နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေစဉ် လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ဖော်ပြနေသည်။


အောက်တိုဘာလ (၂) ရက်၊ ဟောင်ကောင် (CNN)။
တရုတ်သည် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်ကို တည်ဆောက်နေပုံရသည်။ ကျွမ်းကျင်သူများက မကြုံစဖူး စွမ်းအားမြင့်တက်လာနိုင်ဖွယ်ရှိသည့် ဤသင်္ဘောသည် နိုင်ငံ၏ ရေတပ်တည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနိုင်သည်။
အမေရိကန်ကုမ္ပဏီ Planet Labs မှ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများသည် တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်းဒုံပြည်နယ်ရှိ လုံးဂျာကျွန်းရှိ သင်္ဘောကျင်းတွင် ကျယ်ဝန်းသော လေယာဉ်ပျံ ကုန်းပတ်ပါသည့် သင်္ဘောကို ပြသထားသည်။
အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘောတပ်မှူးဟောင်းလည်းဖြစ်သည့် သောမတ်ရှူးဂတ် (Thomas Shugart) က အမေရိကန်ရေတပ် CNAS မှ သုတေသနလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် သောမတ်စ်ရှူဂတ် (Thomas Shugart) က လေယာဉ်တင် သင်္ဘောအမျိုးအစားအသစ် ဖြစ်ပုံရသည့် သင်္ဘော၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားမှာ အထူးအဆန်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “အရင် လေယာဉ်တင်သင်္ဘောတွေထက် အများကြီး သေးငယ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်ရေတပ်က အသုံးပြုသည့် Type 075 ကုန်းနေရေနှစ်သွယ်ချေမှုန်းရေးသင်္ဘောထက် သေးငယ်သောကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး အရပ်ဘက်သုံး လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေနိုင်သည်ဟု Shugart က ပြောကြားခဲ့သည်။ သမုဒ္ဒရာရှာဖွေရေးသင်္ဘောကဲ့သို့ သင်္ဘောရှေ့တွင် အသုံးပြုရန် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုပါသည်။
သင်္ဘောသစ်တည်ရှိမှုကို အွန်လိုင်းမီဒီယာ “Warzone´ မှ ပထမဆုံးဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အရှိန်အဟုန်ဖြင့် ခေတ်မီဆန်းသစ်သော စစ်သင်္ဘောများကို အမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။ နိုင်ငံ၏ လေယာဉ်တင်သင်္ဘော တည်ဆောက်ရေး နည်းပညာသည် အမေရိကန်နှင့် အပြိုင်ဖြစ်သည်။
လေယာဉ်တင်သင်္ဘော အမျိုးအစား သင်္ဘောသစ်များ ဆောက်လုပ်ခြင်းသည် “စစ်တပ်-အရပ်ဘက် ပေါင်းစပ်ဗျူဟာ” သို့ တရုတ်နိုင်ငံ၏ ကူးပြောင်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ ရှူးဂတ် (Shugart) ၏ အဆိုအရ တရုတ်နိုင်ငံသည် ဤမဟာဗျူဟာတွင် ရည်ရွယ်ချက် နှစ်မျိုးသုံး သင်္ဘောများကို အသုံးပြုနေသည်။
အမေရိကန် အင်ဒို-ပစိဖိတ် ပူးပေါင်းစစ်ဆင်ရေးဗဟို (US Indo-Pacific Command’s Joint Information Center) မှ စစ်ဆင်ရေးမှူးဟောင်း ကားလ်ရှူးစတား (Karl Schuster) က အဆိုပါ သင်္ဘောများသည် ကုန်ကျစရိတ်သက်သာစွာဖြင့် တည်ဆောက်နိုင်ဖွယ်ရှိသည့်အပြင် ခြိမ်းခြောက်မှုနည်းသော စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရန် စွမ်းဆောင်ရည်နှင့် စစ်ဆင်ရေးထောက်ပို့စွမ်းရည်များကို ပေါင်းထည့်ရန် ဖြစ်နိုင်ခြေရှိကြောင်း ထောက်ပြခဲ့သည်။
“သင်္ဘောကိုယ်နှိုက်က ပေါ့ပါးတဲ့အတွက် တရုတ်ကမ်းခြေစောင့်တပ်အတွက် ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို သယ်ယူရာမှာ အသုံးပြုနိုင်တယ်” ဟု ရှူးစတားက လေ့လာသုံးသပ်ထားသည်။ “ဝေဟင်လပ်ဖောင်းများ ထိန်းသိမ်းထားခြင်ဟာ ဝေးကွာတဲ့ ရေပြင်မှာ (ကမ်းခြေစောင့်တပ်ရဲ့) ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် တောင်ဘက်ပိုင်းနဲ့ ထိုင်ဝမ်အရှေ့ဘက်ရှိ ဝေးကွာတဲ့ရေပြင်မှာ ကင်းထောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖွယ်ရှိတယ်” ဟု ရှူးစတားက ဆက်လက်ပြောကြားခဲ့သည်။
ဓာတ်ပုံ။
Planet Labs

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက