နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

နှစ် ၂၀ အတွင်း ပထမဆုံး ဒီဇိုင်းပြောင်းလဲမှုနှင့် ဂျပန်နိုင်ငံ၏ ငွေစက္ကူအသစ် ထုတ်ပြန်

ဇူလိုင်လ (၃) ရက်။

ငွေသားသုံးစွဲမှုကို နှစ်သက်တဲ့ဂျပန်နိုင်ငံမှာ တဖြည်းဖြည်း ငွေသားကင်းစင်သွားရန်ကြိုးပမ်းနေချိန်မှာ ငွေစက္ကူအတုအယောင် ဆန့်ကျင်ရေး နည်းပညာတွေပါဝင်တဲ့ နောက်ဆုံးပေါ် ယန်း ၁၀၀၀၀၊ ယန်း ၅၀၀၀ နဲ့ ယန်း ၁၀၀၀ တန် ငွေစက္ကူ အသစ်တွေကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ စတင်ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။

သမိုင်းဝင် ကိန်းဂဏန်းတွေပါရှိတဲ့ သုံးဖက်မြင် ဟိုလိုဂရမ်တွေပါရှိတဲ့ ငွေစက္ကူအသစ်တွေရဲ့ ပထမအသုတ်ကို ဂျပန်ဘဏ်ရုံးချုပ်ကနေ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကို ထရပ်ကားတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၂) ရက်နေ့မှာပဲ အဲ့ဒီငွေစက္ကူအသစ်တွေကို ဘဏ်တွေနဲ့ အလိုအလျောက်ငွေထုတ်သွင်းစက် ATM တွေမှာ ရရှိနိုင်ပါတယ်။ အရင်ငွေစက္ကူတွေကလည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

ငွေစက္ကူ တစ်သောင်းတန်မှာတော့ ဂျပန်စီးပွားရေးပညာရှင် စက်မှုလုပ်ငန်းရှင် ရှီဘူဇာဝါ အေအီချိ (Shibusawa Eiichi (1840-1931) ) ရဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။

ငွေစက္ကူ ငါးထောင်တန်မှာတော့ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သူ ဆူဒါ အူမေကို (Tsuda Umeko (1864-1929)) ကို အသုံးပြုထားပြီး တစ်ထောင်တန် ငွေစက္ကူမှာတော့ ခေတ်သစ်ဂျပန်ဆေးပညာဖခင်လို့ လူသိများတဲ့ အဏုဇီဝဗေဒပညာရှင် ကီတာဇာဝါ ရှီဘာစာဘူရို (Shibasaburo Kitasato (1853-1931)) ကို အသုံးပြုထားပါတယ်။

ငွေစက္ကူတွေကို ဒီဇိုင်းပြန်ရေးဆွဲဖို့ အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှာ ဂျပန်အစိုးရက ကြေညာခဲ့ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြင်ဆင်ချိန် ရစေခဲ့ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ATM စက်တွေနဲ့ လက်မှတ်ရောင်းချတဲ့စက်အများစုနဲ့ စျေးရောင်းချတဲ့စက်တွေမှာလည်း ငွေစက္ကူ တွေနဲ့ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့နေရာနဲ့ မဖြစ်သေးတဲ့နေရာတွေလည်း ရှိနေပါသေးတယ်။ အဆင်သင့် မဖြစ်သေးတဲ့နေရာတွေမှာတော့ ငွေစက္ကူအသစ်တွေကို အဟောင်းတွေနဲ့ လဲပေးပြီး သုံးစွဲလို့ရအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်သူကို FBI ဖော်ထုတ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 9 Views
ဇူလိုင်လ (၁၄) ရက်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားဟာ အသက်
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း)

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 11 Views
ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပန်ဆီဗေးနီးယားပြည်နယ် ဘာ့သ်မြို့မှာ လူထုစည်းရုံးရေးပွဲကျင်းပနေချိန်အတွင်း လုပ်ကြံပစ်ခတ်ခြင်းခံခဲ့ရပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်သူကို FBI ဖော်ထုတ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 13 Views
ဇူလိုင်လ (၁၄) ရက်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရော့စ် (Thomas Mathews Crooks)
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 15 Views
အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို +++++++++++++++++++ နေတိုးမဟာမိတ်တွေအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းပေးဖို့ ယူကရိန်းသမ္မတဇယ်လင်စကီးကတောင်းဆိုလိုက်ပါတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ “ ကျတော်တို့အနေနဲ့ စစ်ပွဲကို
မြန်မာသတင်း အာရှ

နယ်စပ်ဒေသတည်ငြိမ်ဖို့ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 16 Views
ဇူလိုင်လ (၁၃)ရက်။ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ဖို့ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးကို ဇူလိုင်(၁၁)ရက်က နယူးဒေလီမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ သုံးနိုင်ငံအစည်းအဝေးကို အိန္ဒိယပြည်ပရေးရာ၀န်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ ထိုင်းနိုင်ငံခြားရေး၀န်ကြီး မစ္စတာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မီးရှို့မှုနှင့် ဗုံးဖောက်ခွဲရန် ကြံစည်မှုတို့ဖြင့် နေတိုးအဖွဲ့ဝင်များအပေါ် ရုရှား၏ ‘အရိပ်စစ်ပွဲ’ မည်ကဲ့သို့ ကြီးထွားလာနေခဲ့သနည်း?

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 12 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ရုရှားက ဆင်နွဲနေသည့် အရိပ်စစ်ပွဲတွင် ယူကရိန်းအတွက် လက်နက်များ ထားသည့် ဂိုဒေါင်များ မီးရှိုခံရမှု။ နေတိုးက ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးနေသည်ကို ရိုက်ကူးရယူသည့် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်မှု။ ဝန်ကြီးဌာနဆိုင်ရာ ကားများကို ခိုးယူ ဖျက်ဆီးခြင်းနှင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ယူကရိန်းကို ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား တောင်းဆို

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 12 Views
++++++++++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၁) ရက်။ ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ စစ်ဘေးသင့်နိုင်ငံအား ဆောလျင်စွာ အကူအညီပေးရန် နိုင်ငံတကာခေါင်းဆောင်များအား နိုဝင်ဘာလအထိ မစောင့်ဆိုင်းရန် သို့မဟုတ် အခြားလများအထိ မစောင့်ရန် အင်္ဂါနေ့က တိုက်တွန်းခဲ့သည်။ ဇလန်းစကီးက “
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဘိုင်ဒင်သည် ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များကို ကြေညာခြင်းဖြင့် နေတိုးထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 15 Views
ဇူလိုင်လ (၁၀) ရက်။ NATO ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးအသစ် ထောက်ပံ့ပေးမည့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ကြေညာခဲ့ပြီး ရုရှားကျူးကျော်မှုကို ခုခံရာတွင် ယူကရိန်းနိုင်ငံအတွက် အလွန်လိုအပ်နေသည့် အထောက်အပံ့များကို