နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲတွေကြောင့် ထောင်ဖောက်ထွက်ပြေးလာတဲ့ အကျဉ်းသား (၁၀၀)ကျော် သေနတ်ထိမှန်သေဆုံးခဲ့ရ

ဩဂုတ်လ (၃)ရက်။

ဇူလိုင်လ (၂၈)ရက်နေ့က လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲတွေကြောင့် အကျဉ်းသား (၁၀၀)ကျော် သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ဇူလိုင် (၂၈)ရက်နေ့ နံနက် (၁၀)နာရီခွဲမှာ ထောင်အနီးတိုက်ပွဲတွေဖြစ်တော့ အကျဉ်းထောင်၀န်ထမ်းတွေ ထွက်ပြေးကြတာ၊ အဲ့ဒါကြောင့် အကျဉ်းသားတွေက ထောင်ဖောက်ပြီးပြေးကြတာ။ အဲ့ဒီလို အပြင်ကိုပြေးတဲ့အချိန် သေနတ်ထိမှန်ပြီး (၁၀၀)ကျော်လောက် သေဆုံးခဲ့ပါတယ်” လို့ လွတ်မြောက်လာတဲ့အကျဉ်းသားတစ်ဦးက ဆိုပါတယ်။

ထောင်အနီးတိုက်ပွဲတွေကြောင့် အကျဉ်းထောင်၀န်ထမ်းတွေဟာ ထွက်ပြေးသွားခဲ့တဲ့အတွက် အကျဉ်းသားတွေကိုယ်တိုင် ထောင်ဖောက်ပြေးလာခဲ့ကြတာဖြစ်ပြီး သေနတ်ထိမှန်ကာ သေဆုံးသွားခဲ့ရသူတွေရဲ့ အသေးစိတ်ကိုတော့ မသိရှိရပါ။

လားရှိုးအကျဉ်းထောင်ထဲမှာ အကျဉ်းသား (၂၅၀၀)နဲ့ အချုပ်သား (၂၀၀)ခန့်ရှိပြီး အဲ့ဒီထဲက နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အကျဉ်းသား (၁၈၀၀)ကျော်ကို MNDAA က ထိန်းသိမ်းထားကာ လက်နက်ကိုင်တွေနဲ့ဆက်စပ်တဲ့ အကျဉ်းသားတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေထဲက တအာင်းလူမျိုး (၁၃၀)ကျော်ကိုလဲ TNLA ထံ ပြန်လည်အပ်နှံပြီးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေကို ခွဲခြားထားပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ MNDAA ဘက်က ပြောဆိုထားတာမရှိ‌သေးပါဘူး။

လားရှိုးတိုက်ပွဲ (၁)လပြည့်တဲ့ ဒီကနေ့ ဩဂုတ်လ (၃)ရက်နေ့မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးစောင့်ကြည့်သူတွေရဲ့ ကနဦးပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၃၁)ရက်နေ့က ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၇)ရက်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖိတ်ခေါ်ထားတယ်လို့
မြန်မာသတင်း

“ ကမ္ဘာမကြေဘူး” သီချင်းရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ကွယ်လွန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် သန်လျင်မြို့်ရှိ နေအိမ်မှာ တေးရေး နိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ မနက်အစောပိုင်းမှာ မောတယ်ဆိုပြီးစဖြစ်တာ၊ နောက်ပြီးတော့ နည်းနည်းသက်သာသွားရာကနေ (၇)နာရီခွဲကျော်တော့
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေထဲ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်းပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇)ရက်။ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသား (၆၁)ဦးဟာ အွန်လိုင်းလိမ်လည်တာတွေနဲ့ လောင်းကစားတွေ ကျူးလွန်စေဖို့
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၇)ရက်။ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇)ရက်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ခိုက်တာတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့
မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ
မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုတ်ဖိုအပိုင် ပဲခူးရိုးမထဲက