နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဥပဒေကို နိုင်ငံရေးတိုက်ပွဲအနေနဲ့ ဆန့်ကျင်ကြဖို့ ဗကသများအဖွဲ့ချုပ်က ပြည်သူ့ညီလာခံမှာ တင်ပြခဲ့

ဧပြီလ (၄)ရက်။

မတရားစစ်မှုထမ်းဥပဒေကို နိုင်ငံရေးတိုက်ပွဲအနေနဲ့ စုပေါင်းဆန့်ကျင်ကြဖို့ ဗကသများအဖွဲ့ချုပ်က ဒီကနေ့မှာစတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

“မတရားစစ်မှုထမ်းဥပဒေကို အသက်နဲ့လဲပြီး ဆန့်ကျင်သွားခဲ့တဲ့လူတွေ အရေအတွက် မနည်းတော့ပါဘူး။ စစ်မှုထမ်းဖို့အခေါ်ခံရလို့ သတ်သေသွားတဲ့လူငယ်တွေ၊ ကိုယ့်မြေးလေးကို စစ်မှုထမ်းဖို့လာခေါ်လို့ သတ်သေသွားတဲ့ အဘွားအိုတွေရဲ့သတင်းက နားနဲ့မဆန့်အောင် ကြားနေကြရပါတယ်”လို့ ဆိုပါတယ်။

ပြည်သူတစ်ရပ်လုံးအနေနဲ့ တတ်နိုင်တဲ့ ပုံသဏ္ဍာန်တွေနဲ့ စစ်မှုထမ်းဥပဒေကို အစွမ်းကုန် ဆန့်ကျင်နေကြကာ တစ်ဦးချင်းဆန့်ကျင်မှုတွေကို နိုင်ငံရေးတိုက်ပွဲအဆင့် ရောက်လာအောင် တော်လှန်ရေးအင်အားစုတွေဘက်က ကြိုးပမ်းရမယ့်တာ၀န်ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလောက် လူထုကို ဒုက္ခပေးနေတဲ့ မတရားစစ်မှုထမ်းဥပဒေကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဖို့ အရေးပေါ်လိုအပ်နေပါပြီ”လို့ ဗကသများအဖွဲ့ချုပ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ညီလာခံကို တက်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မတရားစစ်မှုထမ်းဥပဒေ တိုက်ဖျက်ရေးကို ထိရောက်တဲ့ နိုင်ငံရေးတိုက်ပွဲအနေနဲ့ အင်တိုက်အားတိုက် စုပေါင်းဖော်ဆောင်ကြဖို့လဲ မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။

ဒါ့ပြင် တောင့်တင်းခိုင်မာတဲ့ တပ်ပေါင်းစုရှိမှသာ စစ်အာဏာရှင်တော်လှန်ရေးခရီး အောင်မြင်မှာဖြစ်တဲ့အတွက် တပ်ပေါင်းစုပေါ်ပေါက်ရေးကို မရမနေ ကြိုးပမ်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

အကြပ်အတည်းတွေရဲ့ လက်သည်တရားခံဖြစ်တဲ့ စစ်အုပ်စုအပါအဝင် စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် အမြစ်ပြတ်မှသာ ပြည်သူလူထုကြီးဟာ ငရဲတွင်းက လွတ်မှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က တင်ပြပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို