နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်းတွင် နေထိုင်နေသူများ ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က အမိန့်ထုတ်ပြန်

ဇူလိုင် (၃) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်စ်အရှေ့ပိုင်းနှင့် ရာဖာတွင် နေထိုင်သူများကို အစ္စရေးစစ်တပ်က ဇူလိုင်လ (၁) ရက်နေ့တွင် ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မြေပြင်စစ်ဆင်ရေးအသစ်များ စီစဉ်နေခြင်းကြောင့်ဟု ယူဆရပါသည်။

ဂါဇာကမ်းမြှောင်ရှိ ကျန်ရှိသည့် ဆေးရုံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည့် ခန်းယူနစ်စ်ရှိ ယူရိုပီယံဂါဇာ (European Gaza) ဆေးရုံလည်း ပါဝင်သည်။

ဆေးရုံ၏ဒုတိယဥက္ကဋ္ဌနှင့် ဆရာဝန်များ၏ ပြောကြားချက်အရ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာများနှင့် မွေးကင်းစကလေးငယ်များကို ဆေးပစ္စည်းကိရိယာများနှင့်အတူ အခြားဆေးရုံများသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ဆေးရုံ၏ လက်ထောက်ဒါရိုက်တာက CNN သတင်းဌာနကို “အခင်းဖြစ်ရာက ဖရိုဖရဲဖြစ်ပြီး အခြေအနေက အရမ်းခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။ ဤဆေးရုံကို အပြောင်းအရွှေ့ လုပ်ရသည်မှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း ပြောပါသည်။

ခန်းယူနစ်စ်ရှိ အာမယ်လ်ဆေးရုံသည် ယူရိုပီယံဂါဇာဆေးရုံမှ ပို့ဆောင်ထားသော ဒဏ်ရာရရှိသူများနှင့် ပြည့်လျှံနေပြီဖြစ်ကြောင်း ပါလက်စတိုင်းလခြမ်းနီအသင်းက ဇူလိုင်လ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြို့တွင်းရှိ နာဆာဆေးရုံသည်လည်း ယူရိုပီယံဂါဇာဆေးရုံမှ လူနာများဖြင့် ပြည့်နေပြီး ကျန်လူနာများကို အာမယ်လ်ဆေးရုံက လက်ခံကုသပေးနေသည်ဟု သိရှိရပါတယ်။

ကနဦး ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေးစစ်တပ်က အဆိုပါအမိန့်သည် ယူရိုပီယံဂါဇာဆေးရုံရှိ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆိုရှယ်မီဒီယာများတွင် တင်ထားသည့် ဒေသဆိုင်ရာ ဗီဒီယိုများတွင် ဆေးရုံတင်ထားရသည့်လူနာများကို လမ်းပေါ်တွင် ထမ်းစင်များပေါ် တင်ဆောင်သွားကြသည်ကို တွေ့မြင်ရပါသည်။

လအတန်ကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် ဧပြီလတွင် ခန်းယူနစ်စ်မှ မြေပြင်တပ်များကို ဆုတ်ခွာခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) မှ ပြောရေးဆိုခွင့်ရှိသူက အစ္စရေး၏အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် လူပေါင်း ၂၅၀၀၀၀ ခန့်ကို ပစ်မှတ်ထားနေရာမှ ရွှေ့ပြောင်းပေးမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

မူရင်းသတင်း။ CNN

ဓာတ်ပုံ။

အစ္စရေးစစ်တပ်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် ပါလက်စတိုင်းသားများကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက