နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အထူးတပ်ဖွဲ့စစ်ဆင်ရေးဖြင့် အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာစပိုင်ကို လက်ဘနွန်ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီး

နိုဝင်ဘာလ (၃) ရက်။

အစ္စရေးရေတပ် အထူးတပ်ဖွဲ့ “ရှာရက်တေ ၁၃ (Shayetet 13)” ၏ စစ်ဆင်ရေးတွင် လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့၏ အဆင့်မြင့် စပိုင်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း အစ္စရေး စစ်တပ်က နိုဝင်ဘာလ ၃ ရက်တွင် ကြေညာခဲ့သည်။

လက်ဘနွန်မြောက်ပိုင်း ဘာထရွန် (Batroun) ကို အစ္စရေးတပ်ဖွဲ့ဝင်များ ကမ်းခြေမှ တဆင့် လက်ဘနွန်ပိုင်နက်သို့ ဝင်ရောက်ခဲ့ပြီး ထိုအမျိုးသားကို ဖမ်းဆီးကာ အစ္စရေးပိုင်နက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးစစ်တပ်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ စစ်ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

“ရှာရက်တေ ၁၃ သည် အစ္စရေးမြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ Atrit ရေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်သည့် ထိပ်တန်း အထူးတပ်ဖွဲ့တစ်ခုဖြစ်သည်။ အစ္စရေးစစ်တပ်၏ အဆိုအရ ၎င်းတို့သည် ရန်သူနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းနှင့် အရေးကြီးသော အဆောက်အအုံများ ပျက်စီးခြင်းစသည့် မဟာဗျူဟာမြောက် ဖျက်ဆီးရေး လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

လက်ဘနွန်နိုင်ငံပိုင်သတင်းအေဂျင်စီ NNA က နိုဝင်ဘာလ (၁) ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ဘာထရွန်ကမ်းရိုးတန်းတွင် အမည်မသိတပ်မျဖွဲ့ဝင်ား ဆင်းသက်သည့် စစ်ဆင်ရေးတစ်ခုကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖော်ပြခဲ့သည်။ တပ်ဖွဲ့ဝင်များသည် ကမ်းရိုးတန်းအနီးရှိ အိမ်တစ်အိမ်မှ အရပ်သားများကို ပြန်ပေးဆွဲကာ မြန်နှုန်းမြင့် စက်လှေများဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

လက်ဘနွန်အစိုးရက ၎င်း၏လုံခြုံရေးဝန်ဆောင်မှုများသည် ဘာထရွန်ဒေသ၌ နံနက်အရုဏ်တက်ချိန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာက အဆိုပါဒေသတွင် အစ္စရေး၏ ရန်လိုသည့် ကျူးကျော်ဝင်ရောက်ခဲ့သည့် လုပ်ရပ်များကို ရည်ညွှန်းပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အစ္စရေး စစ်ဘက်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အစ္စရေးမြောက်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ရှာရက်တေ ၁၃ ဟု ယူဆရသည့် အစ္စရေးရေတပ် အထူးတပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်းတစ်ခုကို ဟစ်ဇ်ဘိုလာက တိုက်ခိုက်ခဲ့ကြောင်း လွန်ခဲ့သော တစ်လခန့်က ကြေညာခဲ့သည်။ ထိုအချိန်တွင် အစ္စရေးစစ်တပ်က “ထိခိုက်ဒဏ်ရာရရှိမှုမရှိ” ဟုသာ ပြောကြားခဲ့သည်။

ဓာတ်ပုံ။

ပင်လယ်ပြင် ကင်းလှည့်နေသည့် လက်ဘနွန်စစ်တပ်/Mohamed Abd El Ghany/Reuters

အစ္စရေးက ဖမ်းဆီးသွားသည့် ဟစ်ဇဘိုလာအရာရှိ Imad Amhaz

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 37 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)