နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အာရှသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာစဉ်အတွင်း တရုတ်၏ ‘ရုရှားအား ပံ့ပိုးမှု’ သည် ယူကရိန်းစစ်ပွဲကို သက်တမ်းရှည်စေလိမ့်မည်ဟု ဇလန်းစကီးပြော

ဇွန်လ (၃) ရက်၊ စင်ကာပူ။

ရုရှားနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ယူကရိန်းစစ်ပွဲကို သက်တမ်းရှည်စေလိမ့်မည်ဟု ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ နိုင်ငံများအား တက်ရောက်ရန်ခေါ်ဆိုခဲ့ပြီး ရုရှားအား တားဆီးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ ဇလန်းစကီးသည် တရုတ်နှင့် အမေရိကန် အပါအဝင် စင်ကာပူတွင် ပြုလုပ်သည့် အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းမှ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ အံ့အားသင့်ဖွယ် တက်ရောက်လာပြီး မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွစ်ဇာလန်တွင် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ယူကရိန်းနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ရုရှားကို တရုတ်ရဲ့ ပံ့ပိုးမှုကြောင့် စစ်ပွဲက ပိုကြာလိမ့်မယ်။ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း တရားဝင်ကြေညာထားတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒဟာ တစ်ကမ္ဘာလုံးအတွက် ဆိုးရွားပါတယ်။ သူတို့အတွက်လည်း မကောင်းပါဘူး” ဟု ဇလန်းစကီးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် သူတို့အနေနှင့် ကြားနေသည်ဟု ဆိုထားပြီး ထိုအချက်သည် ငြိမ်းချမ်းရေးရရှိရေး သဘောတရား ဖြစ်သည်ဟု ဆိုထားသော်လည်း ရုရှားနိုင်ငံက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျူးကျော် ဝင်ရောက်ပြီးကတည်းက တရုတ်သည် ရုရှား၏ အဓိက စီးပွားရေး အသက်သွေးကြောအဖြစ် ရောက်ရှိလာပြီး ရုရှားနှင့် မဟာဗျူဟာနှင့် သံတမန်ဆက်ဆံရေးကို ပိုမိုနီးကပ်စွာ စည်းနှောင်လာခဲ့သည်။။

ရုရှားနိုင်ငံသို့ တရုတ်၏ နှစ်မျိုးသုံးနိုင်သည့်ကုန်ပစ္စည်းများ (စစ်ရေးနှင့်အရပ်သုံး) တင်ပို့ခြင်းသည် စစ်မက်ဖြစ်ပွားနေသော နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်း အခြေစိုက်ထုတ်လုပ်ရေးကို အားကောင်းစေသည်ဟု အမေရိကန်က စွပ်စွဲထားပြီး ယင်းကဲ့သို့ ထောက်ပံ့မှုအတွက် အကျိုးဆက်များကို ဘေဂျင်းကို သတိပေးထားပြီး ဘေဂျင်းက ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး မည်သည့်ဖက်ကိုမျှ လက်နက်များကိုမပေးကြောင်းနှင့် နှစ်မျိုးသုံး ကုန်ပစ္စည်းများ တင်ပို့မှုပေါ်တွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်ဟု ဆိုသည်။ ရုရှား၏ လက်နက်အစိတ်အပိုင်းအချို့သည် “တရုတ်မှလာသည်” ဟု တနင်္ဂနွေနေ့က မှတ်ချက်ပေးရာတွင် ဇီလန်စကီးက ပြောဆိုခဲ့သည်။

ယူကရိန်းခေါင်းဆောင်က ရုရှားသည် လာမည့် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတွင် တရုတ်၏အကူအညီဖြင့် နိုင်ငံများအား မတက်ရောက်ရန် ဖိအားပေးရန် ကြိုးပမ်းနေသည်ဟုလည်း ယူကရိန်းခေါင်းဆောင်က သတိပေးခဲ့သည်။ “ရုရှားက ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို နှောင့်ယှက်ဖို့ ကြိုးစားနေတာ အမှန်ပါပဲ (ရုရှား) ဟာ အခု ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး လယ်ယာထွက်ကုန်၊ စားသောက်ကုန်၊ ဓါတုဗေဒပစ္စည်းတွေကို ပိတ်ဆို့တားဆီးမှုတွေနဲ့ ခြိမ်းခြောက်နေတယ်။ တခြားနိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို မတက်နိုင်အောင်ပါပဲ” ဟု ဇလန်းစကီးက ကာကွယ်ရေးညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း တရုတ်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် မေးမြန်းသည့်အခါ ယူကရိန်းခေါင်းဆောင်က ရုရှားသည် တရုတ်သံတမန်များကို နှောက်ယှက်ရန် အသုံးပြုနေသည်ဟု စွပ်စွဲခဲ့သည်။ “ဝမ်းနည်းစရာကောင်းတာက တရုတ်နိုင်ငံလို လွတ်လပ်တဲ့ အင်အားကြီးနိုင်ငံကြီးတွေဟာ ပူတင်ရဲ့လက်ထဲမှာ လက်နက်တစ်ခုဖြစ်နေလို့ ကံမကောင်းပါဘူး” ဟု ဇလန်းစကီး က စကားပြန်မှတစ်ဆင့် ပြောဆိုခဲ့သည်။ နောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ယူကရိန်းဘက်မှ စိတ်ပါဝင်စားနေသော်လည်း စင်ကာပူတွင် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းမရှိသေးကြောင်း ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံကို ရုရှားနဲ့ ယူကရိန်းနှစ်ဖက်လုံးက အသိအမှတ်ပြုမှု၊ နှစ်ဖက်လုံးမှ တန်းတူညီမျှ ပါဝင်မှုနဲ့ ငြိမ်းချမ်းရေး အစီအစဉ်အားလုံးကို တရားမျှတတဲ့ ဆွေးနွေးမှုတွေ ရှိသင့်တယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်က ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပြီး သူတို့၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့သည်။ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး တုံကျန်း (Dong Jun) က တရုတ်နိုင်ငံသည် “တာဝန်ရှိရှိအနေအထားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်နေသည်” ဟု တနင်္ဂနွေနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တုံကျန်းက တရုတ်သည် ရုရှ၏ကာကွယ်ရေးစက်မှုလုပ်ငန်းအခြေစိုက်စခန်းအား နှစ်မျိုးသုံးနိုင်သည့် ကုန်ပစ္စည်းများ ပေးပို့ခြင်းဖြင့် အားကောင်းလာစေသည်ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ပဋိပက္ခအတွင်း တစ်ဖက်နှင့်တစ်ဖက်သို့ လက်နက်များ ပေးအပ်ခြင်းမရှိသည့်အပြင် နှစ်မျိုးသုံးနိုင်သည့်ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားသည်ဟုလည်း တုံကျန်းက တုံ့ပြန်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးဦးစီးချုပ် လွိုက်အော်စတင်သည် သောကြာနေ့က တရုတ်နှင့်တွေ့ဆုံမှုအတွင်း တုံကျန်းနှင့် အဆိုပါ အရောင်းအဝယ်ကိစ္စများကို ပြောကြားခဲ့ပြီး ရုရှားစစ်တပ်ကို တရုတ်၏ ထောက်ခံအားပေးမှု တစ်စုံတစ်ရာအတွက် အကျိုးဆက်များရှိမည်ကို သတိပေးခဲ့သည်။

တနင်္လာနေ့က ဘေဂျင်းမှာ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဇလန်းစကီး၏ ပြောကြားချက်အပေါ် မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နှင့် ရုရှား၏ ကုန်သွယ်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး တရုတ်သည် “ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို လုံးဝဆန့်ကျင်ခြင်းမဟုတ်သလို တခြားနိုင်ငံတွေကို ဖိအားပေးခြင်းလည်း မရှိဘူး” ဟု ပြောသည်။” ယူကရိန်းအကျပ်အတည်း တိုးမြင့်လာချိန်မှစ၍ “တရုတ်အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ဆက်ဆံရေးကို ကြီးမားစွာ အလေးထားဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ပြောကြားခဲ့သည်။

“အချိန်မရှိတော့ဘူး”

+++++++++++

ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ယူကရိန်းခေါင်းဆောင်၏ လူကိုယ်တိုင် ပန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ရုရှား၏ ကျူးကျော်ဝင်ရောက်မှုတွင် နှစ်နှစ်ကျော်ကြာ ရုရှားက ၎င်း၏ အရှေ့မြောက်ဘက်ရှိ ခါကိဗ် (Kharkiv) ဒေသသို့ ကြီးမားသော ချီတက်လာမှုကို အပြိုင်အဆိုင် တွန်းလှန်နေချိန်ဖြစ်သည်။ ၎င်း၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် နိုင်ငံတကာ၏ ထောက်ခံမှုကိုရရှိအောင် မြှင့်တင်နေခြင်းဖြစ်သည်။ ဇလန်းစကီး၏ အစီအစဉ်သည် ရုရှားတပ်ဖွဲ့များ အပြည့်အဝ ဆုတ်ခွာရန်နှင့် ယူကရိန်း၏ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်များကို ပြန်လည်ထူထောင်ရန် တောင်းဆိုထားသည်။ ယူကရိန်းခေါင်းဆောင်က “ရုရှားတပ်ဖွဲ့တွေ မရုပ်သိမ်းမချင်း ညှိနှိုင်းမှာ မဟုတ်ဘူး” ဟု ပြောခဲ့ဖူးသည်။

ရုရှားမှခေါ်ဆောင်သွားသော ယူကရိန်းကလေးများအပါအဝင် “အချိန်မရှိတော့ဘူး” ဟု ဇလန်းစကီး က သုံးရက်ကြာ လုံခြုံရေး အစည်းအဝေး ပိတ်သည့်နေ့တွင် မိန့်ခွန်းပြောစဉ်အတွင်း လူအပြည့်ရှိနေသောခန်းမတစ်ခုအတွင်းပြောကြားခဲ့သည်။ “နျူကလီးယားလုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စစ်သုံ့ပန်းများ လွှတ်ပေးရေး၊” “ရုရှားမှ ဖမ်းဆီးခေါ်ဆောင်သွားသော ယူကရိန်းကလေးငယ်များ” အပါအဝင် ၎င်း၏ ငြိမ်းချမ်းရေး ဖော်မြူလာ၏ အချက်သုံးချက်ကို ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံများ၏ သဘောတူညီမှု ရရှိအောင်စည်းရုံးမည် ဖြစ်သည်။ ယူကရိန်း ငြိမ်းချမ်းရေးအတွက်ထိုရလာဒ်ကို “ရုရှားလက်သို့ လွှဲပြောင်းပေးမည်” ဖြစ်သည်။

See insights and ads

Boost post

All reactions:

11

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက