နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းငါးဖမ်းစက်လှေတွေ နိုင်ငံပိုင်နက်ထဲ ဝင်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးတာလို့ စစ်ကောင်စီပြော

ဒီဇင်ဘာလ (၃)ရက်။

ထိုင်းငါးဖမ်းစက်လှေဟာ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ ဝင်ရောက်ပြီး ငါးဖမ်းနေကြတာကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ထိုင်းငါးဖမ်းစက်လှေတွေဘက်က ထိခိုက်သေဆုံးတာ မရှိခဲ့ဘဲ ငါးဖမ်းစက်လှေတွေထဲက တစ်စီးကို ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်းမြောက်ဘက်အနီး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီငါးဖမ်းစက်လှေကနေ မြန်မာအမျိုးသား (၂၇)ဦးနဲ့ ထိုင်းနိုင်ငံသား အမျိုးသား (၄)ဦးကို ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံတာဝန်ရှိသူတွေကို အကြောင်းကြားထားကာ ဖမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

ထိုင်းငါးဖမ်းစက်လှေတွေကို နိုဝင်ဘာလ (၃၀)ရက် နံနက် (၂)နာရီခွဲအချိန် ကော့သောင်းမြို့ရှိ နိုင်ငံရေပိုင်နက်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီရေတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ထိုင်းငါးဖမ်းစက်တွေ ပစ်ခတ်ခံရတာကြောင့် ရေလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဘက်က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုထားကာ ငါးဖမ်းစက်လှေကနေ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့လဲ ပြောဆိုထားပါသေးတယ်။

အခုလို စစ်ကောင်စီက ဖမ်းမိတဲ့ ထိုင်းငါးဖမ်းစက်လှေကနေ လက်နက်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ‌တွေ့ရှိရတယ်လို့ ပြောဆိုတာမှာ ဘယ်လိုပစ္စည်းလဲဆိုတာကိုတော့ တိတိကျကျ ပြောဆိုထားတာမရှိပါဘူး။

နောက်ပြီး အခုဖြစ်စဉ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလဲ ကန့်ကွက်ကြောင်း ပြောဆိုထားပြီး ဖြစ်စဉ်အသေးစိတ်ကို ရှင်းပြဖို့နဲ့ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ စာပို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို