နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်

မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး နောက် ယခုနှစ်ကုန်တွင် “တိုက်ပွဲဝင်တာဝန်” (combat duty)ကို ထမ်းဆောင်ရန် အသင့်ဖြစ် လိမ့်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒုံးကျည် ကာကွယ်ရေးထောက်ခံအားပေးမှုမဟာမိတ်အဖွဲ့ (Missile Defense Advocacy Alliance) ၏ အဆိုအရ ဆာမတ် (Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) သည် ကီလိုမီတာ ၁၀,၀၀0 (မိုင် ၆,၂၀၀) ကျော်အထိ ပစ်ခတ်နိုင်မည့် အကွာအဝေးရှိမည်ဟု မျှော်မှန်းထားပြီး၊ လွတ်လပ်စွာ ပစ်မှတ်ရှာဖွေနိုင်သော နျူကလီးယားထိပ်ဖူး ၁၆ စင်းအထိ သယ်ဆောင် နိုင်ကြောင်း သိရသည်။ ပူတင်ကမူ ၎င်း၏ပစ်ခတ်နိုင်မှုအကွာအဝေးသည် ကီလိုမီတာ ၃၅,၀၀0 (မိုင် ၂၁,၇၅၀) ကျော်အထိ ရှိသည်ဟု ဆိုသည်။

“ဒီဒုံးကျည်ရဲ့ သယ်ဆောင်နိုင်တဲ့ ပေါက်ကွဲအားပမာဏ စုစုပေါင်းဟာ အနောက်အုပ်စုရဲ့ လက်ရှိရှိနေတဲ့ ဘယ်ဒုံးကျည်ထက်မဆို လေးဆထက်မက ပိုပြီးပြင်းထန်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

နှိုင်းယှဉ်ချက်အရ အမေရိကန်ပြည်ထောင်စု၏ LGM-30 Minuteman တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) သည် ပစ်ခတ်နိုင်မှုအကွာအဝေး ကီလိုမီတာ ၁၁,၀၀0 (မိုင် ၆,၈၃၅) ခန့်ရှိပြီး ထိပ်ဖူးသုံးစင်းအထိ သယ်ဆောင်နိုင်ရန် ဒီဇိုင်းထွင်ထားသော်လည်း လက်ရှိတွင် ထိပ်ဖူးတစ်စင်းတည်းဖြင့်သာ တပ်ဆင်ထားသည်။

ရုရှား၏ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့ ကွပ်ကဲရေးမှူး ဆာဂေး ကာရာကာယက်ဗ် (Sergei Karakayev) က ၎င်းက “အောင်မြင်သော” စမ်းသပ်ပစ်ခတ်မှုဟု ဖော်ပြထားသည့် အခြေအနေကို ပူတင်ထံ အစီရင်ခံတင်ပြနေသည့် ရုပ်သံဖိုင်ကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား က ထုတ်လွှင့်ပြသခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့က ကရင်မလင်နန်းတော်တွင် ရုရှားမဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ဆာဂေး ကာရာကာယက်ဗ်နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် အစည်းအဝေးတစ်ခုသို့ တက်ရောက်စဉ်။

ဓာတ်ပုံ- Mikhail Metzel/Sputnik/Reuters

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အဆိုအရ မြေအောက်ဒုံးကျည်တွင်း (Silo) မှ ပစ်ခတ်ရသော ဆာမတ် (Sarmat) ဒုံးကျည်သည် ၁၉၇၀ ပြည့်လွန်နှစ်များ ဆိုဗီယက်အုပ်ချုပ်မှုအောက်တွင် ပထမဆုံး စတင်တပ်ဖြန့်ခဲ့ပြီး နေတိုးက “စာတန်” (Satan) ဟု ကုဒ်နံပါတ်ပေးထားသည့် ရုရှား၏ SS-18 တိုက်ချင်းပစ်ဒုံးကျည်နေရာတွင် ကာလရှည်ကြာ အစားထိုးရန် စောင့်ဆိုင်းခဲ့ရသော ဒုံးကျည်ဖြစ်ကြောင်း သိရသည်။

မဟာမိတ်အဖွဲ့က စာတန် ၂ ဟု ခေါ်ဆိုသော RS-28 Sarmat ဒုံးကျည်ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်မှုပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်တပ်ဖြန့်မည့် မူလအစီအစဉ် နှောင့်နှေးခဲ့ရကြောင်း CSIS က ဆိုသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက စမ်းသပ်မှုတစ်ခု ကျရှုံးခဲ့ပြီးနောက် ရုရှား အနောက်မြောက်ပိုင်း အာခန်ဂဲလ် (Arkhangelsk) ဒေသရှိ ပလက်ဆက်စ် (Plesetsk) အာကာသစခန်း ပစ်လွှတ်ကွင်းနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိခဲ့ရသည်။

အာဏာပိုင်များက နိုင်ငံခြားအေးဂျင့်အဖြစ် သတ်မှတ်ထားသည့် ရုရှား Telegram ချန်နယ်တစ်ခုဖြစ်သော Astra ကမူ ပူတင်အနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ယခုနျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည်ကြီး အသင့်ဖြစ်တော့မည်ဟု အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း ပြောကြားခဲ့ဖူးကြောင်း ထောက်ပြကာ သံသယဖြစ်ဖွယ် မှတ်ချက်ပြုခဲ့သည်။

သတင်းများအရ ဆာမတ်ဒုံးကျည်သည် အရည်လောင်စာသုံး (liquid-fueled) ဒုံးကျည်အမျိုးအစားဖြစ်သဖြင့် မပစ်လွှတ်မီ အချိန်အနည်းငယ်အလိုတွင်မှ လောင်စာဖြည့်ရမည်ဖြစ်ရာ ယင်းသည် အခဲလောင်စာသုံး (solid-fueled) ဒုံးကျည်များနှင့် နှိုင်းယှဉ်လျှင် အားနည်းချက်တစ်ခု ဖြစ်သည်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေး အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ (ICAN) ၏ အဆိုအရ ရုရှားသည် ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး ထိပ်ဖူးပေါင်း ၅,၅၀၀ ကျော် ရှိကြောင်း သိရသည်။ အမေရိကန်တွင်မူ ထိပ်ဖူးပေါင်း ၅,၀၀၀ ကျော်သာ ရှိကြောင်း ၎င်းအဖွဲ့က ဆိုသည်။

မေလ ၉ ရက်နေ့က ကျင်းပခဲ့ပြီး လူစည်ကားမှုမရှိဘဲ ငြိမ်သက်နေခဲ့သည့် အောင်ပွဲနေ့စစ်ရေးပြအခမ်းအနား (Victory Day Parade) အပြီး မကြာမီတွင် ယခုကဲ့သို့ ဆာမတ်ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်၍ ယင်းအချိန်ကိုက်မှုမှာ သတိပြုဖွယ်ရာ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အနိုင်တိုက်ခိုက်ရာတွင် ဆိုဗီယက်ယူနီယံ၏ အခန်းကဏ္ဍကို ဂုဏ်ပြုသော ယင်းစစ်ရေးပြအခမ်းအနားသည် ပူတင်က ၎င်းကို နှစ်ပတ်လည်အခမ်းအနားအဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀child၀၈ ခုနှစ်နောက်ပိုင်းတွင် အကျဉ်းချုံးဆုံး ဖြစ်ခဲ့သည်။ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မည်သည့်စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများကိုမျှ ပြသခဲ့ခြင်းမရှိပေ။ ရုရှားပိုင်နက်အတွင်းပိုင်း အထူးသဖြင့် ရေနံချက်စက်ရုံများကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ရုရှားအာဏာပိုင်များက အခမ်းအနားကို လျှော့ချကျင်းပခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပူတင်က သတင်းထောက်များကို ပြောကြားရာတွင် စစ်ရေးပြအခမ်းအနား၌ လက်နက်ကိရိယာများ ထုတ်ဖော်ပြသခြင်းမရှိဘဲ ကျင်းပခဲ့ခြင်းမှာ ရုရှားက ယူကရိန်းရှိ ၎င်း၏ “အထူးစစ်ဆင်ရေး” ဟု ခေါ်ဆိုသော စစ်ပွဲအတွင်း ရုရှားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် “ရန်သူကို အပြတ်အသတ် အနိုင်တိုက်ခိုက်ရေးအပေါ်တွင်သာ အာရုံစိုက်သင့်သောကြောင့်” ဖြစ်သည်ဟု ဆိုသည်။

ရိုးရာအစဉ်အလာအရ စစ်အင်အားပြသမှုများကို ချန်လှပ်ထားခဲ့ပြီး မော်စကိုမြို့ ရင်ပြင်နီ (Red Square) ရှိဧရာမ စခရင်ကြီးများပေါ်တွင်မူ ရှေ့တန်းစစ်မျက်နှာပြင်မှ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများက ဆိုကြသော ကြိုတင်ရိုက်ကူးထုတ်လုပ်ထားသည့် ဗီဒီယိုဖိုင်များကို ဆက်တိုက်ထုတ်လွှင့်ပြသခဲ့သည်။

ထို့အပြင် ပူတင်သည် ၎င်း၏ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်သူ အသက် ၈၀ ကျော်အရွယ် ဗီရာ ဂူရေဗစ်ချ်ကို ဟိုတယ်ဧည့်ခန်းဆောင်တစ်ခုမှ ပန်းစည်းတစ်ခု၊ နွေးထွေးသော ဖက်လှဲတကင်းနှုတ်ဆက်မှုများနှင့်အတူ ကိုယ်တိုင်ကားမောင်း၍ သွားရောက်ကြိုဆိုကာ ကရင်မလင်နန်းတော်တွင် ညစာစားပွဲဖြင့် ဧည့်ခံခဲ့သည့် ရုပ်သံဖိုင်ကိုလည်း ကရင်မလင်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ပူတင်သည် ဂူရေဗစ်ချ်ကို မော်စကိုမြို့ရှိ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်နှင့် မြို့တော်တွင် ရက်အနည်းငယ်ခန့် နေထိုင်ရန် ဖိတ်ကြားခဲ့ကြောင်း ကရင်မလင်က ဆိုသည်။

ကရင်မလင်သည် CNN နှင့် အခြားမီဒီယာများက ရရှိခဲ့သော ဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခု၏ အစီရင်ခံစာကိုမူ ပယ်ချခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကရင်မလင်သည် ပူတင်၏ ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ရံတော်အင်အားကို သိသိသာသာ တိုးမြှင့်ထားပြီး ၎င်းပုံမှန်သွားရောက်လေ့ရှိသည့် နေရာအရေအတွက်ကိုလည်း လျှော့ချထားကြောင်း ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်မှ ရယူထားသော ငြိမ်သက်ဓာတ်ပုံတစ်ပုံတွင် ရုရှား၏ ဆာမတ် (Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အား မဖော်ပြထားသော နေရာတစ်ခု၌ စမ်းသပ်ပစ်ခတ်နေသည်ဟု ဆိုသောအခြေအနေကို မြင်တွေ့ရစဉ်။

ဓာတ်ပုံ- ရုရှားကာကွယ်ရေးဝန်ကြီးဌာန/Reuters

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့က ကရင်မလင်နန်းတော်တွင် ရုရှားမဟာဗျူဟာ မြောက်ဒုံးကျည်တပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ဆာဂေး ကာရာကာယက်ဗ်နှင့် ဗီဒီယို လင့်ခ် မှ တစ်ဆင့် အစည်းအဝေးတစ်ခုသို့ တက်ရောက်စဉ်။

ဓာတ်ပုံ- Mikhail Metzel/Sputnik/Reuters

တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်မှ ရယူထားသော ငြိမ်သက်ဓာတ်ပုံတစ်ပုံတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မော်စကိုမြို့ရှိ ဟိုတယ်တစ်ခု၌ ၎င်း၏ ကျောင်းဆရာမဟောင်း ဗီရာ ဂူရေဗစ်ချ် (Vera Gurevich) နှင့် တွေ့ဆုံစဉ်။

ဓာတ်ပုံ- ကရင်မလင်/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို