နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခွင့်အလမ်းကို အဆုံးသတ်သွား

ဒီဇင်ဘာလ (၃) ရက်။

တနင်္ဂနွေနေ့က ကျင်းပသည့် ဥဒုံဌာနီ (Udon Thani) ရွေးကောက်ပွဲတွင် အာဏာရပါတီနှင့် အတိုက်အခံခေါင်းဆောင်တို့အကြား အကွဲအပြဲများ ကျယ်ပြန့်လာစေခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခွင့်အလမ်းကို အဆုံးသတ်စေခဲ့သည်။

ဥဒုံဌာနီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲနေရာအတွက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် နိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး အင်အားစုနှစ်ရပ်ကြား ပြင်းထန်သည့် တိုက်ပွဲများ အပြီးတွင် အာဏာရ ဖြူထိုင်းပါတီက အတိုက်အခံ လူထုပါတီကို အနိုင်ရရှိသွားခဲ့ပါသည်။

နှစ်ဖက်စလုံးက မဲဆွယ်စည်းရုံးရေး လူထုစုဝေးပွဲများတွင် သူတို့၏ အင်အားကြီးခေါင်းဆောင်များကို ရှေ့ထုတ်မဲဆွယ်ဟောပြောခဲ့ကြပြီး ဖြူးထိုင်းအတွက် သက်ဆင်ရှင်နာဝပ်ထရာနှင့် ပြည်သူ့ပါတီအတွက် ပီတာလင်ဂျာရွန်ရတ်တို့ ဦးဆောင်ကာ အကြိတ်အနယ် မဲဆွယ်ခဲ့ကြသည်။

ရွေးကောက်ပွဲတွင် ဖြူထိုင်းက Sarawut Petchpanomphon သည် ၃၂၇,၄၈၇ မဲ ရရှိခဲ့ပြီး လူထုပါတီ (ယခင် Move Forward ပါတီ) မှ ကိုယ်စားလှယ်လောင်း Kanison Khurirang က မဲ ၂၆၈,၆၇၅ ရရှိခဲ့ပြီး ဖြူထိုင်းမှ မဲ ၆၀,၀၀၀ နီးပါး အသာဖြင့် အနိုင်ရရှိခဲ့သည်။

သက်ဆင်၏ ရှပ်နီထောက်ခံသူများ၏ အရှေ့မြောက်ဗဟိုဒေသတွင် “ကြားခံစစ်ပွဲ” ဟု အမည်ပေးထားသည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲသည် အနာဂတ်တိုက်ပွဲများအတွက် ပြင်ဆင်နေသောကြောင့် ဖြူထိုင်းကို စိတ်ဓာတ်မြှင့်တင်စေမှုအဖြစ် ရှုမြင်ပါသည်။ သို့သော်လည်း လူထုပါတီက သိန်းနှင့်ချီသော ကွာခြားမှုမဟုတ်ဘဲ ရာဂဏန်းထောင်ဂဏန်းလောက်သာ မဲကွာခြားမှု ရှိခြင်းကြောင့် မဲမနိုင်လင့်ကစား ၎င်းတို့ပါတီ၏ ပြည်သူတို့ကြား ဆက်လက်ရေပန်းစားနေမှုသည် အပြောင်းအလဲကို လိုလားကြောင်း အချက်ပြခဲ့သည်ဟု လူထုပါတီက အခိုင်အမာ ပြောဆိုခဲ့သည်။

ရှေ့သို့ပါတီ (Move Forward) ၏ ခေါင်းဆောင်ဟောင်း ပီတာ (Pita ) သည် ရှေ့သို့ပါတီ၏ ယခင်အရှုံးများထက် မဲကွာဟချက် နည်းပါးသောကြောင့် ထောက်ခံသူများအား ရှုံးနိမ့်ခဲ့သော်လည်း တိုးတက်လာမှုရှိကြောင်း လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် ဥဒုံဌာနီ အထွေထွေရွေးကောက်ပွဲတွင် ဖြူထိုင်းသည် အမတ်နေရာ ၇ နေရာ၊ ထိုင်းဆန်ထိုင်း(Thai Sang Thai) က ၂ နေရာ ရရှိခဲ့ပြီး Move Forward က အမတ်နေရာ ၁ နေရာသာ ရရှိခဲ့သည်။ ပါတီစာရင်းမဲတွင် ဖြူထိုင်းသည် ၃၅၃,၁၄၇ မဲရရှိခဲ့ပြီး Move Forward က ၂၉၅,၀၉၇ မဲဖြင့် ကွာဟချက် ငါးသောင်းရှစ်ထောင်ကျော်(၅၈,၀၅၀) ဖြင့် နောက်က လိုက်ခဲ့သည်။

ဥဒုံဌာနီ PAO ရွေးကောက်ပွဲအကြီးအကဲက ရွေးကောက်ပွဲတွင် မဲတသိန်းအောက် (၁၀၀,၀၀၀) အောက်သာကွာခြားမှု ရှိသော မဲအရေအတွက်သည် ပြည်သူ့ပါတီ တိုးတက်လာနေပြီ ဖြစ်ကြောင်း ပြောကြားမှုကြောင့် ပီတာက သူတို့ပါတီကို ထောက်ခံမှု တိုးတက်လာကြောင်း အခိုင်အမာ ပြောကြားနိုင်ခဲ့သည်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲများသည် ကိုယ်စားလှယ်လောင်းများ၏ ဘဝနေထိုင်မှုကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် စွမ်းရည်အပေါ် စံပြအားဖြင့် အာရုံစိုက်သင့်သော်လည်း ဥဒုံဌာနီတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က မဲဆွယ်စည်းရုံးမှုတွင် အရေးယူနိုင်သော မျှော်မှန်းချက်များကို ဆွေးနွေးမှု အနည်းငယ်သာ ရှိခဲ့သည်။ ယင်းအစား ၎င်းသည် ဆိုင်းဘုတ်အနီ တပ်ထားသောဖြူထိုင်းနှင့် လိမ္မော်ရောင် လူထုပါတီတို့ကြား တိုက်ပွဲဖြစ်လာပြီး ယမန်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ၎င်းတို့၏ အကွဲအပြဲများကြား ခါးသီးသောရန်သူများ ဖြစ်လာခဲ့သည်။

ဆရာဝပ် (Sarawut) အောင်ပွဲခံပြီးနောက်တွင်ပင် တင်းမာမှုများ ဆက်လက်ရှိနေခဲ့သည်။ ဆရာဝပ် ၏ဇနီးသည် မီးခိုးရောင်စီးပွားရေးလုပ်ငန်းနှင့် ဆက်နွှယ်မှုရှိသည်ဆိုသော မဲဆွယ်စည်းရုံးမှုအတွင်း‌ပြောဆိုခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် Move Forward အထွေထွေအတွင်းရေးမှူးဟောင်း Chaitawat Tulaton ကို တရားစွဲရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။ “ဒါဟာ ပုဂ္ဂိုလ်ရေးကိစ္စ ဒါမှမဟုတ် နာမည်ဂုဏ်သတင်းကို ကာကွယ်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အားထုတ်မှုပဲဖြစ်ဖြစ်၊ အထူးသဖြင့် သက်ဆင်ရဲ့ ဥဒုံဌာနီ မှာ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ပါတီတွေကြား သဘောထားကွဲလွဲမှုတွေ တိုးလာနေတာကို မီးမောင်း ထိုးပြနေပါတယ်။”

လူထုပါတီ၏ အထွေထွေအတွင်းရေးမှူး ဆာရာယွတ် ဂျေလက်ခ် (Sarayut Jailak) နှင့် ဖြူထိုင်းခေါင်းဆောင် နတ်တာဝပ် ဆာအီကူအာ (Nattawut Saikua) တို့က ၎င်းတို့၏ ပါတီများသည် လက်ရှိ သက်တမ်းတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခွင့်အလမ်းမရှိဟု ပွင့်ပွင့်လင်းလင်း ဝန်ခံထားသည်။

ကြီးထွားလာနေသော အကွဲအပြဲသည် လာမည့်ရွေးကောက်ပွဲများတွင် ပါတီနှစ်ရပ်ကြား အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်မှုများနှင့်အတူ လာမည့်ရွေးကောက်ပွဲများအထိ တိုးလာမည်ဖြစ်သည်။

ဒီဇင်ဘာလတွင် လွှတ်တော်ပြန်လည်ကျင်းပသည့်အခါတွင် အတိုက်အခံများက ဝန်ကြီးအဖွဲ့အား အယုံအကြည်မရှိအဆိုကို တင်သွင်းမည်ဟု မျှော်လင့်ရသည်။ အဆိုပါအခြေအတင်ဆွေးနွေးပွဲသည် ညွန့်ပေါင်းမိတ်ဖက်များကြား မဖြေရှင်းနိုင်သော ပြဿနာများကို အာရုံစိုက်ဖွယ်ရှိပြီး အဓိကပစ်မှတ်မှာ ၎င်း၏မဲဆွယ်စည်းရုံးရေးကတိကဝတ်များကို ကောင်းစွာမလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံထားရသော ၀န်ကြီးချုပ် ပန်တုံတန် ရှင်နာဝါ့ထရာ (Paetongtarn Shinawatra) ဖြစ်သည်။

သတင်းရင်းမြစ်။ The Nation

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက