နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အာရှသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာစဉ်အတွင်း တရုတ်၏ ‘ရုရှားအား ပံ့ပိုးမှု’ သည် ယူကရိန်းစစ်ပွဲကို သက်တမ်းရှည်စေလိမ့်မည်ဟု ဇလန်းစကီးပြော

ဇွန်လ (၃) ရက်၊ စင်ကာပူ။

ရုရှားနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ယူကရိန်းစစ်ပွဲကို သက်တမ်းရှည်စေလိမ့်မည်ဟု ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ နိုင်ငံများအား တက်ရောက်ရန်ခေါ်ဆိုခဲ့ပြီး ရုရှားအား တားဆီးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ ဇလန်းစကီးသည် တရုတ်နှင့် အမေရိကန် အပါအဝင် စင်ကာပူတွင် ပြုလုပ်သည့် အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းမှ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ အံ့အားသင့်ဖွယ် တက်ရောက်လာပြီး မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွစ်ဇာလန်တွင် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ယူကရိန်းနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ရုရှားကို တရုတ်ရဲ့ ပံ့ပိုးမှုကြောင့် စစ်ပွဲက ပိုကြာလိမ့်မယ်။ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း တရားဝင်ကြေညာထားတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒဟာ တစ်ကမ္ဘာလုံးအတွက် ဆိုးရွားပါတယ်။ သူတို့အတွက်လည်း မကောင်းပါဘူး” ဟု ဇလန်းစကီးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် သူတို့အနေနှင့် ကြားနေသည်ဟု ဆိုထားပြီး ထိုအချက်သည် ငြိမ်းချမ်းရေးရရှိရေး သဘောတရား ဖြစ်သည်ဟု ဆိုထားသော်လည်း ရုရှားနိုင်ငံက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျူးကျော် ဝင်ရောက်ပြီးကတည်းက တရုတ်သည် ရုရှား၏ အဓိက စီးပွားရေး အသက်သွေးကြောအဖြစ် ရောက်ရှိလာပြီး ရုရှားနှင့် မဟာဗျူဟာနှင့် သံတမန်ဆက်ဆံရေးကို ပိုမိုနီးကပ်စွာ စည်းနှောင်လာခဲ့သည်။။

ရုရှားနိုင်ငံသို့ တရုတ်၏ နှစ်မျိုးသုံးနိုင်သည့်ကုန်ပစ္စည်းများ (စစ်ရေးနှင့်အရပ်သုံး) တင်ပို့ခြင်းသည် စစ်မက်ဖြစ်ပွားနေသော နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်း အခြေစိုက်ထုတ်လုပ်ရေးကို အားကောင်းစေသည်ဟု အမေရိကန်က စွပ်စွဲထားပြီး ယင်းကဲ့သို့ ထောက်ပံ့မှုအတွက် အကျိုးဆက်များကို ဘေဂျင်းကို သတိပေးထားပြီး ဘေဂျင်းက ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး မည်သည့်ဖက်ကိုမျှ လက်နက်များကိုမပေးကြောင်းနှင့် နှစ်မျိုးသုံး ကုန်ပစ္စည်းများ တင်ပို့မှုပေါ်တွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်ဟု ဆိုသည်။ ရုရှား၏ လက်နက်အစိတ်အပိုင်းအချို့သည် “ တရုတ်မှလာသည်” ဟု တနင်္ဂနွေနေ့က မှတ်ချက်ပေးရာတွင် ဇီလန်စကီးက ပြောဆိုခဲ့သည်။

ယူကရိန်းခေါင်းဆောင်က ရုရှားသည် လာမည့် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတွင် တရုတ်၏အကူအညီဖြင့် နိုင်ငံများအား မတက်ရောက်ရန် ဖိအားပေးရန် ကြိုးပမ်းနေသည်ဟုလည်း ယူကရိန်းခေါင်းဆောင်က သတိပေးခဲ့သည်။ “ရုရှားက ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို နှောင့်ယှက်ဖို့ ကြိုးစားနေတာ အမှန်ပါပဲ (ရုရှား) ဟာ အခု ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး လယ်ယာထွက်ကုန်၊ စားသောက်ကုန်၊ ဓါတုဗေဒပစ္စည်းတွေကို ပိတ်ဆို့တားဆီးမှုတွေနဲ့ ခြိမ်းခြောက်နေတယ်။ တခြားနိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို မတက်နိုင်အောင်ပါပဲ” ဟု ဇလန်းစကီးက ကာကွယ်ရေးညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း တရုတ်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် မေးမြန်းသည့်အခါ ယူကရိန်းခေါင်းဆောင်က ရုရှားသည် တရုတ်သံတမန်များကို နှောက်ယှက်ရန် အသုံးပြုနေသည်ဟု စွပ်စွဲခဲ့သည်။ “ဝမ်းနည်းစရာကောင်းတာက တရုတ်နိုင်ငံလို လွတ်လပ်တဲ့ အင်အားကြီးနိုင်ငံကြီးတွေဟာ ပူတင်ရဲ့လက်ထဲမှာ လက်နက်တစ်ခုဖြစ်နေလို့ ကံမကောင်းပါဘူး” ဟု ဇလန်းစကီး က စကားပြန်မှတစ်ဆင့် ပြောဆိုခဲ့သည်။ နောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ယူကရိန်းဘက်မှ စိတ်ပါဝင်စားနေသော်လည်း စင်ကာပူတွင် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းမရှိသေးကြောင်း ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံကို ရုရှားနဲ့ ယူကရိန်းနှစ်ဖက်လုံးက အသိအမှတ်ပြုမှု၊ နှစ်ဖက်လုံးမှ တန်းတူညီမျှ ပါဝင်မှုနဲ့ ငြိမ်းချမ်းရေး အစီအစဉ်အားလုံးကို တရားမျှတတဲ့ ဆွေးနွေးမှုတွေ ရှိသင့်တယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်က ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပြီး သူတို့၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့သည်။ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး တုံကျန်း (Dong Jun) က တရုတ်နိုင်ငံသည် “တာဝန်ရှိရှိအနေအထားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်နေသည်” ဟု တနင်္ဂနွေနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တုံကျန်းက တရုတ်သည် ရုရှ၏ကာကွယ်ရေးစက်မှုလုပ်ငန်းအခြေစိုက်စခန်းအား နှစ်မျိုးသုံးနိုင်သည့် ကုန်ပစ္စည်းများ ပေးပို့ခြင်းဖြင့် အားကောင်းလာစေသည်ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ပဋိပက္ခအတွင်း တစ်ဖက်နှင့်တစ်ဖက်သို့ လက်နက်များ ပေးအပ်ခြင်းမရှိသည့်အပြင် နှစ်မျိုးသုံးနိုင်သည့်ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားသည်ဟုလည်း တုံကျန်းက တုံ့ပြန်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးဦးစီးချုပ် လွိုက်အော်စတင်သည် သောကြာနေ့က တရုတ်နှင့်တွေ့ဆုံမှုအတွင်း တုံကျန်းနှင့် အဆိုပါ အရောင်းအဝယ်ကိစ္စများကို ပြောကြားခဲ့ပြီး ရုရှားစစ်တပ်ကို တရုတ်၏ ထောက်ခံအားပေးမှု တစ်စုံတစ်ရာအတွက် အကျိုးဆက်များရှိမည်ကို သတိပေးခဲ့သည်။

တနင်္လာနေ့က ဘေဂျင်းမှာ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဇလန်းစကီး၏ ပြောကြားချက်အပေါ် မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နှင့် ရုရှား၏ ကုန်သွယ်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး တရုတ်သည် “ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို လုံးဝဆန့်ကျင်ခြင်းမဟုတ်သလို တခြားနိုင်ငံတွေကို ဖိအားပေးခြင်းလည်း မရှိဘူး” ဟု ပြောသည်။” ယူကရိန်းအကျပ်အတည်း တိုးမြင့်လာချိန်မှစ၍ “ တရုတ်အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ဆက်ဆံရေးကို ကြီးမားစွာ အလေးထားဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ပြောကြားခဲ့သည်။

“အချိန်မရှိတော့ဘူး”

+++++++++++

ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ယူကရိန်းခေါင်းဆောင်၏ လူကိုယ်တိုင် ပန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ရုရှား၏ ကျူးကျော်ဝင်ရောက်မှုတွင် နှစ်နှစ်ကျော်ကြာ ရုရှားက ၎င်း၏ အရှေ့မြောက်ဘက်ရှိ ခါကိဗ် (Kharkiv) ဒေသသို့ ကြီးမားသော ချီတက်လာမှုကို အပြိုင်အဆိုင် တွန်းလှန်နေချိန်ဖြစ်သည်။ ၎င်း၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် နိုင်ငံတကာ၏ ထောက်ခံမှုကိုရရှိအောင် မြှင့်တင်နေခြင်းဖြစ်သည်။ ဇလန်းစကီး၏ အစီအစဉ်သည် ရုရှားတပ်ဖွဲ့များ အပြည့်အဝ ဆုတ်ခွာရန်နှင့် ယူကရိန်း၏ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်များကို ပြန်လည်ထူထောင်ရန် တောင်းဆိုထားသည်။ ယူကရိန်းခေါင်းဆောင်က “ ရုရှားတပ်ဖွဲ့တွေ မရုပ်သိမ်းမချင်း ညှိနှိုင်းမှာ မဟုတ်ဘူး” ဟု ပြောခဲ့ဖူးသည်။

ရုရှားမှခေါ်ဆောင်သွားသော ယူကရိန်းကလေးများအပါအဝင် “အချိန်မရှိတော့ဘူး” ဟု ဇလန်းစကီး က သုံးရက်ကြာ လုံခြုံရေး အစည်းအဝေး ပိတ်သည့်နေ့တွင် မိန့်ခွန်းပြောစဉ်အတွင်း လူအပြည့်ရှိနေသောခန်းမတစ်ခုအတွင်းပြောကြားခဲ့သည်။ “နျူကလီးယားလုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စစ်သုံ့ပန်းများ လွှတ်ပေးရေး၊” “ရုရှားမှ ဖမ်းဆီးခေါ်ဆောင်သွားသော ယူကရိန်းကလေးငယ်များ” အပါအဝင် ၎င်း၏ ငြိမ်းချမ်းရေး ဖော်မြူလာ၏ အချက်သုံးချက်ကို ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံများ၏ သဘောတူညီမှု ရရှိအောင်စည်းရုံးမည် ဖြစ်သည်။ ယူကရိန်း ငြိမ်းချမ်းရေးအတွက်ထိုရလာဒ်ကို “ ရုရှားလက်သို့ လွှဲပြောင်းပေးမည်” ဖြစ်သည်။

See insights and ads

Boost post

All reactions:

11

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 40 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 49 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 51 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု