နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းခြံမှာ စစ်ကောင်စီဗိုလ်ကြီးဦးဆောင်တဲ့အဖွဲ့က ခရီးသွားပြည်သူတွေရဲ့ကားတွေကို ဓါးပြတိုက်လုယက်တာတွေပြုလုပ်

ဇူလိုင်လ (၃)ရက်။

ဇူလိုင်လ (၁)ရက်နေ့ နံနက်(၆)နာရီခွဲကျော်အချိန်က မြင်းခြံမြို့မှာ စစ်ကောင်စီဗိုလ်ကြီးဦးဆောင်တဲ့အဖွဲ့ဟာ ခရီးသွားပြည်သူတွေရဲ့ကားတွေကို ခြိမ်းခြောက်ဓါးပြတိုက်ကာ လုယက်တာတွေပြုလုပ်ခဲ့တယ်လို့ မြင်းခြံခရိုင်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဗိုလ်ကြီးအဆင့်ဦးဆောင်တဲ့ အင်အား(၅၀)ခန့်ဟာ မြင်းခြံမြို့၊ ကျောက်ကန်ရွာမှာ တပ်စွဲထားပြီး ရွာထိပ်ရှိ မြင်းခြံ-နဘူးပိုင်လမ်းပိုင်းက ဖြတ်သန်းသွားလာတဲ့ ကားတွေကို ဓါးပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ ကားပေါ်ပါတဲ့ ခရီးသည်တွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဆီကနေ ဖုန်း၊ ရွှေ၊ ငွေ၊ အ၀တ်အစားနဲ့ ပါလာတာတွေကို အကုန်ယူသွားခဲ့တယလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ အဲ့ဒီအချိန် ဖြတ်သန်းသွားလာ‌တဲ့ ခရီးသည်တင်ကား၊ မြို့ပေါ်ဈေးလိုက်ရွာကား၊ (၆)ဘီး (၁၂)ဘီး ကုန်တင်ကားနဲ့ ခွေးဘီလူးကား စတဲ့ အနည်းဆုံး ကား(၁၅)စီးခန့်ကို ခြိမ်းခြောက်လုယက်ခဲ့တာလို့ ရေးသားထားပါတယ်။

ကျောက်ကန်ရွာထဲမှာ စစ်ကောင်စီတပ်နဲ့ ရွာက ပျူစောထီး(၁၀၀)ခန့် တပ်စွဲထားကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ လူငယ်ပိုင်းဗိုလ်ကြီးတစ်ဦးက ဦးဆောင်ပြီး ဓါးပြတိုက်တာလို့ ပြောဆိုထားပါတယ်။

ဓါးပြတိုက်တဲ့အထဲ ကျောက်ကန်ရွာက ပျူစောထီးတွေနဲ့ ကုက္ကဲရွာမှာ တပ်စွဲနေထိုင်ဖူးတဲ့ စစ်ကောင်စီတပ်သားတွေ ပါ၀င်ကာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အဲ့ဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားပြီး ကျူးလွန်တာတွေ ပျောက်ကွယ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်ထဲက ခရီးသွားပြည်သူတွေအနေနဲ့ လက်နက်ကိုင်ခြိမ်းခြောက်လုယက်တာ ခံခဲ့ရပါက ဖြစ်စဉ်ဖြစ်ပြီးချင်း ပြည်သူအချင်းချင်း သတင်းအမြန်ဖြန့်ဖြူးဖို့နဲ့ ကာကွယ်ရေးအဖွဲ့တွေထံ သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို