နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

နှစ် ၂၀ အတွင်း ပထမဆုံး ဒီဇိုင်းပြောင်းလဲမှုနှင့် ဂျပန်နိုင်ငံ၏ ငွေစက္ကူအသစ် ထုတ်ပြန်

ဇူလိုင်လ (၃) ရက်။

ငွေသားသုံးစွဲမှုကို နှစ်သက်တဲ့ဂျပန်နိုင်ငံမှာ တဖြည်းဖြည်း ငွေသားကင်းစင်သွားရန်ကြိုးပမ်းနေချိန်မှာ ငွေစက္ကူအတုအယောင် ဆန့်ကျင်ရေး နည်းပညာတွေပါဝင်တဲ့ နောက်ဆုံးပေါ် ယန်း ၁၀၀၀၀၊ ယန်း ၅၀၀၀ နဲ့ ယန်း ၁၀၀၀ တန် ငွေစက္ကူ အသစ်တွေကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ စတင်ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။

သမိုင်းဝင် ကိန်းဂဏန်းတွေပါရှိတဲ့ သုံးဖက်မြင် ဟိုလိုဂရမ်တွေပါရှိတဲ့ ငွေစက္ကူအသစ်တွေရဲ့ ပထမအသုတ်ကို ဂျပန်ဘဏ်ရုံးချုပ်ကနေ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကို ထရပ်ကားတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၂) ရက်နေ့မှာပဲ အဲ့ဒီငွေစက္ကူအသစ်တွေကို ဘဏ်တွေနဲ့ အလိုအလျောက်ငွေထုတ်သွင်းစက် ATM တွေမှာ ရရှိနိုင်ပါတယ်။ အရင်ငွေစက္ကူတွေကလည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

ငွေစက္ကူ တစ်သောင်းတန်မှာတော့ ဂျပန်စီးပွားရေးပညာရှင် စက်မှုလုပ်ငန်းရှင် ရှီဘူဇာဝါ အေအီချိ (Shibusawa Eiichi (1840-1931) ) ရဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။

ငွေစက္ကူ ငါးထောင်တန်မှာတော့ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သူ ဆူဒါ အူမေကို (Tsuda Umeko (1864-1929)) ကို အသုံးပြုထားပြီး တစ်ထောင်တန် ငွေစက္ကူမှာတော့ ခေတ်သစ်ဂျပန်ဆေးပညာဖခင်လို့ လူသိများတဲ့ အဏုဇီဝဗေဒပညာရှင် ကီတာဇာဝါ ရှီဘာစာဘူရို (Shibasaburo Kitasato (1853-1931)) ကို အသုံးပြုထားပါတယ်။

ငွေစက္ကူတွေကို ဒီဇိုင်းပြန်ရေးဆွဲဖို့ အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှာ ဂျပန်အစိုးရက ကြေညာခဲ့ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြင်ဆင်ချိန် ရစေခဲ့ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ATM စက်တွေနဲ့ လက်မှတ်ရောင်းချတဲ့စက်အများစုနဲ့ စျေးရောင်းချတဲ့စက်တွေမှာလည်း ငွေစက္ကူ တွေနဲ့ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့နေရာနဲ့ မဖြစ်သေးတဲ့နေရာတွေလည်း ရှိနေပါသေးတယ်။ အဆင်သင့် မဖြစ်သေးတဲ့နေရာတွေမှာတော့ ငွေစက္ကူအသစ်တွေကို အဟောင်းတွေနဲ့ လဲပေးပြီး သုံးစွဲလို့ရအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန်

လန်ဒန်မြို့ရှိ လယ်သမားများ၏ လယ်ထွန်စက်ဆန္ဒပြမှု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 12 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက် လယ်သမားများဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၁ရက်နေ့မှာ ထွန်စက်တွေနဲ့ လန်ဒန်မြို့ကို ပိတ်ဆို့ပြီး အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။၂၀၂၄
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးရဲများသည် အရှေ့ဂျေရုဆလင်ရှိ UNRWA ဝန်းအတွင်း ဝင်ရောက်စီးနင်းပြီး ကုလသမဂ္ဂအလံကို အစ္စရေးအလံဖြင့် အစားထိုးခဲ့ကြောင်း အေဂျင်စီအကြီးအကဲက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 20 Views
CNN – ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဂျေရုဆလင် — အစ္စရေးအာဏာပိုင်များသည် တနင်္လာနေ့တွင် သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 30 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ဥရောပအကြား ပြဲထွက်လာသော အက်ကွဲကြောင်းသည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရုရှားအစိုးရကိုယ်စားလှယ်များသည် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်က မော်စကိုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း အားစိုက်ထုတ်ခဲ့ရသော်လည်း၊ ရုရှားတို့သည် ယခုအခါ –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းက နယ်မြေစွန့်လွှတ်ရန် ငြင်းဆိုနေစဉ် ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ပြင်ဆင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 36 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ယူကရိန်းသည် နယ်မြေများ လုံးဝမစွန့်လွှတ်ရစေရန် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို အိမ်ဖြူတော်သို့ တင်ပြရန် ပြင်ဆင်နေပါသည်။ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယူကရိန်းနှင့် နိုင်ငံတကာဥပဒေအရ ထိုသို့လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်က ‘ယိုယွင်းနေသည့်’ ဥရောပနိုင်ငံများနှင့် ‘အားနည်းသော’ ခေါင်းဆောင်များကို ဝေဖန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 32 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က ဥရောပခေါင်းဆောင်များကို “ အားနည်းသည်” ဟု ဝေဖန်ခဲ့ပြီး ယူကရိန်းအတွက် ထောက်ပံ့မှုများကို အမေရိကန်က လျှော့ချနိုင်ကြောင်း ပြောကြားခဲ့သည်။ Politico နှင့် ပြုလုပ်ခဲ့သော
နိုင်ငံတကာသတင်း ယူကရိန်း

စီစဉ်ထားသော မီးဖြတ်တောက်မှုများကြောင့် ကီယက်ဗ်ရှိ လူများစွာမှာ ၁၆ နာရီကြာ လျှပ်စစ်မီးမရရှိဘဲ ဖြစ်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 40 Views
CNN ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၈ရက် ရုရှားက ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများကို အကြီးအကျယ် တိုက်ခိုက်မှု များကြောင့် စီစဉ်ထားသော မီးဖြတ်တောက်မှုများကြောင့် ယူကရိန်းမြို့တော် ကီယက်ဗ်ရှိ ပြည်သူများသည် ယနေ့တွင် ၁၆ နာရီကြာ လျှပ်စစ်မီးမရရှိဘဲ
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

နယ်သာလန်က ယူကရိန်းကို နောက်ထပ် ဒေါ်လာ ၈၁၅ သန်း ထပ်မံ ထောက်ပံ့ရန် ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 43 Views
CNN –၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ရက် နယ်သာလန်အစိုးရက ယနေ့တွင် လာမည့်နှစ်၏ ပထမသုံးလပတ်အတွင်း ယူကရိန်းအား နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၈၁၅ သန်း (ယူရို သန်း ၇၀၀) ထပ်မံ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။