နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်အစိုးရမတက်ခင် အမေရိကန်က ဒေါ်လာ ၇၂၅ သန်းတန် လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့မည်ဖြစ်သည်။

ဒီဇင်ဘာလ (၃) ရက်။

အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များ၊ လူသုံးမိုင်းများနှင့် အခြားလက်နက်များကို စုစုပေါင်း ဒေါ်လာ ၇၂၅ သန်း ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ဇန်နဝါရီလတွင် သမ္မတဂျိုးဘိုင်ဒင် ရာထူးမှ မထွက်ခင် ရုရှားကျူးကျော်သူများနှင့် စစ်ပွဲတွင် ယူကရိန်းနိုင်ငံအနေနှင့် ခုခံမှု ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေချိန်တွင် ပေးပို့သွားမည်ဟု သိရသည်။

အဆိုပါ အကူအညီတွင် Stinger ဒုံးကျည်များ၊ အဆင့်မြင့် ရွေ့လျားပစ်ခတ်နိုင်သော ‌ရော့ကက်ဒုံးစနစ်များ (High Mobility Artillery Rocket Systems (HIMARS))၊ ဒရုန်းများ၊ မြေမြှုပ်မိုင်းများနှင့်အခြား ခဲယမ်းများ ပါဝင်မည်ဖြစ်ကြောင်း ဘလင်ကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှား၏ တိုက်ခိုက်ရေးတပ်များကို တားဆီးရန်အတွက် ဘိုင်ဒန်အစိုးရသည် တင့်ကားဖျက်လက်နက် အများစုကို ထောက်ပံ့ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

မော်စကိုတပ်များသည် စက်မှုဇုံရှိသည့် ဒွန်ဘတ်စ်ဒေသကို သိမ်းယူရန် တွန်းအား တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းအရှေ့ဘက်တွင် ရွာတစ်ရွာပြီးနောက် ရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများသည် ဆောင်းရာသီ ဝင်ရောက်လာသည်နှင့်အမျှ ယူကရိန်းစွမ်းအင်လျှပ်စစ်အားလိုင်းများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

“ရုရှားရဲ့ရန်လိုမှုကို ခုခံကာကွယ်ဖို့ ယူကရိန်းမှာ လိုအပ်နေတဲ့ စွမ်းရည်တွေရှိစေဖို့ အမေရိကန်နဲ့ နိုင်ငံပေါင်း ၅၀ ကျော်က စည်းလုံးညီညွတ်စွာ ရပ်တည်ပေးနေပါတယ်” ဟု ဘလင်ကန် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်သည် အမေရိကန်အား အရေးပေါ်အခြေအနေတွင် မဟာမိတ်များကို ကူညီရန် လက်ရှိ လက်နက်စတော့များမှ ထုတ်ယူခွင့်ပြုသည့် ဘိုင်ဒင်၏ မကြာသေးမီက သမတ၏ အရေးပေါ်နိုင်ငံရပ်ခြားသို့ စစ်လက်နက်ပစ္စည်းများ နာရီမဆိုင်း ပေးပို့နိုင်သည့်အာဏာ (Presidential Drawdown Authority (PDA)) ကို အသုံးပြုပြီး မဟာမိတ်နိုင်ငံကို ကူညီထောက်ပံ့ပေးပို့လိုက် ခြင်းဖြစ်သည်။

မကြာသေးမီက PDA ကြေညာချက်များသည် ပုံမှန်အားဖြင့် ဒေါ်လာ ၁၂၅သန်းမှ ၂၅၀ သန်း အထိရှိသည်။ ဘိုင်ဒင်သည် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရီပတ်ဘလီကန် သမ္မတ ဒေါ်နယ်ထရန့် ရာထူးမတက်မီ ယူကရိန်းအတွက် အသုံးပြုရန် မျှော်လင့်ထားကြောင်း ကွန်ဂရက်မှ ခွင့်ပြုချက်ပေးထားသည့် PDA တွင် ခန့်မှန်းခြေ ဒေါ်လာ ၄ ဘီလီယံမှ ဒေါ်လာ ၅ ဘီလီယံအထိ ရှိသည်။

ကိယက်ဗ်အတွက် ဘိုင်ဒန်၏ ထောက်ခံမှုအတိုင်းအတာကို ဝေဖန်ကာ စစ်ပွဲကို အရှိန်အဟုန်ဖြင့် လျော့ချရန် အဓိက မဲဆွယ်ကတိပြုပြီးနောက် ထရမ့်သည် ယူကရိန်းအပေါ် အမေရိကန်၏ မဟာဗျူဟာကို ပြောင်းလဲပစ်ရန် ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသည်။ ပြီးခဲ့သောအပတ်က ပဋိပက္ခအတွက် အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ရန် စစ်ပွဲအဆုံးသတ်မည့် အစီအစဉ်ကို တင်ပြခဲ့သည့် အငြိမ်းစားဗိုလ်ချုပ် ကိ့သ်ကယ်လော့ဂ် (Keith Kellogg) ကို ရွေးချယ်ခဲ့သည်။

ကယ်လော့ဂ်၏ စစ်ကို အဆုံးသတ်ရေးအစီအစဥ်ကို ရုရှားက ယူကရိန်း၏ ပိုင်ဆိုင်မှုနယ်မြေကို စတင်ကျူးကျော်စဥ် ပါဝင်သော ‌ရှေ့တန်းလိုင်းကြောင်းများ အပါအဝင် ၎င်းတို့၏ လက်ရှိ နေရာများ အတိုင်းရပ်ထားရန်ဖြစ်ပြီး ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးကို စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ တွန်းပို့ရန် ပါဝင်သည်။

လက်နက်ခဲယမ်းအစုအပေါင်းများတွင် အမေရိကန်ပြည်ထောင်စုမှ မြေမြှုပ်မိုင်းများ တင်ပို့မှုပါဝင်နေပြီး ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်သောအငြင်းပွားမှုရှိသည့် လက်နက်ခဲယမ်းများကို ပို့ပေးမှု ဖြစ်သည်။

နိုင်ငံပေါင်း ၁၆၀ကျော်သည် ၎င်းတို့၏အသုံးပြုမှုကို တားမြစ်သည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း ကိ့ဗ်သည် ရုရှားနိုင်ငံမှ ၂၀၂၂ ခုနှစ်အစောပိုင်းတွင် အလုံးစုံကျူးကျော်ဝင်ရောက်လာကတည်းက ၎င်းတို့ကို တောင်းဆိုခဲ့ပြီး ရုရှားတပ်ဖွဲ့များက မြေမြုပ်မိုင်းများအား ရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုခဲ့သည်။

ယူကရိန်းနိုင်ငံသို့ ပို့ဆောင်မည့် မြေမြှုပ်မိုင်းများသည် အန္တရာယ်အဖြစ်အမြဲကျန်ရှိနေမည်မဟုတ်ဘဲ အချိန်တိုအတွင်း တာရှည်မခံသည့် ဓာတ်အားစနစ်ဖြင့် တည်ဆောက်ထားပြီး ထိုအရာကရေရှည်တွင် အန္တရာယ် မဖြစ်စေနိုင်ပါ။ ဆိုလိုသည်မှာ ယခင်မြေမြှုပ်မိုင်းအဟောင်းများနှင့် မတူဘဲ၊ ၎င်းတို့သည် အရပ်သားများကို ရက်အကန့်အသတ်မရှိ ခြိမ်းခြောက်မည် မဟုတ်ဟု ဆိုလိုပါသည်။

တနင်္လာနေ့တွင်လည်း အမေရိကန်နှင့် ယူကရိန်း ကာကွယ်ရေးဦးစီးချုပ်တို့သည် ရုရှား၏ ပဲ့ထိန်းဒုံးကျည်သစ်များ အသုံးပြုမှု၊ လက်နက်အလှူရှင်များ အစည်းအဝေးအတွက် ပြင်ဆင်မှုများနှင့် လာမည့်နှစ် ဝါရှင်တန်၏ စစ်ရေးအကူအညီအတွက် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ရုရှား၏မကြာသေးမီက ဒုံးကျဥ်အများအပြား၊ မောင်းသူမဲ့ ပစ်မှတ်ရွေးချယ်ပြီးတိုက်ခိုက်သည့်ဒုံးပျံများဖြင့် ယူကရိန်း၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို အလယ်အလတ်ပစ်ထိပ်ဖူးများစွာ ပါဝင်သော (IRBM) ဒုံးများနှင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကို ရှုတ်ချခဲ့ကြောင်း ပင်တဂွန်၏‌ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်ချုပ် ပက်ရိုက်ဒါ (Pat Ryder) က ထုတ်ပြန် ပြောကြား ခဲ့သည်။

နိုဝင်ဘာလနှောင်းပိုင်းတွင် အမေရိကန်နှင့် ယူကေတို့က ယူကရိန်းကို ရုရှားပိုင်နက်အတွင်း သို့ခေတ်မီအနောက်တိုင်းလက်နက်များဖြင့် တိုက်ခိုက်ရန်ခွင့်ပြုခဲ့ပြီးနောက် ရုရှားက ယူကရိန်းနိုင်ငံ ဒနီပရို (Dnipro) မြို့သို့ အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) ဖြင့် ပစ်ခတ်ခဲ့ပြီး တုံ့ပြန်ခဲ့သည်။ ထိုအဖြစ်က ၃၃ လကြာစစ်ပွဲကို ပိုမို ကြီးထွားပြင်းထန်လာစေသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတမ် အူမဲရော့ဗ် (Rustem Umerov) က အဆိုပါ စိမ်ခေါ်ဆိုမှုသည် “ ၂၀၂၅ ခုနှစ်အတွက် မဟာဗျူဟာစီမံကိန်း၊ အထူးသဖြင့် လက်နက်များ၊ ကိရိယာများ ထောက်ပံ့ခြင်းနဲ့ ကျွန်တော်တို့ရဲ့ယူနစ်တွေကို ပစ္စည်းအပြည့်အစုံ တပ်ဆင်ခြင်းဆိုင်ရာ” တို့ကိုလည်း အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

အူမဲရော့ဗ်သည် လာမည့် နေတိုးအဖွဲ့နှင့် မဟာမိတ်ဖြစ်သော ရမ်စတိန်းအုပ်စု (Ramstein Group) နှင့် ဆွေး‌နွေးရန်အတွက် အော်စတင်နှင့် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့သည်။ ထိုအဖွဲ့သည် ဥရောပသမဂ္ဂနှင့် ကိယက်ဗ်ကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် မဟာမိတ်အဖွဲ့ဖြစ်သည်။

အစည်းအဝေးကို မည်သည့်အချိန်တွင် ကျင်းပမယ်ဆိုသည်ကိုမူ အူမဲရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။ ဥရောပ Pravda အွန်လိုင်းသတင်းစာ အပါအဝင် ယူကရိန်းမီဒီယာများက အစည်းအဝေးကို ဒီဇင်ဘာလတွင် ကျင်းပနိုင်သည်ဟု ဖော်ပြခဲ့သည်။

ထရန့်သမတ ရာထူးမယူခင်မှာ ကိ့ဗ်၏မဟာမိတ်များ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 26 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 139 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ