်မှုကို မြတ်နိုးသော နိုင်ငံဖြစ်တာကြောင့် ဒီလို အဖြစ်အပျက်များကို မကြာခဏ ကြုံတွေ့နေရတယ်” ဟု ဘိုင်ဒင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ဒီလိုအခိုက်အတန့်မျိုးမှာ နိုင်ငံရေးအကျိုးအမြတ်တွေရဖို့ အလျင်စလိုလုပ်တဲ့သူတွေ အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ဒါက နိုင်ငံရေးလုပ်ရတဲ့ အခိုက်အတန့်မဟုတ်ဘူး။ ရှင်းလင်းပြောပြရမဲ့အခိုက်အတန့်ပါပဲ။” “ဒါကြောင့် ရှင်းရှင်းလေးပဲ ပြောပါရစေ။ အကြမ်းဖက် ဆန္ဒပြတာကို အကာအကွယ် မပေးဘူး၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုကိုပဲ အကာအကွယ်ပေးခွင့်ပြုမှာဖြစ်တယ်” ဟု ဘိုင်ဒင်က ဆိုသည်။

ကြာသပတေးနေ့နှောင်းပိုင်းမှာတော့ ABC သတင်းဌာန မှ ဘိုင်းဒင်က ထရန့် ရဲ့ သဘောထားမှတ်ချက်ကြောင့်ထုတ်ပြောဖို့ ဖိအားတွေဖြစ်လာတဲ့အတွက်အခုလိုဘိုင်ဒင်ကထုတ်ပြောတာလားလို့မေးတာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်သတင်းထောက် ကရိန်းဂျင်းပီယာ (Karine Jean-Pierre) က ငြင်းဆိုခဲ့ သည်။

 “ဘယ်သူ့ရဲ့ ဦးဆောင်မှုနောက်ကိုမှ လိုက်လုပ်နေတာမဟုတ်ဘူး သူပြောတာနဲ့ဘာမှမဆိုင်ပါဘူး” ဟု သမတ အထူးလေယဉ် (Air Force One) တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဂျင်းပီယာ က ပြောကြားခဲ့သည်။ “ဘာပဲဖြစ်ဖြစ် သမ္မတက ဒီကိစ္စမှာ ဦးဆောင် ဦးရွက်ပြုသူပါပဲ”။

အိမ်ဖြူတော်တွင် ဘိုင်ဒင်က ငြိမ်းချမ်းစွာဆန္ဒပြခြင်းမဟုတ်ဘဲ ဖျက်စီးခြင်း၊ ဘွဲ့နှင်းသဘင်အခန်းအနားအား ဖျက်သိမ်းခြင်း သို့မဟုတ် လူများကို ခြိမ်းခြောက်နှောက်ယှက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းတို့သည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို လုပ်ဆောင်ခြင်းမဟုတ်ဟုဆိုခဲ့သည်။ လူတွေဟာ ဘွဲ့တစ်ခုကို တက်ရောက်ယူနိုင်ရမယ်၊ သူတို့ရဲ့ ကျောင်းဝင်းထဲမှာ တိုက်ခိုက်ခံရမှာကို မကြောက်ရဘဲ သွားလာနိုင်ရမယ်လို့သူက ဆိုပါတယ်။ “အခြေခံအားဖြင့် ဒါဟာတရားမျှတစွာလုပ်ရမဲ့ကိစ္စပဲဖြစ်တယ်” ဟု သမ္မတက ပြောကြားခဲ့သည်။ “ဘယ်ဟာက မှန်တယ်ဆိုတာဖြစ်တယ် ။ ဒီနေရာမှာ ဆန္ဒပြပိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ပိုင်ခွင့်မရှိဘူး ဟုဆိုသည်။

ဘိုင်ဒင် က “အမုန်းစကားတွေပြောဖို့ သို့မဟုတ် အကြမ်းဖက်မှုမျိုးတွေအတွက် နေရာမရှိဘူး” ဟုဆိုပြီး ဂျူးဆန့်ကျင်ရေး၊ အစ္စလာမ်မုန်းတီးရေး သို့မဟုတ် အာရပ်အမေရိကန်များနှင့် ပါလက်စတိုင်းအမေရိကန်များကို ခွဲခြားဆက်ဆံခြင်းတို့ကို လက်မခံကြောင်း ဇောင်းပေးပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအခန်းမှ ထွက်ခွာချိန်တွင် Biden အား စာနယ်ဇင်းသမားများက မေးခွန်းနှစ်ခုကို ဟစ်အော်မေးမြန်းခဲ့သည်။ ဆန္ဒပြမှုများကြောင့် ဒေသတွင်းထားရှိသည့် ၎င်း၏မူဝါဒများကို ပြန်လည်စဉ်းစားစေခြင်းရှိသလား မေးခွန်းကို ဘိုင်ဒင်က “မရှိဘူး”ဟုဖြေခဲ့သည်။  ABC သတင်းဌာနမှ အိမ်ဖြူတော် အကြီးတန်းသတင်းထောက် စလီနာဝမ်း (Selina Wang) က ဘိုင်ဒင် အား အမျိုးသားအစောင့်တပ် (National Guard) ကို အသက်သွင်း ခေါ်ယူမလား ဟု မေးမြန်းခဲ့ရာ သူက “မရှိဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဘိုင်ဒင် သည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ အသတ်ခံရမှုနှင့် ဝေဒနာခံစားရမှုအတွက် ပါလက်စတိုင်းများအတွက် စာနာစိတ်ကတဖက်၊ အစ္စရေးအား အခိုင်အမာထောက်ခံမှုကတဖက်နှင့် ဟန်ချက်ညီစေရန် ကြိုးပမ်းခဲ့သော်လည်း ကြမ်းတမ်းခက်ခဲသော ပြဿနာနှင့်ပတ်သက်၍ ၎င်း၏ချဉ်းကပ်မှုအပေါ် ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်အများအပြား၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ “လူတွေမှာ ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ နက်နဲတဲ့ ခံယူချက်တွေကို နားလည်ပါတယ်” ဟု ဘိုင်ဒင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “အမေရိကမှာလွတ်လပ်စွာ ဆန္ဒပြခွင့်၊ သူတို့ပြောဆိုပိုင်ခွင့်တွေကို လေးစားတယ်။ ဒါပေမယ့် ဘာလုပ်လုပ်ရတယ်လို့ မဆိုလိုပါဘူး။ အကြမ်းဖက်မှုမရှိဘဲ၊ ဖျက်ဆီးခြင်းမရှိဘဲ၊ အမုန်းတရားကင်းကင်းနဲ့ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ဖို့လိုပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက