နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သူ့ကို ဝေဖန်တဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကိုစစ်မက်မက်မောတဲ့သူအဖြစ် စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်သင့်တယ်ဟု ထရန့်ပြောဆို

နိုဝင်ဘာလ (၂) ရက်။

အမေရိကန် ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ဝေဖန်သည့် ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကို “စစ်မက်မက်မောသူအဖြစ် စွပ်စွဲပြီး သူ့ကို ပစ်သတ်သင့်တယ်” ဟု ပြောဆိုခဲ့ပါသည်။

အောက်တိုဘာ ၃၁ ရက်တွင်၊ အရီဇိုးနားပြည်နယ်၊ Glendale ရှိ မဲဆွယ်ပွဲတစ်ခုတွင် Fox News အစီအစဉ်တင်ဆက်သူ တပ်ကာ ကာလ်စွန် (Tucker Carlson) နှင့် စင်မြင့်ပေါ်၌ ထရန့် ပေါ်ထွန်းလာသောအခါ၊ ချိန်နီအကြောင်းကို ထရန့်က “သူမဟာ စစ်ပွဲကို နှစ်သက်တဲ့ သိမ်းငှက်စစ်သွေးကြွပဲ” သူမကို ဟိုမှာ ရိုင်ဖယ်သေနတ်ကိုင်ပြီး ရပ်ခိုင်းထား ပြီးရင် သေနတ်ကိုးလက်နဲ့ ချိန်ပစ်သင့်တယ်။” “သူ့မျက်နှာကို သေနတ်နဲ့ ချိန်လိုက်တဲ့အခါ ဘယ်လိုခံစားရလဲ ကြည့်ရအောင်” ဟု ဆိုခဲ့ပါသည်။

ချိန်နီသည် တစ်ချိန်က အောက်လွှတ်တော်တွင် နံပါတ် ၃ ရီပတ်ဘလီကန်အမတ်ဖြစ်ခဲ့သည်။ ထရန့်သည် ချိန်နီအား ကဲ့ရဲ့ရှုံ့ချပြီး သူမအား “အမိုက်စားကြီး” “မိုက်မဲသောလူသား” နှင့် “လူမိုက်” ဟုခေါ်ဆိုခဲ့သည်။

ချိန်နီကို သေနတ်နဲ့ချိန်ပြီး ထိန်းသိမ်းသင့်တယ်လို့ ထရန့်ရဲ့ မှတ်ချက်တွေက နိုင်ငံရေးပြိုင်ဘက်တွေအပေါ် သူ့ရဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုမှုတွေမှာ ပိုမိုပြင်းထန်လာနေတာကို ပြသနေပါတယ်။ ရက်ပိုင်းသာ လိုတော့သည့် သမ္မတ ရွေးကောက်ပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း အသိအမှတ်ပြုခြင်း မရှိသေးသော ထရန့်သည် လူထု၏ ယုံကြည်မှုကို ပျက်ပြားစေရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က သူသည် “အတွင်းရန်သူ” ဟု ဖော်ပြထားသည့် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကို စစ်ရေးအရ အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ချိန်နီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို လွှမ်းမိုးရန် ထရန့်၏ကြိုးပမ်းမှုနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်၊ အမေရိကန်လွှတ်တော်တိုက်ခိုက်မှုတွင် သူပါဝင်ပတ်သက်မှုအပေါ် ရီပတ်ဘလီကန်၏ အပြောင်မြောက်ဆုံး ဝေဖန်သူ ဖြစ်နိုင်သည်။ လွှတ်တော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသည့် အောက်လွှတ်တော် အထူးကော်မတီတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးနောက် ၎င်းသည် ၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝိုင်အိုမင်ပြည်နယ်၌ ထရန့်ကျောထောက်နောက်ခံပြုထားသည့် လွှတ်တော်အမတ်ကို ရှုံးခဲ့သည်။

ညနေပိုင်းတွင် ချိန်နီသည် ထရန့်၏ မှတ်ချက်ကို တုံ့ပြန်ခဲ့သည်။

“လွတ်လပ်တဲ့နိုင်ငံတွေကို အာဏာရှင်တွေက ဘယ်လို ဖျက်ဆီးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်။” သူတို့ကို ဆန့်ကျင်ပြောကြားတဲ့သူမှန်သမျှကို အသေသတ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ရဲ့ လွတ်လပ်မှုကို အာဏာရှင်ဖြစ်လိုတဲ့သူက ဒီလို လက်စားချေချင်တဲ့၊ ကောက်ကျစ်တဲ့၊ ရန်လိုတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ တည်ငြိမ်မှုမရှိတဲ့လူတစ်ဦးထံကို အပ်နှင်းလို့ မရနိုင်ပါ။ ဟု X တွင်ရေးသားခဲ့သည်။

ချိန်နီသည် မကြာသေးမီက ဒီမိုကရက်တစ်သမ္မတလောင်း ဒုတိယသမ္မတ ဟဲရစ်နှင့် မဲဆွယ်စည်းရုံးရာတွင် ရီပတ်ဘလစ်ကန်များက ဟဲရစ်အား ထောက်ခံရန်နှင့် ဒီမိုကရေစီကို ခြိမ်းခြောက်နေသော ကိုယ်စားလှယ်လောင်းများကို ပယ်ချရန် ပါတီတွင်းသဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားရန် တိုက်တွန်းခဲ့သည်။

ထရန့်၏မှတ်ချက်စကားပြီးနောက် ချိန်နီနှင့် သူမစကားပြောခဲ့ကြောင်း သတင်းထောက်များနှင့်အင်တာဗျူးတွင် ဟဲရစ်က သူမ သိရှိကြောင်းပြောခဲ့ပြီး ထိုကဲ့သို့သော စကားလုံးကို အသုံးပြုသူတစ်ဦးသည် “သမ္မတဖြစ်ရန်အရည်အချင်းမပြည့်မီကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်သည်” ကို ထောက်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက